We will collect News, Info and so forth concerning 'Burmese Govt.Railroad Project' that will be through the historical inportant town of mrauk-U in Arakan Kingdom.

Burmese Govt. Destroying Our Arakanese Historical Heritage of Mrauk-U in Arakan Kingdom

Scrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image Generator
Showing posts with label သတင်း. Show all posts
Showing posts with label သတင်း. Show all posts

Wednesday, February 24, 2016

နှစ်ပေါင်း ၄ဝဝ ကျော်သက်တမ်းရှိ မြောက်ဦးမြို့မှ ပါးတော်ကျောက်စာ ထိန်းသိမ်းမှုကင်းမဲ့နေ

မာန်ယုကျော် (ရွှေဝမြေ)
မြောက်ဦး၊ ဖေဖော်ဝါရီ ၂၁



ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်မှ နှစ်ပါင်း ၄ဝဝ ကျော်သက်တမ်းရှိ ပါးတော်ကျောက်စာ(ခေါ်) ဥတုခင်စိုင်း ကျောက်စာမှာ ယခုအခါ ထိန်းသိမ်း ထားမှု ကင်းမဲ့နေပြီး များမကြာမီ ပျက်စီးမည့် အန္တရာယ်နှင့် ရင်ဆိုင်နေရ သည်။

၎င်းကျောက်စာမှာ မြောက်ဦးမြို့၏ တောင်ဘက် (၁၆)မိုင်ခန့်အကွာ ပါးတော်တောင်တန်းရှိ သဘာဝ ကျောက်တောင်တွင် တည်ရှိနေခြင်းဖြစ်ပြီး ယခုအခါ ယင်းကျောက်စာ အနီးရှိ တောင်တန်းမှ ကျောက်များ ကို ကျောက်ထုတ် လုပ်သူများက တူးဖြိုထုတ်ယူနေမှုကြောင့် ပါးတော်ကျောက်စာ မှာ ပျက်စီးတော့မည့် အန္တရာယ်နှင့် ရင်ဆိုင်နေရခြင်းဖြစ်သည်။

“ဒီရှေးဟောင်းကျောက်စာကို ရှေးဟောင်းသုတေသနဌာနနဲ့ အစိုးရက ခုကတည်းက မထိန်းသိမ်း မကာကွယ်ရင် မကြာခင် လမ်းခင်းတဲ့အထဲ ပါသွားတော့မယ်” ဟု ပါးတော်ကျေးရွာမှ ဒေသခံ တစ်ဦးက ပြောသည်။
အလှူမှတ်တမ်း တစ်ခုဖြစ်သည့် အဆိုပါကျောက်စာမှာ အလျှား ၈ ပေ၊ အနံ ၄ ပေ ၄ လက်မနှင့် အထူ ၂ ပေ ၁ဝ လက်မခန့်ရှိပြီး လက်ရှိတွင် ကျောက်စာ ၏အောက်ပိုင်းမှာ အနည်းငယ် ကွဲအက်နေသည်ကို တွေ့ရသည်။

ကျောက်စာတွင် “သက္ကြစ် ၈၈၆ ခု ဝါခေါင်” ၊ “လဆန်း ၈ ရျက် ၁ နိ ဥတုနတ်”၊ “လေအသျှည် ၁၀ မင်ကောစ”၊ “ပုတိတေခသေ သင်္ခီကိုဝ်ဖျ”၊ “(က်သော)သူကား လုပ်ကြံရာမမြောက်စီသော” ၊ “အဝစိငရဲ လာစိသော ငရဲသစ်ငုပ်ဖြစ်”၊ “စိသော”ဟု ရေးထိုးပါရှိသည်။

အဓိပ္ပာယ်မှာ “သက္ကရာဇ် ၈၈၆-ခု ဝါခေါင်လဆန်း ၈-ရက်၊ တနင်္ဂနွေနေ့၊ ဥတုနတ်ကို လယ်အသျှည်း ၁ဝ၊ မင်းကောစပတိတည်ခဲ့သည်။ သင်္ချီကိုဖျက်သောသူကား လုပ်ရာကြံရာမမြောက်စေသော၊ အဝီစိ ငရဲလားစေသော၊ ငရဲသစ်ငုတ်ဖြစ်စေသော” ဟု ရှေးဟောင်း သုတေ သနဌာန၏ ညွှန်ကြားရေးမှူး (ငြိမ်း) လည်းဖြစ်၊ သမိုင်းသုတေသီ တစ်ဦးဖြစ်သည့် ဦးကျော်ထွန်းအောင် (တက်ထွန်းနီ-မြောက်ဦး)၏ ရခိုင် မဂ္ဂဇင်း အမှတ်(၇)ပါ “ဥတုခင်စိုင်း(ပါးတော်)ကျောက်စာ သမိုင်းနှင့် အဓိပ္ပါယ်” တွင်ဖော်ပြထားသည်။



ကျောက်စာကို ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ရှေးဟောင်း သုတေသန ၏ မြောက်ဦးဌာနခွဲမှ တာဝန်ရှိသူ တချို့ သွားရောက်ကြည့်ရှု ခဲ့ပြီး ကျောက်ထုတ်လုပ် သူများ ကိုလည်း ခေတ္တ ရပ်တန့် ထားရန် ပြောဆို ခဲ့သည်ဟု ကျေးရွာသားများက ပြောသည်။

အဆိုပါကျောက်စာနှင့်ပတ်သက်ပြီး နိရဉ္စရာအနေဖြင့် ရှေးဟောင်း သုတေသန မြောက်ဦးဌာနခွဲ၏ သဘောထားကို ရယူနိုင်ခြင်းမရှိသေးပါ။

အဆိုပါကျောက်စာအနီးတွင် ရခိုင်တို့၏ရှေးကျသည့် တစ်ကြောင်းဆွဲပန်းချီလက်ရာများသည်လည်း ထိန်းသိမ်းမှုကင်းမဲ့နေသည်ကိုတွေ့ရသည်။

(ကျောက်ထုတ်သူများကြောင့် ပျက်စီးမည့်အန္တရာယ်နှင့်ကြုံနေရသည့် ပါးတော်ကျောက်စာအား တွေ့ရစဉ်/ ဓာတ်ပုံများ - နိရဉ္စရာ)

____‎Narinjara_News‬

ဝေဖန်မှုများ မြင့်တက်လာပြီးနောက် မြောက်ဦးမြို့ ကိုးသောင်းပုထိုးတော် ပြုပြင်မှု ရပ်ဆိုင်း

မာန်ယုကျော် (ရွှေဝမြေ)
မြောက်ဦး၊ ဖေဖော်ဝါရီ ၂၂



ရခိုင်ရှေးဟောင်းမြို့တော် မြောက်ဦးမြို့ရှိ ကိုးသောင်းပုထိုးလှိုဏ်ဂူ ပတ်လမ်းအား ကွန်ကရစ်သုံး၍ အမိုးမိုးနေခြင်းမှာ ပုထိုးတော်အား ထိန်းသိမ်း ကာကွယ်ရာမရောက်ဘဲ ဖျက်ဆီး ရာသာ ရောက်သည် ဟု ဝေဖန် ပြောကြားမှုများ မြင့်တက်လာပြီးနောက် ယခုအခါ ယင်းလုပ်ငန်းကို ရပ်တန့်ထားသည်ဟု သိရသည်။
ကိုးသောင်းပုထိုး၏လှိုဏ်ပတ်လမ်းရှိ ဂူနံရံများတွင် သံတိုင်များ၊ သံဖရိန်များ၊ သံဆန်ခါများခင်းပြီး ယင်းအပေါ်မှတဆင့် ကွန်ကရစ်လောင်း၊ ကျောက်ပြား များကပ်ကာ အမိုးမိုးနေခြင်း အပေါ် မြောက်ဦးမြို့ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ ဒုတိယဥက္ကဋ္ဌ ဦးသန်းမြင့် က ယခုလို ဝေဖန် ပြောကြားသည်။

“အဲဒီခေတ်တုန်းက ကျောက်ကို အပြားလိုက်မိုးတဲ့ ဗိသုကာလက်ရာမျိုး မရှိသေးဘူး။ ဆိုတော့ အဲဒီခေတ်ကလက်ရာ ဘယ်လိုရှိခဲ့တယ်ဆိုတာကို ကိုယ်တို့က တိတိကျကျမဖော်ထုတ်နိုင်ရင် အခုလက်ရှိ ပျက်ရင် ပျက်တဲ့အတိုင်းပဲထား။ အခုဖြစ်နေတာက အပေါ်က ၂ဝ ရာစုဗိသုကာ လက်ရာ၊ အောက်ကဟာ ၁၆ ရာစုဗိသုကာလက်ရာ။ နှစ်ပေါင်း ၄ဝဝ ကျော်လောက်ကွာနေတဲ့ ဗိသုကာ လက်ရာနှစ်ခု ကို ရောစပ်ပြီး လုပ်လိုက်တဲ့ အတွက် ကိုးသောင်းရဲ့ ယဉ်ကျေးမှုသမိုင်းတန်ဖိုးကို အများကြီး ထိခိုက်ပျက်စီးသွားစေတယ်” ဟု ပြောဆိုသည်။



ယင်းသို့ဆောင်ရွက်နေခြင်းကို ပြီးခဲ့သည့်နှစ် နှစ်ကုန်ပိုင်းခန့်က စတင်ဆောင် ရွက်နေခဲ့ခြင်းဖြစ်ပြီး မြောက်ဦးရှေးဟောင်း အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့၏တားမြစ်မှုကြောင့် လက်ရှိ အချိန်တွင် ရပ်တန့်နေသည်ဟု သိရသည်။

" အမိုးကို တစ်ခြမ်းတည်းသာမိုးပြီးနောက် ရပ်တန့်နေတယ်။ စီမံကိန်းနဲ့ တကယ်တမ်း ပြုပြင် ထိန်းသိမ်းမယ်ဆိုရင် ပုထိုးတော်ကြီး တစ်ခုလုံး ကို ရှေးခင် အတိုင်း အမိုးမိုးလိုက်ရင် ပြီးတာပဲ။ အခုလို လုပ်တာက ကျွန်မတို့ လက်မခံနိုင်ဘူး"ဟုလည်း မြောက်ဦးမြို့ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းရေးအဖွဲ့၏ ဥက္ကဋ္ဌ ဒေါ်ခင်သန်းက ပြောသည်။

မြန်မာ ယဉ်ကျေးမှု ၀န်ကြီးဌာန အနေဖြင့် ပုဂံရှိ ဘုရားများအား ရှေးမူ မပျက် ပြုပြင် ထိန်းသိမ်းကာကွယ်စောင့်ရှောက်မှုများ ပြုလုပ်နေစဉ် ရခိုင်ဘုရားများကို ခေတ်သစ်လက်ရာများဖြင့် ပြုပြင် မွန်းမံနေ သဖြင့် ရှေးဟောင်း အမွေအနှစ် ထိန်းသိမ်းသူများ အကြားတွင် ဝေဖန်မှုများ မြင့်တက်လျက် ရှိနေကြောင်း သိရသည်။
ပြုပြင် မွန်းမံနေသော ကိုးသောင်းပုထိုးတော်ကြီးကို အေဒီ ၁၅၅၃ ခုနှစ်မှာ ရခိုင်ဘုရင် မင်းတိက္ခာက တည်ဆောက်ခဲ့သည်။

‎Narinjara_News‬

Friday, December 19, 2014

ကျောက်တော်နယ်ရှိ ရှေးဟောင်းသမိုင်းဝင် ဂူများအနီး စစ်တပ်က ကျောက်ထုတ်လုပ်နေမှုကို ရှေး/သုဌာနက တားမြစ်

မာန်ယုကျော် (ရွှေဝမြေ)/ ကျောက်တော်
ဒီဇင်ဘာ ၁၈
ကန်စောက်တောင်အနီး သမိုင်းဝင်ဂူများအနီးတွင် ကျောက်ထုတ်လုပ်နေသည်ကိုတွေ့ရစဉ်။ (ဓာတ်ပုံ - ရခိုင့်မျိုးဆက်သစ်နိုင်ငံရေးအင်အားစု)
ကန်စောက်တောင်အနီး သမိုင်းဝင်ဂူများအနီးတွင်
ကျောက်ထုတ်လုပ်နေသည်ကိုတွေ့ရစဉ်။
(ဓာတ်ပုံ – ရခိုင့်မျိုးဆက်သစ်နိုင်ငံရေးအင်အားစု)

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်အတွင်းရှိ ရှေးဟောင်းသမိုင်းဝင် ဂူများအနီး စစ်တပ်၏ ကျောက် တူးနေမှုကို ပြည်နယ်၊ ရှေးဟောင်းသုတေသနဌာနက တားမြစ်လိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။

ကျောက်တော်မြို့နယ်ရှိ ကန်စောက်တောင်၏အရှေ့ဘက်ခြမ်းတွင်ရှိသော ရှေးဟောင်းဂူ ၃ လုံးအနီး ကျောက်သားတောင်နံရံများကို ခမရ (၅၃၉)တပ်က ကျောက်များထုတ်လုပ်တူးဖော်နေမှုမှာ ရှေးဟောင်း အမွေအနှစ်လက်ရာများပျက်စီးသွားနိုင်သည်ဟုဆိုကာ ယင်းကိုတားမြစ်ပေးရန် ဒေသခံများနှင့် ရခိုင့်နိုင်ငံရေး မျိုးဆက်သစ်အင်အားစုတို့က သက်ဆိုင်ရာသို့ ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် တင်ပြခဲ့သည်။

ဒေသခံများ၏တင်ပြတောင်းဆိုချက်အရ ရှေးဟောင်းသုတေသနဌာနက ထိုနေရာသို့ ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် သွားရောက်စစ်ဆေးခဲ့ပြီးနောက် ဒီဇင်ဘာလ ၁၇ ရက်နေ့က ယခုကဲ့သို့ စာထုတ်၍ တားမြစ်လိုက်ရခြင်းဖြစ် ကြောင်း မြောက်ဦးမြို့၊ ရှေးဟောင်းသုတေသနဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးအောင်ကျော်ဇံက နိရဉ္စရာသို့ပြောသည်။
 “ဒီဂူတွေဟာ သမိုင်းကြောင်းနဲ့ဆက်စပ်နိုင်တယ်ဆိုပြီးတော့ ဒီက ရှေးဟောင်းယဉ်ကျေးမှုထိန်းသိမ်းရေး အဖွဲ့ကလည်းပြောတယ်။ ရခိုင်သမိုင်းပညာရှင်တွေကလည်းပြောတယ်။ နောက်တစ်ခုက ဒီဟာကလည်း ရှေးဟောင်းဂူဖြစ်တယ်ဆိုတဲ့အထောက်အထားတွေလည်းရှိတယ်ဆိုတဲ့အခါကျတော့ ကျွန်တော့် အနေနဲ့ အဲဒီတပ် ရင်းမှူးဆီကိုစာထုတ်ပြီးတော့ ဒီဟာကိုတော့ ရပ်ဆိုင်းထားပါဆိုပြီးတော့ တားမြစ်လိုက်တာ။ တားမြစ်ထားတဲ့ကြား က ဆက်လုပ်မယ်ဆိုရင်တော့ ဥပဒေအရ အရေးယူသွားမယ်”ဟု ယင်းက ဆိုသည်။

လက်ရှိတွင် တောင်နံရံအား စက်ယန္တရာများဖြင့် တူးဖြိုနေသည့်အတွက် ဂူပေါက်များ၏မျက်နှာပြင်မှ ကျောက်သားအလွှာများကွာကျကာ ပျက်စီးစပြုနေပြီဟုလည်း ကျောက်ထုတ်သည့်နေရာသို့ ကိုယ်တိုင်သွား ရောက်လေ့လာခဲ့သူ ရခိုင့်မျိုးဆက်သစ်နိုင်ငံရေးအင်အားစုမှပြန်ကြားရေးတာဝန်ခံ ကိုကျော်စိန်သန်းကဆိုသည်။
p2ခမရ(၅၃၉)သည် ပြီးခဲ့သည့် ၂ဝ၁၂ ခုနှစ်မှစတင်ကာ အဆိုပါတောင်နံရံမှ ကျောက်များကိုတူးဖော် ခဲ့ခြင်းဖြစ်ပြီး ယင်းကျောက်များကို မြောက်ဦး-စစ်တွေကားလမ်းပြုပြင်ရာတွင် အသုံးပြုရန်ရောင်းချနေသည်ဟု အနီးဝန်းကျင်မှ ဒေသခံများ၏ပြောဆိုချက်ကိုကိုးကား၍ ကိုကျော်စိန်သန်းက နိရဉ္စရာသို့ပြန်ပြောသည်။

ယင်းနှင့်ပတ်သက်ပြီး မြောက်ဦးရှေးဟောင်း သုတေသနဌာမှ လက်ထောက်ညွှန်ကြားရေးမှူးက “တပ်ကို မေးမြန်းစုံစမ်း ချက်အရတော့ တပ်က သူတို့အဲလိုရောင်းစားဖို့အတွက် ထုတ်တာ မဟုတ်ပါဘူးတဲ့။ တပ်တွင်း လမ်းခင်းဖို့အတွက် ထုတ်တာလို့ပြောတယ်”ဟု ဆိုသည်။

ဂူတစ်လုံးစီလျှင် အကျယ် ၅ ပေခန့်စီရှိသည့် အဆိုပါဂူ ၃ လုံးမှာ ရခိုင်တို့၏ခေတ် ၄ ခေတ်ဖြစ်သော ဓညဝတီခေတ်၊ ဝေသာလီခေတ်၊လေးမြို့ခေတ်နှင့်မြောက်ဦးခေတ်တို့အနက် လေးမြို့ခေတ်တွင် ရခိုင်ရဟန်းတော်တစ်ပါးဖြစ်သော သစ္စပန္ဒဝမထေရ် သီတင်းသုံးခဲ့သည့်ဂူများဖြစ်သည့်အတွက် ယင်းဂူများမှာ ရှေးဟောင်း သမိုင်းဝင်ဂူများဆိုသည်မှာမှန်ကန်ကြောင်း ကျောက်တော်မြို့မှ ရခိုင်သမိုင်းသုတေသီ သူမြတ်(မဟာ အောင်မြေ)က နိရဉ္စရာသို့ ပြောသည်။

“အဲလို ဂူကြီး ရခိုင်ပြည်မှာ ၉ ခုရှိတယ်။ အဲလိုမျိုး ရခိုင်ပြည်မှာ အထွဋ်တမြတ်ဖြစ်တဲ့နေရာကို ဒီလို လုပ်တာဟာ ယဉ်ကျေးမှုအရ၊ ရခိုင်သမိုင်းအရ သူတို့ဖျက်ဆီးရာကျတယ်”ဟု ယင်းက စစ်တပ်၏လုပ်ရပ်ကို ဝေဖန်ပြောဆိုသည်။

ရခိုင်ပြည်နယ်အတွင်းရှိ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ဥပဒေမဲ့တစ်စုံတရာပြုလုပ်မိပါက အမြင့်ဆုံးပြစ်ဒဏ် ထောင် ၇ နှစ်အထိချမှတ်နိုင်ကြောင်း ပြီးခဲ့သည့်သြဂုတ်လ ၁၃ ရက်နေ့က ပြည်နယ်လွှတ်တော်က အတည်ပြုပြဋ္ဌာန်းခဲ့သည့် ရခိုင်ပြည်နယ်ယဉ်ကျေးမှုအမွေအနှစ်များထိန်းသိမ်းရေး ဥပဒေ၏ ပုဒ်မ ၂၅ တွင် ဖော်ပြထားသည်။

http://www.narinjara.com/burmese/?p=13187

Friday, October 31, 2014

ရှေးဟောင်းအမွေအနှစ်များပျက်စီးမည်ဆိုပါက မြောက်ဦးမြို့တော်ခန်းမတည်ဆောက်ခြင်းကိုကန့်ကွက်မည်

( နိရဉ္စရာ- ၃၁ အောက်တိုဘာ ၂၀၁၄) / မာန်ယုကျော် (ရွှေဝမြေ)
2100979923_72d658853a

ရခိုင်ပြည်နယ်၏ ခရိုင်မြို့ (၅) ခုထဲတွင် တစ်ခု အပါအ၀င် ဖြစ်သော မြောက်ဦးတွင် တည်ဆောက်မည့် မြို့တော် ခန်းမကြောင့် ရှေးဟောင်း ယဉ်ကျေးမူ အမွေအနှစ်များပျက်စီးမည်ဆိုပါက ကန့်ကွက်သွားမည်ဟု ရခိုင်လူမှု ကွန်ရက်(မြောက်ဦး)က ကြေညာချက် ထုတ်ပြန်သည်။

ယင်းကြေညာချက်အား အောက်တိုဘာလ ၂၉ ရက်နေ့က ထုတ်ပြန်ခြင်း ဖြစ်ပြီး မြောက်ဦးမြို့၏ ရှေးဟောင်းအမွေအနှစ် များကို တစ်စုံတရာ ထိခိုက် ပျက်စီးစေမည်ဆိုပါ မြို့ခံများနှင့်အတူ ကန့်ကွက်သွားမည်ဟုဖေါ်ပြသည်။

မြောက်ဦးမြို့၌ အခမ်းအနားများ၊ လူထုအစည်းအဝေးပွဲများ၊ ဟောပြောပွဲများ၊ သင်တန်းများ စနစ်တကျ သပ်သပ်ရပ်ရပ် ကျင်းပနိုင်ရန် အတွက် မြို့တော်ခန်းမတစ်ခုလိုအပ်နေသောလည်းယင်းခန်းမကြောင့် ရှေးဟောင်းယဉ်ကျေးမူ အမွေအနှစ်များ မပျက်စေလိုဟု  ကြေညာချက်တွင် ဖော်ပြသည်။

“တကယ်လို့သာ ဒီခန်းမတည်ဆောက်မယ့်မြေနေရာဟာ ရခိုင်ဘုရင်တွေ၊ မင်းညီမင်းသားတွေရဲ့ သင်္ချိုင်းမြေနေရာဖြစ်တယ်ဆိုရင်မြို့ခံလူထုတွေရဲ့သဘောထားကိုကောက်ခံသွားမယ်။ အဲဒီကောက်ခံရရှိတဲ့ အပေါ်မှာ မူတည်ပြီး ကျွန်တော်တို့ လုပ်သင့်တာကို ဆက်လုပ်သွားဆောင်သွားပါ့မယ်”ဟု ရခိုင် လူမှုကွန်ရက် (မြောက်ဦး) မှ ကိုအောင်စိုးမြင့်က ပြောသည်။

ယင်းနေရာတွင်မြို့တော်ခန်းမတည်ဆောက်လိုက်ခြင်းဖြင့် မြောက်ဦးမြို့အား ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်များစာရင်းတွင် ထည့်သွင်းရန်  သတ်မှတ်ထားသော စံချိန်စံညွှန်းများနှင့် ကိုက်ညီမှုမရှိဘဲ ဖြစ်သွားခြင်း (သို့မဟုတ်) ပြည်နယ် အစိုးရအဖွဲ့ကပြဌာန်းထားသော ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းရေးဥပဒေပါပြဌာန်းချက်များနှင့် ငြိစွန်းနေ မည်ဆိုပါက ထိုခန်းမတည်ဆောက်ရေးအား ကန့်ကွက် သွားမည် ဖြစ်ကြောင်းလည်း ရခိုင်လူမှုကွန်ရက် (မြောက်ဦး)၏ကြေညာချက်တွင် ဆက်လက်ဖော်ပြထားသည်။

ယင်းနှင့်ပတ်သက်ပြီး မြောက်ဦးမြို့၊ ရှေးဟောင်းသုတေသနဌာနမှ တာဝန်ရှိသူတစ်ဦးက “UNESCO စာရင်းဝင်ဖို့ဆောင်ရွက်ရာမှာ ကျွန်တော်တို့က ဧရိယာ Photo (ဓါတ်ပုံ) ပေးရတယ်ခင်ဗျ။ အဲလိုပေးတဲ့အခါ အခုဆောက်မယ့် ဒီအဆောက်အဦးကြီးက ပါမသွားဘူး ဆိုရင်တော့ ပြသနာဖြစ်လာနိုင်တယ်။ စောစောစီးစီး တည်ဆောက်ထား လိုက်နိုင်ရင်တော့ ပြသနာ မရှိနိုင်ပါဘူး”ဟု ပြောသည်။

ခန်းမတည်ဆောက်ရန် သက်ဆိုင်ရာကသတ်မှတ်ထားသည့်နေရာမှာ မြောက်ဦးမြို့၊ ကြက်ဈေးရပ် ကွက်ရှိ ရှစ်သောင်းပုထိုးတော်ကြီးနှင့်အနော်မာပန်းခြံတို့အနီးတွင်တည်ရှိပြီး ယင်းနေရာသည် ယခင် ရခိုင်ဘုရင့်ခေတ်အဆက်ဆက်က မင်းညီမင်းသားများ၏ ရုပ်အလောင်း များကိုမြှုပ်နှံသည့်သင်္ချိုင်းမြေနေရာဖြစ် သည်ဟုဆိုကာ မြို့ခံအချို့က ယခုကဲ့သို့ ကန့်ကွက်နေကြခြင်းဖြစ်ကြောင်း သိရသည်။

မြောက်ဦးမြို့ကို ပြီးခဲ့သည့် ၂ဝ၁၃ ခုနှစ်မှစတင်ကာ အစိုးရက ကျောက်တော်၊ မင်းပြား၊ မြောက်ဦးနှင့် မြေပုံမြို့များဖြင့်ဖွဲ့စည်း၍ခရိုင်မြို့အဖြစ်တိုးချဲ့ဖွဲ့စည်းခဲ့ပြီးဖြစ်သည့်အတွက် မြို့အင်္ဂါရပ်နှင့်ညီညွတ်စေရန် ယခုကဲ့သို့ မြို့တော်ခန်းမ တစ်ခု တည်ဆောက်ရန် သက်ဆိုင်ရာမှ စီစဉ် ပြင်ဆင်ခြင်း ဖြစ်သည်။

ထိုမြေနေရာသည် ရခိုင်မင်းညီမင်းသားများ၏ သင်္ချိုင်းမြေနေရာဖြစ်သည်ဟု ရခိုင်သမိုင်းပညာရှင်များက ပြောဆို ကန့်ကွက်ထားကြသည့် အတွက် လက်ရှိတွင် ခန်းမတည်ဆောက်ခြင်းလုပ်ငန်းအား ရပ်နားထားသည်ကို တွေ့ရကြောင်း မြို့ခံများက ပြောသည်။ မြောက်ဦးမြို့တော်ခန်းမတည်ဆောက်နိုင်ရန်အတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ဘတ်ဂျတ်သိန်း ၂ဝဝဝ အကုန်အကျ ခံထားကြောင်းလည်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ်၏ပြောဆိုထားချက်အရ သိရသည်။

မြောက်ဦးမြို့သည် အေဒီ ၁၄၃၀ မှ ၁၇၈၄ ခုနှစ်ထိ ထွန်းကားခဲ့သော ရခိုင်ရှေးဟောင်းမြို့တော် တစ်ခု ဖြစ်သည်။

____ နိရဉ္စရာ

Saturday, October 4, 2014

မြောက်ဦးမြို့တော်ခန်းမ တည်ဆောက်မည့်နေရာ မင်းညီမင်းသား သင်္ချိုင်းဖြစ်နေသည်ဟုဆိုကာ မြို့ခံအချို့ကန့်ကွက်


( နိရဉ္စရာ- ၃ အောက်တိုဘာ ၂၀၁၄) / မာန်ယုကျော် (ရွှေဝမြေ)

Mrauk-U-Entrace-gate
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့တွင် မြို့တော်ခန်းမ တည်ဆောက်ရန် သတ်မှတ်ထားသည့် နေရာမှာ ရခိုင် ဘုရင်ခေတ်က မင်းညီမင်းသားတွေကိုမြှုပ်နှံသည့်သင်္ချိုင်းဖြစ်နေသည်ဟုဆိုကာ မြို့ခံအချို့ ကန့်ကွက်မှုများ ရှိနေကြောင်း သိရသည်။
မြို့တော်ခန်းမတည်ဆောက်ရန် သက်ဆိုင်ရာကသတ်မှတ်ထားသည့်နေရာမှာ မြောက်ဦးမြို့၊ ကြက် ဈေးရပ်ကွက်ရှိ ရှစ်သောင်းပုထိုးတော်ကြီးနှင့် အနော်မာပန်းခြံတို့အနီးတွင်တည်ရှိပြီး ယင်းနေရာသည် ယခင် ရခိုင်ဘုရင့်ခေတ်အဆက်ဆက်က မင်းညီမင်းသားများ၏ရုပ်အလောင်းများ ကိုမြှုပ်နှံသည့် သင်္ချိုင်းမြေနေရာ တစ်ခုဖြစ်သည့်အတွက် တန်ဘိုးထားထိန်းသိမ်းသင့်သည်ဟုဆိုကာ မြောက်ဦးမြို့ခံ ၄၅ ဦးက လက်မှတ်ရေးထိုး ကန့်ကွက်ထားကြောင်း သိရသည်။
“ထမ္မရာဇ်ရပ်ကွက်က မြို့သစ်တည်ထားတဲ့နေရာဖြစ်တယ်။ ပြီးတော့ အဲဒီနေရာမှာ ဌာနဆိုင်ရာအစိုးရရုံး တွေလည်း အားလုံးနီးပါးရှိကြတော့ မြို့တော်ခန်းမကိုလည်း အဲဒီနေရာမှာပဲဆောက်စေချင်တာပါ”ဟု မြောက်ဦး မြို့ခံ ဦးကျော်ထွန်းဦးက နိရဉ္စရာသို့ပြောသည်။
သို့သော် ယင်းထမ္မရာဇ်ရပ်ကွက်တွင်လည်း ဒေသခံအချို့ဝယ်ယူထားသည့်မြေကွက်များရှိနေသလို ဌာနဆိုင်ရာရုံးများတည်ဆောက်လိုက်ပြီဖြစ်သည့်အတွက် မြို့တော်ခန်းမ တည်ဆောက်မည့် မြေနေရာ မရှိသလောက် နည်းပါးနေပြီဖြစ်ကြောင်း သိရသည်။
ယခုသတ်မှတ်ထားသည့် မြေနေရာမှာ မင်းညီမင်းသားသင်္ချိုင်းဟုဆိုသော်လည်း မီးသဂြိုလ်သည့် နေရာ သာဖြစ်ပြီး မင်းညီမင်းသားများ၏ရုပ်အလောင်းများကို ယင်းအနီးရှိ တစ်ဘက်ဆည် ဘုန်းတော်ကြီး ကျောင်းဝင်း နေရာတွင်သာ မြေမြှုပ်သဂြိုလ်ခဲ့ကြကြောင်း မြောက်ဦးလူမှုကွန်ရက် ဥက္ကဋ္ဌ ဦးနှင်းထွန်းတိုးက ပြောဆိုသည်။
“ဒီနေရာက နဝရတ်ဟိုတယ်နဲ့လည်း ဆက်စပ်နေတော့ အဲဒီနဝရတ် ဟိုတယ်ဆောက်တုန်းက ဘာလို့ မကန့်ကွက်ခဲ့ကြတာလဲ”ဟု ဦးနှင်းထွန်းတိုးက မေးခွန်းထုတ်လိုက်သည်။
မြောက်ဦးမြို့၏မရှိမဖြစ်လိုအပ်နေသော မြို့တော်ခန်းမတည်ဆောက်ရာတွင် အဆိုပါကွင်းပြင်တစ်ခု လုံးကို အသုံးပြုသွားမည်မဟုတ်ဘဲ ကွင်းတစ်ခုလုံး၏ ၅ ပုံ ၂ ပုံကိုသာ အသုံးပြုသွားမည်ဖြစ်သည့် အတွက် မြို့ခံ များအနေဖြင့် နားလည်ပေးသင့်ကြောင်းလည်း မြောက်ဦးမြို့မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းလှိုင် က ပြောဆိုသည်။
လက်ရှိတွင် မြောက်ဦးမြို့ကို အစိုးရက ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်များထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့ (UNESCO) ၏ ရှေးဟောင်းအမွေအနှစ်စာရင်းဝင်ရန်ဆောင်ရွက်နေပြီဖြစ်သည့်အတွက် ယင်းနေရာတွင် မြို့ တော်ခန်းမကိုတည်ဆောက်လိုက်ပါက UNESCO ၏ရှေးဟောင်း အမွေအနှစ် စာရင်းဝင်ရန် အနှောင့်အယှက် ဖြစ်လာနိုင်ကြောင်း ကန့်ကွက်နေသူများက သုံးသပ်ပြောကြားသည်။
ယင်းနှင့်ပတ်သက်ပြီး မြောက်ဦးမြို့၊ ရှေးဟောင်းသုတေသနဌာနမှ တာဝန်ရှိသူတစ်ဦးက “UNESCO စာရင်းဝင်ဖို့ဆောင်ရွက်ရာမှာ ကျွန်တော်တို့က ဧရိယာ Photo ပေးရတယ်ခင်ဗျ။ အဲလိုပေးတဲ့အခါ ဒီအ ဆောက်အဦးကြီး ပါမသွားဘူးဆိုရင်တော့ ပြဿနာဖြစ်လာနိုင်တယ်။ စောစောစီးစီး တည်ဆောက်ထား လိုက်နိုင်ရင်တော့ ပြဿနာမရှိနိုင်ပါဘူး”ဟု သုံးသပ်ပြောဆိုသည်။
မြောက်ဦးမြို့ကို ပြီးခဲ့သည့် ၂ဝ၁၃ ခုနှစ်မှစတင်ကာ အစိုးရက ကျောက်တော်၊ မင်းပြား၊ မြောက်ဦးနှင့် မြေပုံမြို့များဖြင့်ဖွဲ့စည်း၍ ခရိုင်မြို့အဖြစ်တိုးချဲ့ဖွဲ့စည်းခဲ့ပြီးဖြစ်သည့်အတွက် မြို့အင်္ဂါရပ်နှင့် ညီညွတ်စေရန် ယခု ကဲ့သို့ မြို့တော်ခန်းမတစ်ခုတည်ဆောက်ရန်ပြင်ဆင်ခြင်းဖြစ်သည်။
အစိုးရက ဘတ်ဂျတ်ကျပ်သိန်း ၂ဝဝဝ သုံးစွဲရန်ခွင့်ပြုထားသည့် အဆိုပါမြို့တော်ခန်းမမှာ မြောက်ဦးမြို့ အတွက် အမှန်တကယ်လိုအပ်နေသော်လည်း ပြည်သူ ဗဟိုပြုခေတ် ဖြစ်နေသည့် အတွက် ပြည်သူ အားလုံးသ ဘောတူမှသာ တည်ဆောက်ရေးလုပ်ငန်းများစတင်သွားမည်ဖြစ်ကြောင်း မြောက်ဦးမြို့၊ ရှေးဟောင်းသုတေသန ဌာနမှ တာဝန်ရှိသူကပြောကြားသည်။

_____နိရဉ္စရာ

Saturday, May 24, 2014

ရခိုင်‌ရှိ‌ရှေး‌ဟောင်းမြို့ များကိုဖြတ်‌‌ဖောက်‌လုပ်‌သည်‌ ရထားလမ်းများကို ‌ဒေသာခံများကန့်‌ကွက်‌

Friday, May 23, 2014

မြို့တော်ဟောင်းကိုဖြတ်၍ ဖောက်လုပ်သော ရထားလမ်းကိစ္စ ဝန်ကြီးအဖွဲ့ ဒေသခံများနှင့်တွေ့ဆုံ ရထားလမ်းဖောက်လုပ်ခြင်းအား မြောက်ဦးမြို့ခံများ ကန့်ကွက်

မြို့တော်ဟောင်းကိုဖြတ်၍ ဖောက်လုပ်သော ရထားလမ်းကိစ္စ ဝန်ကြီးအဖွဲ့ ဒေသခံများနှင့်တွေ့ဆုံ
ရထားလမ်းဖောက်လုပ်ခြင်းအား မြောက်ဦးမြို့ခံများ ကန့်ကွက်

ဦးတက်ခါး (ကွန်းတောင်) ( မေလ ၂၃ရက်၊ ၂၀၁၄)

ရခိုင်ပြည်ရှိ မြို့တော်ဟောင်း
များကိုဖြတ်၍ ဖောက်လုပ်လျက်ရှိ သော စစ်တွေ- မင်းဘူး ရထားလမ်း ကိစ္စနဲ့ ပတ်သက်၍ ပြန်ကြားရေးဝန် ကြီး ဦးကျော်သိန်း၊ သယ်ယူပို့ဆောင်
ရေးဝန်ကြီးဦးလှဟန်၊ ရထားလမ်းအင် ဂျင်နီယာချုပ်၊ စစ်တွေ ရှေးဟောင်း သုတေသနညွှန်ကြားရေးမှူးတို့မှ မေ လ ၁၆ ရက်နေ့က မြောက်ဦး မြို့ခံလူထု နှင့် တွေ့ဆုံကာ သဘော ထားချက်များ ကို ရယူခဲ့ကြောင်းသိရသည်။

အဆိုပါ ရထားလမ်းမှာ ဓညဝတီ၊ ဝေသာလီ၊ မြောက်ဦး မြို့တော်ဟောင်း တို့ကို ဖြတ်၍ ဖောက်လုပ်ခြင်းဖြစ်ရာ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်
များ ပျက်စီးနေသဖြင့် ယင်းသို့ဖြတ် လျက် ဖောက်လုပ်ခြင်းအား မြောက်ဦး မြို့ခံလူထုက ကန့်ကွက်ကြောင်းကို ဝန်းကြီးများနှင့် တွေ့ဆုံစဉ် ပြောကြား လိုက်ခြင်း ဖြစ်သည်။

ထိုသို့ ကန့်ကွက်ခဲ့ကြောင်းကို မြောက်ဦးမြို့ခံ ဦးမောင်ကျော်ဇောက “ရထားလမ်းဟာမြို့တော်ဟောင်းသုံး မြို့ကို မဖြတ်ဘဲ လွတ်လွတ်ကင်းကင်း ဖောက်လို့ရပါလျက်နဲ့ မြို့တော်အ လယ် ဗဟိုတည့်တည့်က ဖြတ်ပြီး ဖောက် လုပ်နေတာဟာ ရည်ရွယ်ချက် ရှိရှိနဲ့ ပျက်စီးအောင် လုပ်နေတယ်လို့ ယူဆရဖို့ ဖြစ်နေပါတယ်။ဒီ ရထားလမ်း စီမံကိန်းအားလုံးကို ကျွန်တော်တို့ဆန့် ကျင်တာမဟုတ်ပါ။

ဒီမြို့တော် ဟောင်း တွေကို မဖြတ်ဘဲနဲ့ ရထားလမ်းဘယ် လောက်ဖောက်မလဲ ဖောက်လို့ရပါ တယ်။ အခုလုပ်နေတဲ့အနေအထားက ရှေးဟောင်း အမွေအနှစ်တွေကိုတမင် တကာ ပျက်စီးအောင် လုပ်နေ တယ် ဆိုတာ ထင်ထင်ရှားရှား မြင်နေရပါ တယ်။ ဒါကြောင့် ကျနော်တို့ကန့်ကွက် နေရတာဖြစ်တယ်” ဟု ရခိုင့်အသံသို့ ပြောကြားသည်။

အဆိုပါနေ့က တွေ့ဆုံစဉ် ဝန်ကြီး ဦးကျော်သိန်းက “ပျက်စီးနေတာမှန်ပါ တယ်။ ဒါပေမယ့် ပျက်တာကပျက် သွားပါပြီ ပြန်ပြင်လို့ရတော့မှာ မဟုတ် တော့တာ၊ ပျက်သွားခဲ့တဲ့ဟာတွေကို ပြန်ပြင်ရင် ရှေးခေတ်လက်ရာ ရမှာ မဟုတ်တော့ပါဘူး။ ဒါကြောင့်ပျက်တာ တစ်ခုကို ပျက်ပါစေတော့၊ ရှေ့ဆက် ပြီးတော့သာ လုပ်ကြရအောင်၊ ရထား လမ်းဟာ ရခိုင်ပြည် အတွက်အလွန့် အလွန် အကျိုးရှိတဲ့လမ်းတစ်ခုဖြစ်နေ တယ် ။ဒါကြောင့် ရထားလမ်းကိုလို ချင်ရင်တော့ ရှေးဟောင်း အဆောက် အအုံတွေကို အနည်းနဲ့အများတော့ ထိခိုက်နစ်နာ ခံပေးကြရပါမယ်။တစ်ခု လိုချင်ရင်တော့ တစ်ခုကိုပေးဆပ်ရပါ မယ်။

ဒီဟာက နိုင်ငံတော်အစိုးရ၊ ပြည် နယ်အစိုးရက ရခိုင်ပြည်နယ်အပေါ် အလွန့်အလွန်စေတနာထားပြီးတော့ လုပ်ပေးနေတဲ့ကိစ္စ ဖြစ်တဲ့အတွက် လက်ခံဖို့သင့်ပါတယ်။” ဟု ပြောကြား ခဲ့ကြောင်း ဦးမောင်ကျော်ဇောက ဆို သည်။

“ရထားလမ်းဟာ ကျွန်တော်တို့ ရခိုင်ပြည် သူလူထုကို ထိထိရောက် ရောက် အကျိုးရှိစေဖို့ ကိစ္စတစ်ခု မဟုတ်လို့ မြင်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့မှာ ရှေးခေတ် အဆက် ဆက်ကပင် ခိုင်မြဲတည်တံ့ လာတဲ့ ရှေးဟောင်းယဉ်ကျေးမှုအ ဆောက်အအုံတွေ၊ကမ္ဘာကအသိအမှတ်ပြုထားတဲ့တန်ဖိုးမဖြတ်နိုင်တဲ့ ရှေးဟောင်း ယဉ်ကျေးမှုအဆောက်အအုံတွေနဲ့ ဘယ်လိုမှ မလဲနိုင်ပါဘူး။ရထားလမ်း ကိုလည်းမ လိုချင်ပါ။

ကျွန်တော်တို့ ရှေးဟောင်းပစ္စည်းတွေကို ထိခိုက်ရင် တော်ပါပြီ။” ဟု ဦးမောင်ကျော်ဇောက ရခိုင့်အသံသို့ ဆက်လက်ပြော ကြားခဲ့ သည်။

အဆိုပါတွေ့ဆုံပွဲ၌ မြို့ခံလူထု တစ်ယောက်မှ ရထားလမ်းကိုဆက် လက် လုပ်ဆောင်မယ့်အစီအစဉ်ရှိသ လား၊ မရှိလားဟု မေးရာတွင်ဝန်ကြီး ဦးလှဟန်မှ “အတိအကျ မပြောနိုင် သေးပါ။ ပြည်သူလူထု၏ဆန္ဒကို ကျွန် တော်တို့နား ထောင်တယ်၊ ပြီးတော့ ပြည်နယ်အစိုးရ အစည်းအဝေးလုပ် ပြီးမှ ဆုံးဖြတ်ရမယ်” ဟု ပြောကြားခဲ့ ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံပွဲအား မြို့နယ်ထွေ အုပ်ရုံးတွင် ပြုလုပ်ခဲ့ပြီး ဆွေးနွေးပွဲသို့ တက်ရောက်ရန် လူဦးရေ (၃၀)ခန့် ဖိတ်ကြားထားသော်လည်း မြို့ခံလူထု ၁၀၀ ခန့်တက်ရောက်ခဲ့ကြောင်းလည်းသိရသည်။

Credit: Mrat Noe Thar's Facebook

Tuesday, April 8, 2014

မြောက်ဦးမြို့ ကိုးသောင်းဘုရား ကိုက်(၁၀၀) ကျော်အနီးက ရထားလမ်း ဖြတ်သန်း ဖေါက်လုပ်

မြောက်ဦးမြို့ ကိုးသောင်းဘုရား ကိုက်(၁၀၀) ကျော်အနီးက ရထားလမ်း ဖြတ်သန်း ဖေါက်လုပ်

(နိရဉ္စရာ- ၇ ဧပြီလ ၂၀၁၄)
Mrauk-U-Arakan state Myanmar
ရခိုင်တို့ရဲ့ ရှေးဟောင်းမြို့တော်ဖြစ်တဲ့ မြောက်ဦးမြို့ ကိုးသောင်းဘုရား ပုထိုးတော်အနီးကဖြတ်ပြီး အခုအခါ ရထားလမ်း ဖေါက်လုပ်နေတယ်လို့ ဒေသခံ မြောက်ဦးလူကြီးတွေက နိရဉ္စရာကို သတင်းပေးပို့လာပါတယ်။

ခု ဖေါက်လုပ်နေတဲ့ ရထားလမ်းဟာ ကိုးသောင်းဘုရားပုထိုးတော်ကြီးနဲ့ အလွန်နီးကပ်နေပြီး ကိုက် (၁၀၀) သာသာခန့်သာ ဝေးတဲ့ အတွက် နဂိုကတည်းက ယိုင်နဲ့ နေတဲ့ ပုထိုးတော်ကြီးကို အထူး ထိခိုက်နိုင်တယ်လို့ ပြောပါတယ်။

ရှေးဟောင်းကိုးသောင်း ပုထိုးတော်နဲ့ အနီးကပ် ရထားလမ်းဖေါက်လုပ်နေတဲ့အခြေအနေကို ရှေးဟောင်း ယဉ်ကျေးမူ သုတေသနဌာနမှာ လုပ်ကိုင်ခဲ့ပြီး အခု ရခိုင်ဘုရားတွေကို ထိန်းသိမ်း စောင့်ရှောက်နေတဲ့ ၀န်ထမ်းဟောင်း အမျိုးသမီး တစ်ဦးက အခုလိုပြောပါတယ်။

“ ကိုးသောင်းနဲ့သိပ်နီးကပ်တယ်။ ကိုးသောင်းရဲ့အစနဲ့ ပေပေါင်း ၁၈၀ဘဲကွာတယ်။  +++ ကုမ္ပဏီက ဖေါက်လုပ်နေတယ်။  စစ်တွေ-မင်းဘူး ရထားလမ်းဖြစ်တယ်။ အဆောက်ဦးက ရထားဖြတ်ရင်  Vibration တုန်ခါမှုနဲ့ ပြသနာရှိနိုင်တယ်။ အဆောက်အဦးက အစကတည်းက ယိုင်နဲ့နေတာဖြစ်တယ်။ အဆောက်အဦးနဲ့ သိပ်နီးကပ်ပြီး ရထားလမ်းဖောက်တဲ့အတွက် ပုထိုးတော်ကြီးကို ထိခိုက်နိုင်ပါတယ်” လို့ ဆိုပါတယ်။

ကိုးသောင်းပုထိုးတော်ကြီး အတွင်း ဆင်းထုတော် ကိုးသောင်းကိန်းဝပ်စံပယ်တဲ့ အတွက် ကိုးသောင်းပုထိုးတော်ကြီးလို့  ခေါ်ဝေါ်တာ ဖြစ်ပြီး ရခိုင်ဘုရင် မင်းဗာကြီးရဲ့သား မင်းတိက္ခာက  အေဒီ ၁၅၅၃-၁၅၅၅  ခုနှစ်တွင် တည်ထားခဲ့ပါတယ်။

အခုလို ကိုးသောင်းပုထိုးတော် အနီးမှ ဖြတ်သန်းပြီး ရထားလမ်းဖေါက်နေတာကြောင့် ဒေသခံများ အကြားစိုးရမ်မူများလည်း တိုးပွားနေပြီး အထက်ကို တိုင်ကြားဖို့  စီစဉ်နေတယ်လို့လည်း သူမက ပြောပါတယ်။

“ အခုကျမတို့မြောက်ဦး ရှေ့ဟောင်ဉ် ကျေးမှူး အမွေအနှစ် ထိမ်းသိမ်းရေးအဖွဲ့ဆိုပြီး မြောက်ဦး မြို့သူမြို့သားတွေနဲ့ ဖွဲ့ထားပါတယ်။ အဲဒီအဖွဲ့ အ စည်းအဝေးဆုံးဖြတ်ချက်နဲ့ အထက်ကို စာတင်ဖို့ လုပ်နေပါတယ်။ ဒီကနေ့ ကွန်ပျူတာ ရိုက်နေကြပါတယ်” လို့ ဆိုပါတယ်။

ရထားလမ်းကို တခြားနေရာက ဖေါက်လုပ်၍ ရပါလျှက် ကိုးသောင်းပုထိုးတော်အနီးက ဖြတ်သန်း ဖေါက်လုပ်နေတဲ့ အပေါ်  သူ့အမြင် ကိုလည်း ယခုလိုပြောပါတယ်။

“ ယဉ်ကျေးမူ ဇုန်ထဲက အဝေးပြေးလမ်းဖောက်ပိုင်ခွင့်မရှိဘူး။ အခု အဲဒီယဉ်ကျေးမူဇုန်ထဲက ဖောက်နေတယ်။ အထူးသဖြင့် ကိုးသောင်းဘုရားအနီးက ဖောက်တဲ့အတွက် ကိုးသောင်းက ဘုရားအဆူလိုက်ကို ရထားပေါ် ကောက်တင်ဖို့လည်း လွယ်ကူသွားတယ်။ ရှေ့ဟောင်းပစ္စည်း ခိုးထုတ်ဖို့ သိပ်ပြီး လွယ်ကူသွားတယ်။ နောက်တခုက ကမ္ဘာ့ ယဉ်ကျေးမှူး အမွေအနှစ်နဲ့လည်း ကိုက်ညီမှုမရှိ။ ရှေ့ဟောင်းယဉ်ကျေးဇုန်အထဲက အဝေးပြေးလမ်း၊ မီးရထားလမ်းဖောက်လုပ်ခြင်းဖြင့် ရှေ့ဟောင်းယဉ်ကျေးမှု ဥပဒေ၊ ကမ္ဘာ့ယဉ်ကျေးမှု ဥပဒေနဲ့လည်း ကိုက်ညီ မှုမရှိဘူး။ နောက်ပြီး ရှေ့ဟောင်းယဉ်မှု အမွေအနှစ်တွေကြားထဲက ရထားလမ်းကို ဖေါက်ယူသွားတာဖြစ်လို့ တံတိုင်း၊ ကျုံး၊ မြိုရိုး၊ ဘုရားတွေ ပျက်စီးမှုလည်း သိပ်များမယ်။”
အခုလို ကိုးသောင်းပုထိုးတော်ကြီး အနီးမှ ရထားလမ်း ဖေါက်လုပ်နေခြင်းနဲ့  ပတ်သက်ပြီး မြောက်ဦးရှေးဟောင်း ယဉ်ကျေးမူ ဦးစီးဌာနသို့ ဆက်သွယ်သော်လည်း ဖြေကြားမည့်သူ မရှိတဲ့ အတွက် အဆက်အသွယ် ရရှိခဲ့ခြင်း မရှိခဲ့ပါ။

Saturday, April 21, 2012

စစ်တွေ- ရန်ကုန်ကားလမ်း တိုးချဲ့မှုကြောင့် ရှေ့ဟောင်း ရခိုင်မြို့ရိုးများ ပျက်စီးနေ

မောင်အေး
----------
ရန်ကုန်-စစ်တွေ ကားလမ်းတိုးချဲ့ရာတွင် ရခိုင်ရှေ့ဟောင်း မြို့ရိုးများကို မြေတူးစက်ကြီးများဖြင့် တူးယူပြီး လမ်းကို ဆည် ဖို့နေသဖြင့် ရခိုင်ရှေ့ဟောင်းအမွေအနှစ်များ ပျက်စီးဆုံးရှုံးနေရကြောင်း သိရှိရသည်။


Mrauk-U-Damages ၂၀၁၀ ခုနှစ်က စစ်တွေ- အမ်း ရထားလမ်း ဖေါက်လုပ်စဉ် ရှေးဟောင်းဘုရားကို ဖြိုတူးနေစဉ်။
ယခုကဲ့သို့ ရှေ့ဟောင်းမြို့ရိုးများ ဖျက်စီးခံနေရသည့် နေရာမှာ မြောက်ဦး စစ်တွေ လမ်းပိုင်းရှိ မြောက်ဦးမြို့ အရှေ့တောင်ဘက် ပေါင်းတုတ်ရပ် အနီးတွင် ဖြစ်သည်။

စစ်တွေ-ရန်ကုန် ကားလမ်း တိုးချဲ့ရာ၍ မြေများကို တူးယူနေခြင်း ဖြစ်ပြီး လုပ်ကိုင်နေသည့် ကုမ္ပဏီမှာ "သိန်းကျော်" ကုမ္ပဏီဖြစ်ကြောင်း သိရသည်။

" အခုဖြစ်နေတဲ့နေရာက လေသာတောင်ခံတပ်အနီးက မြေသား မြို့ရို့တံတိုင်းတွေပါ။ အဲဒီနေရာကို ရှေ့ ဟောင်းသုတေသန ဌာကနည်း ရှေ့ဟောင်းယဉ်ကျေးမှုဇုန်အဖြစ် သတ်မှတ်ထားတဲ့နေရာထဲမှာ ပါတယ်။ အဲဒါကို မြေသားမြို့ရိုးတွေကို စက်ကြီးတွေနဲ့တူးပြီး လမ်းကိုဖို့နေတာပါ။ အခုက မြို့ရိုးတွေ ပျက်သွားပြီး ပရမ်းပတာ ဖြစ်နေပါတယ်။ တကယ်လို့ ဒီလမ်းဆုံးအောင်အထိ မြေတွေ တူးမယ်ဆိုရင် မြို့ရိုးတွေ ပျောက်ကွယ်သွားနိုင်တဲ့ အနေအထားမှာရှိပါတယ်။"ဟု ရှေ့ဟောင်း ယဉ်ကျေးမှု သုတေသတနဌာနမှူး (ငြိမ်း) ဦးကျော်ထွန်းအောင်က ပြောသည်။

ယခုပျက်စီးသွားသည့် မြို့ရို့တံတိုင်းများမှာ မြောက်ဦးခေတ် မြို့ရိုးတံတိုင်းများ ဖြစ်ကြောင်း သူက ဆက်ပြောသည်။

"အတွင်းပိုင်းက မြို့ရိုးတွေကို အုတ်တွေ၊ ကျောက်တွေနဲ့လုပ်ထားပြီး အပြင်ဘက် မြို့ရိုးတွေကို မြေသားတွေနဲ့ လုပ်ထားဖြစ်တယ်။ တောင်တလုံးနဲ့ တလုံးဆက်ပြီး မြေသားတွေနဲ့ လုပ်ထားတဲ့ မြို့ရိုးတွေပါ။ ဂျပန်နဲ့ အိန္ဒိယ ဘက်မှာတော့ မြေသားတံတိုင်းတွေ အများအပြားတွေ့ရတယ်။ ဒီလိုရှေ့ဟောင်း တံတိုင်းတွေ ဆုံးရှုံးသွားရင် ကျွန်တော်တို့အတွက် ဆုံးရှုံးမှုပါဘဲ။"ဟု သူက ဆက်ပြောသည်။

မြောက်ဦးမြို့ လက်ဆေးကန်အနီးရှိ လေသာတောင်ခံတပ်နှင့် မြတောင်ခံတပ်ရှိ မြို့ရိုး တံတိုင်းများကိုလည်း မြေတူး စက်များဖြင့် ဖြိုတူးနေသည်ဟု သိရသည်။

" ကျွန်တော်တို့က ဒီနေရာဟာ သမိုင်းဝင်နေရာတွေ ဖြစ်တဲ့ အတွက် တစ်ခြားနေရာက မြေတွေကိုဘဲ တူးစေလိုပါတယ်။ အခုလို တူးနေတာကို သက်ဆိုင်ရာနဲ့ မီဒီယာတွေကို အသိပေးရန် အတွက် တူးဖေါ်နေတဲ့ ဓါတ်ပုံတွေကို ပို့ပေးလိုက်ပြီ ဖြစ်ပါတယ်" ဟု ဦးကျော်ထွန်းအောင်က ပြောသည်။ သိန်းကျော် ကုမ္ပဏီအား ဆက်သွယ်ရာ ဆက်သွယ်၍ မရခဲ့ပါ။

၂၀၁၀ ခုနှစ် နိုဝင်ဘာလကလည်း စစ်တွေ အမ်းရထားလမ်းဖောက်လုပ်ရာတွင် မြောက်ဦးမြို့ရှိ ရှေ့ဟောင်း အမွေအနှစ်များဖြစ်သည့် ပြည်စိုးကြီးဘုရား၊ မင်းလှခံတပ်၊ မင်းသမီးတံတိုင်း၊ ရဲလှကုန်း၊ သံဇင်တံဘုးရားများ အပါအ၀င် ရှေးဟောင်း သမိုင်းဝင် နေရာ အများအပြားဖြတ်သန်း ဖေါက်လုပ်ခဲ့သဖြင့် ပျက်စီး ဆုံးရှုံးမူများ ရှိခဲ့သည်။


----------------------------------
.: နိရဉ္စရာ

Tuesday, December 28, 2010

မရဏ ရထားလမ်းကြောင်း ရခိုင်ပြည်သူများ လယ်မဲ့ယာမဲ့ ဘ၀ ကျရောက်

ရခိုင်ပြည်သူများက မရဏ မီးရထားလမ်းဟု ခေါ်ဆို သမုတ်ထားသော စစ်တွေ- အမ်း မီးရထားလမ်း ဖေါက်လုပ်နေမူကြောင့် ဒေသခံ ပြည်သူများမှာ သူတို့ပိုင် လယ်မြေများကို လက်လွတ် ဆုံးရှုံးနေကြရကြောင်း သိရသည်။


Apuk-Wa-Buter
အမည်မဖေါ်လိုသူ ကျောက်တော်မြို့နယ်မှ လယ်သမားကြီး တဦးက သူ့တွင် ဘိုးဘွားလက်ကတည်းက ပိုင်ဆိုင်လာခဲ့သော လယ် ၆ ဧကတွင် ၃ ဧကမှာ ရထားလမ်းဖေါက်လုပ်ရာတွင် ပါဝင်သွားကြောင်း သူက ယခုကဲ့သို့ ပြောဆိုသည်။

“ မိဖ လက်ကတည်းက ပိုင်ဆိုင်လာတဲ့ လယ်တွေ ဖြစ်ပါတယ်။ ၆ ကမှာ ရထားလမ်းကြောင်း ၃ ဧက ဆုံးရှံးသွားပါတယ်။ တပြားတချပ်မှ လျော်ကြေး မပေးသလို လယ်လည်း အစား မပေးပါဘူး။ ဘာမှ လျော်ကြေး မပေးတဲ့ အပြင် မိမိလယ်မြေကို ဖြတ်ပြီး ရထားလမ်းဖေါက်မယ်ဆိုတာကိုလည်း အကြောင်းကြားတာ မရှိပါဘူး။ လယ်ကွင်းပေါ်မှာ အလံနီ တိုင်လေးတွေ စိုက်ထူထားတာကို မြင်ပီးမှ ငါ့လယ်ကို သူတို့ရထားလမ်း ဖြတ်ဖေါက်တော့မယ်ဆိုတာကို သိရပါတယ်။” ဟု ပြောသည်။

ယခု အခါ စစ်တွေမှ အမ်းထိ ဖေါက်လုပ်နေသော ရထားလမ်းကို အပိုင်းလိုက် တစ်ခုပြီး တစ်ခု ဖေါက်လုပ်နေရာ ဒီဇင်္ဘာလဆန်းမှ စတင်ပြီး ကျောက်တော်မြို့နယ် ကုလားတန်မြစ် အရှေ့ခြမ်းတွင် ဖေါက်လုပ်နေကြောင်း သိရသည်။

ယခုကဲ့သို့ လယ်မြေများကို လျော်ကြေး တစုံတရာ မပေးဘဲ ဖြတ်ဖေါက်သဖြင့် ကျောက်တော်မြို့နယ်မှ လမ်းမတော်၊ သရက်တပင်၊ ညောင်ချောင်း၊ ဒေါင်းတောင်ယိုးစသည့် ကျေးရွာများမှ လယ်သမားများ အနေဖြင့် ၎င်းတို့ပိုင် လယ်မြေများကို ဆုံးရှုံးနေကြရသည်။

၎င်းပြင် ရထားဖေါက်လုပ်သည့် ကုမ္ပဏီများမှ ဒေသခံ ရခိုင်လယ်သမားများကို နိုင်ထက်စီးနှင်း ပြုလုပ်မူများလည်း ရှိနေကြောင်း သူက ပြောသည်။

“ လယ်တွေက စပါးရိတ်သိမ်းလို့ မပီးသေးဘူး။ ဒါကို သုံးရက်နဲ့ အပီးရိတ်ရမယ်။ မရိတ်ရင် အကုန်လုံးကို မြေတူးစက်တွေနဲ့ ဖြိုတူးပစ်မယ်ဆိုပီး ခြိမ်းခြောက်တာတွေလည်း ရှိပါတယ်။ အခု ကျွန်တော်တို့ ဒေသမှာ စပါးရိတ် အလုပ်သမားတွေ အရမ်းရှားပါတယ်။ ဒါပြင် တချို့ စပါးတွေဆိုရင် မိုးတွေရွာထားခဲ့တဲ့ အတွက် မခြောက်ဘဲ ဖြစ်နေတယ်။ သူတို့က ခုလို အမိန့်ထုတ်တော့ မပီး ပီးအောင်ရိတ်ရပါတယ်။ ကျွန်တော်တို့ ဒေသမှာ စစ်တပ်က လူထုတွေကို မတရား အနိုင်ကျင့်ထားတွေ ရှိတဲ့ အတွက် ဘယ်သူကမှ ပြန်မပြော ရဲကြဘဲ ဖြစ်နေပါတယ်။ အကုန်လုံး ခေါင်းငုံ့ခံနေကြရပါတယ်။”

Railroad
၎င်းပြင် ကျောက်တော်မြို့နယ် သရက်တပင် ကျေးရွာမှ အသက် ၆၅ နှစ် အရွယ် လယ်သမား တစ်ဦးကလည်း လယ်မြေများ ဆုံးရှုံးသွားသဖြင့် အသက်ရှင်လိုစိတ် မရှိဘဲ မြန်မြန်သေဖို့ ဆုတောင်းနေကြောင်း နိရဉ္စရာသို့ ပြောသည်။

“ဦးလေးမှာ လယ်သုံးဧက ရှိပါတယ်။ ရထားလမ်းဖေါက်တော့ တဧကခွဲပါသွားခဲ့ပါတယ်။ ကျန်တဲ့ တဧကခွဲနဲ့ မိသားစု ၆ ဦး ဘယ်လိုမှ လုပ်ကိုင်စားသောက်လို့ မရတော့ပါဘူး။ ဘယ်နေ့ သေမင်းခေါ်မလဲဆိုတာကိုဘဲ မျှော်နေပါတယ်။ အရင်သေရင် အရင်ဝဋ်ကျွတ်တယ်လို့ဘဲ အောက်မေ့မိပါတယ်။”

ယခုကဲ့သို့ လယ်မြေများကို လက်လွတ်ဆုံးရှုံးနေကြသူများမှာ ကျောက်တော်မြို့နယ် တစ်ခုတည်းတွင် မဟုတ်ဘဲ ရထားလမ်း ဖြတ်သန်းရာ စစ်တွေ၊ ပုဏ္ဍားကျွန်း၊ မြောက်ဦး၊ မင်းပြား၊ မြေပုံနှင့် အမ်း မြို့နယ် တိုင်းတွင် ဖြစ်ကြောင်း သိရသည်။

အမည်မဖေါ်လိုသူ ကျောင်းဆရာ တစ်ဦးကလည်း လက်ရှိ ဖေါက်လုပ်နေသော ရထားလမ်းကြောင့် ကျောက်တော်နှင့် မြောက်ဦးမြို့နယ်များတွင် လယ်ဧက ၃၀၀၀ နီးပါး ဆုံးရှုံးခဲ့ရပြီး အဆိုပါ လယ်မြေများအတွက် အာဏာပိုင်များက တစုံတရာ လျော်ကြေး မရကြောင်း ပြောကြားသည်။

ယခုကဲ့သို့ ရထားလမ်းကြောင့် လယ်ယာမြေများ ဆုံးရှုံးနေသည့် အပြင် ရခိုင် ရှေးဟောင်း ယဉ်ကျေးမူ အမွေအနှစ်များလည်း အကြီးအကျယ် ပျက်စီးနေသဖြင့် ယခု ဖေါက်လုပ်နေသော ရထားလမ်းကို “ မရဏ ရထားလမ်း” ဟု ဒေသခံ ရခိုင်များက ခေါ်ဆိုနေကြကြောင်း သိရသည်။

ယခင်ကဖေါက်လုပ်ခဲ့သော စစ်တွေ- ရန်ကုန် ကားလမ်း ဖေါက်လုပ်တုန်းကလည်း ရခိုင်လယ်သမားများ အနေဖြင့် လျော်ကြေး တစုံတရာ မရဘဲ လယ်မြေများကို ဆုံးရှံးခဲ့ရသလို အသစ်တပ်စွဲလာသော စစ်တပ် တပ်ရင်း ၆၀ နီးပါးကလည်း ရခိုင်တောင်သူလယ်သမားများပိုင် လယ်မြေဧက အမြောက်အမြားကို စစ်တပ်ပိုင် အဖြစ် သိမ်းပိုက်ထားကြောင်း သိရသည်။


http://www.narinjara.com/detailsbur.asp?id=2943

ရှေးဟောင်းအမွေအနှစ် ဆုံးရှုံးမှု ရခိုင်အမျိုးသမီးများ အစည်းအရုံး UNESCO ကို တိုင်ကြား

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်က ရှေးဟောင်း သမိုင်းဝင် နေရာတွေကို ဖြတ်သန်းဖောက်လုပ်မယ့် ရထားလမ်းဟာ ယဉ်ကျေးမှု အမွေအနှစ်တွေ ပျက်စီးဆုံးရှုံးမယ့် အခြေအနေ ဖြစ်တာမို့ ဒါတွေကို တားဆီးပေးဖို့ ပြည်ပအခြေစိုက် ရခိုင်အမျိုးသမီးများ အစည်းအရုံးက UNESCO ကို မေတ္တာရပ်ခံ တောင်းဆိုလိုက်ပါတယ်။ အကြောင်းစုံကို စုံစမ်းထားတဲ့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုကျော်ထင်က တင်ပြပေးထားပါတယ်။
မြောက်ဦးမြို့နယ်ကို ဖြတ်သန်းမယ့် မင်းဘူး၊ အမ်း၊ စစ်တွေ ရထားလမ်းဟာ ရှေးဟောင်း အမွေအနှစ်တွေ ပျက်စီးဆုံးရှုံးမယ့် အခြေအနေ ရှိနေတာမို့ ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှုအဖွဲ့ (UNESCO) က ဒါတွေကို တားဆီးပေးဖို့ ဘင်္ဂလားဒေ့ရှ် အခြေစိုက် ရခိုင်အမျိုးသမီးများ အစည်းအရုံးက ပြီးခဲ့တဲ့ သောကြာနေ့မှာ မေတ္တာရပ်ခံလိုက်တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့လတုန်းက မြောက်ဦးမြို့ခံတွေက ရှေးဟောင်းသုတေသန ဦးစီးဌာနကို တင်ပြ တောင်းဆိုမှုကြောင့် ပျက်စီးသွားတဲ့ ရှေးဟောင်း အမွေအနှစ် တချို့ကို ပြန်လည်ပြင်ဆင်ပေးဖို့၊ ရထားလမ်းကို လမ်းကြောင်း အနည်းငယ်ပြောင်းဖို့ သဘောတူခဲ့တာကြောင့် ယာယီ ပြေလည်မှု ရခဲ့ပါတယ်။
လမ်းကြောင်းပြောင်းတယ် ဆိုပေမဲ့ ဒီလလယ်ပိုင်းမှာ ရခိုင်ရှေးဟောင်းမြို့တော် ဓည၀တီမြို့ဟောင်းကို ဖြတ်ပြီး ဖောက်လုပ်နေတာကြောင့် ဒေသခံတွေက ဆက်လက် ကန့်ကွက်နေကြတာပါ။
နန်းမြို့ရိုး၊ အုတ်တံတိုင်းတွေ ရှိနေဆဲဖြစ်တဲ့ ဓည၀တီနဲ့ ဝေသာလီ မြို့ဟောင်းတွေကို ဖြတ်ပြီးဖောက်မှာမို့ ဒါတွေကို တားဆီးပေးဖို့ UNESCO သို့ မေတ္တာရပ်ခံတာ ဖြစ်တယ်လို့ ရခိုင်အမျိုးသမီးများ အစည်းအရုံး ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းက ပြောပါတယ်။
“ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်တွေဟာ လူမျိုးတမျိုး တာရှည်တည်တံ့ဖို့ရာအတွက် အင်မတန် အရေးကြီးတဲ့ အရာတွေ ဖြစ်တယ်။ ဒီအဆောက်အဦးတွေကို ဖျက်ဆီးနေတယ်၊ ဆက်တိုက်လည်း ဖျက်ဆီးနေတယ်။ အခုဆို ဓည၀တီမြို့ဟောင်းကို ရောက်လာပြီ။ နောက်ဆို ဝေသာလီကို ရောက်တော့မယ်၊ စသည်အားဖြင့် လုပ်နေတာကို အတတ်နိုင်ဆုံး တားဆီး ကာကွယ်ပေးပါ ဆိုပြီး ကျမတို့အနေနဲ့ မေတ္တာရပ်ခံထားပါတယ်။”
မကြာသေးခင်နှစ်တွေက နိုင်ငံအနှံ့ ကြက်ဆူပင်တွေ စိုက်စဉ်ကလည်း မြောက်ဦးက နန်းတော်ရာဟောင်းမှာ ကြက်ဆူပင်တွေ စိုက်တာကြောင့် ကန့်ကွက်ပြောဆိုမှုတွေ ရှိခဲ့ပါတယ်။
ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းတွေဟာ လူမျိုးတမျိုးရဲ့ ယဉ်ကျေးမှု အမွေအနှစ်ကို မထိပါးဖို့ လိုတယ်လို့ ဒေါ်စောမြရာဇာလင်းက ဆက်ပြောပါတယ်။
“ဖွံ့ဖြိုးတိုးတက်ရေးကို လုပ်မယ် ဆိုရင်လည်း မြို့ဟောင်းနေရာတွေကို ဖြတ်ပြီးတော့မှ၊ ဘုရားစေတီရှိတဲ့ နေရာတွေကို ဖြတ်ပြီး လုပ်ဖို့ မသင့်ပါဘူး။ တခြားနေရာတွေ အများကြီး ရှိပါတယ်။ လွန်ခဲ့တဲ့ မကြာသေးခင်ကလည်း မင်းပြားမြို့နယ်မှာ စေတီတွေကို ဖျက်ပြီး လမ်းဖောက်တာတွေ ရှိတယ်။ ဒီလို ဖွံ့ဖြိုးတိုးတက်ရေးတွေကို မလုပ်သင့်ဘူး။
“သူတို့ ပုဂံမှာဆိုရင် ရှေးဟောင်း အမွေအနှစ်တွေကို ကာကွယ်နေတာ အများကြီးပဲ။ ဒါပေမဲ့ ရခိုင်ပြည်မှာကျတော့ ဒီလို ရှေးဟောင်း အမွေအနှစ်တွေကို ဖျက်ဆီးလာတယ် ဆိုတာကျတော့ ကျမတို့ရင်ထဲမှာ ခံစားချက် မကောင်းဘူး။ ကျမတို့ လူထုတွေ တရပ်လုံးကတော့ အသက်နဲ့ရင်းပြီး ဒီဟာတွေကို ကာကွယ်ရလိမ့်မယ်လို့ ပြောချင်ပါတယ်။”
ဒီလဆန်းပိုင်းကလည်း အမေရိကန် အခြေစိုက် နိုင်ငံတကာ ရခိုင်အသင်းက ဒီကိစ္စအပေါ် UNESCO က ကြားဝင်ပေးဖို့ အကြောင်းကြားခဲ့ပါသေးတယ်။ အလားတူပဲ ရခိုင်တိုင်းရင်းသား တိုးတက်ရေး ပါတီကလည်း ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေကို ရှောင်ကွင်းပြီး ဖောက်လုပ်ဖို့ အာဏာပိုင်တွေကို တင်ပြခဲ့ပါတယ်။
UNESCO ဟာ မြောက်ဦး ရှေးဟောင်းယဉ်ကျေးမှု နယ်ပယ်ကို ကမ္ဘာ့အမွေနှစ်များ စာရင်းထဲမှာ ၁၉၉၆ ခုနှစ်က ထည့်သွင်းခဲ့တာကြောင့် ကမ္ဘာ့အမွေအနှစ် ထိန်းသိမ်းရေးဆိုင်ရာ သဘောတူညီချက်အရ အကာအကွယ် ပေးသင့်တယ်လို့လည်း ရခိုင်လူမျိုးတွေက ယုံကြည်နေကြပါတယ်။
http://www.voanews.com/burmese/news/rakhine-unesco-112503304.html

Saturday, December 18, 2010

ရခိုင်ဓည၀တီ မြို့တော်ဟောင်းကို ရထားလမ်း ဖြတ်ဖေါက်ပြီ

ဘီစီ ၆ ရာစုကတည်းက တည်ရှိခဲ့သော တန်ဖိုးမဖြတ်နိုင်သည့် ရခိုင် ရှေးဟောင်း မြို့တော် တစ်ခုဖြစ်သည့် ဓည၀တီ မြို့တော်ဟောင်းကို ဖြတ်ပြီး ရထားလမ်း စတင် ဖေါက်လုပ်နေပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။


NLD ရခိုင်ရှေးဟောင်မြို့ရိုးဂိတ်
အမည်မဖေါ်လိုသူ ရှေးဟောင်း သမိုင်းသုတေသီ တဦးက “ ကျွန်တော် သွားကြည့်တော့ ဓည၀တီ မြို့ဟောင်း အရှေ့ဘက်ကနေ စဖေါက် နေပါတယ်။ နောက်တစ်ရက်ဆိုရင် မြို့ရိုးပေါ်ကို ရောက်ပါလိမ့်မယ်။ အခု မြို့ရိုးပေါ်မှာ လမ်းဖေါက်မယ့် အမှတ်အသားတွေဖြစ်တဲ့ အလံနီ တိုင်လေးတွေကို အူကြောင်း တလျှောက်မှာ စိုက်ထားတာကို တွေ့ရပါတယ်” ဟု ပြောသည်။

တခြား လူစည်ကားရာနေရာများက ရထားလမ်းကို ဖေါက်လုပ်လျှင် ရနိုင်သော်လည်း မဖေါက်လုပ်ဘဲ ဓည၀တီ မြို့တော်ဟောင်းပေါ်မှ ဖြတ်သန်းဖေါက်လုပ်ခြင်းမှာ ရည်ရွယ်ချက်ရှိရှိဖြင့် ဖျက်ဆီးခြင်း ဖြစ်ကြောင်းသူက ပြောသည်။

“ ကျွန်တော်တို့အနေနဲ့ ရထားပို့ဆောင်ရေး ၀န်ကြီးဌာနကို ဓည၀တီမြို့ ဟောင်းပေါ်က ဖြတ်မဖေါက်ဖို့နဲ့ တခြားနေရာက လွဲပြောင်း ဖေါက်လုပ်ဖို့ စာရေးသား တင်ပြထားတာတွေ ရှိပါတယ်။ ဒါပေမယ့် သူတို့က လုံးဝ ဂရုမစိုက်ဘူး။ တခြား ဖေါက်လို့ရတဲ့ လမ်းကြောင်းတွေ အများကြီးရှိတယ်။ ဒါပေမယ့် သူတို့က မဖေါက်ဘူး။ ခုလို လုပ်တာဟာ ရခိုင်ယဉ်ကျေးမူု အမွေအနှစ် တွေကို ဖျက်ဆီးဖို့ သူတို့ အစီအစဉ်ရှိရှိ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ခုလို လုပ်တဲ့ အတွက် ရခိုင်တွေ အတွက်သာမက မြန်မာနိုင်ငံ တခုလုံး အတွက် ကြီးမားတဲ့ ဆုံးရှုံးမူကြီး ဖြစ်ပါတယ်။”

ဓည၀တီ မြို့တော်ဟောင်းမှာ ရခိုင်ဘုရင် စန္ဒသူရိယ မင်းထီးနန်းစိုက်ခဲ့ရာ မြို့ဖြစ်ပြီး အဆိုပါ ဘုရင်သည် ဘုရားရှင်အား ပင့်ဖိတ်ပြီး ယခုမန္တလေးရှိ မဟာမုနိ အပါအ၀င် တခြား မဟာကျိန်၊ မဟာကျန် ဘုရား ဆင်းတုတော် အများအပြားကို သွန်းလုပ်ခဲ့ကြောင်း သမိုင်းအရ သိရသည်။

ယခုအချိန်ထိ ဓည၀တီ မြို့တော်ဟောင်းတွင် နန်းမြို့ရိုးများ၊ အုတ်တံတိုင်းများ အထင်အရှား တည်ရှိနေကြောင်း သိရသည်။

ယခုရထားလမ်းကြောင်း အဆိုပါ ရှေးဟောင်းယဉ်ကျေးမူ အမွေအနှစ်များ ပျက်စီးဆုံးရှုံးသွားမည်ကို ရခိုင်အမျိုးသားများက အထူး စိုးရိမ် လျှက်ရှိကြောင်း သိရသည်။

ယခု ဖေါက်လုပ်နေသော ရထားလမ်းသည် ဓည၀တီ မြို့တော်ဟောင်း ကိုသာမက ဝေသာလီ မြို့တော်ဟောင်းကိုပါ ဖြတ်ဖေါက်မည် ဖြစ်သဖြင့် နအဖ စစ်အစိုးရ အနေဖြင့် ရခိုင်ပြည်နယ်တွင် လမ်းပန်းဆက်သွယ်ရေး လွယ်ကူရေး ရည်မှန်းချက်ထက် ရှေးဟောင်း အမွေအနှစ်များကို ဖျက်ဆီးလိုသည့် ရည်ရွယ်ချက်က ပိုရှိနေကြောင်း အများက ခန့်မှန်းပြောဆိုနေကြောင်း သိရသည်။

၎င်းပြင် လက်ရှိဖေါက်လုပ်ထားသော စစ်တွေ-ရန်ကုန် ကားလမ်းမှာ သွားလာ၍ မရအောင် ပျက်စီးနေသော်လည်း ကားလမ်းကို တိုးတက်ကောင်းမွန်အောင် မပြုပြင်ဘဲ နောက်ထပ် ရထားလမ်း တစ်ခုကို ဖေါက်လုပ်လာခြင်းမှာ နောက်ကွယ်က အကြောင်းအရာ များစွာရှိနေကြောင်း စစ်တွေမှ ရဟန်းပျိုတစ်ပါးမှ သုံးသပ် ပြောကြားသည်။
http://www.narinjara.com/detailsbur.asp?id=2923

Tuesday, November 30, 2010

မြောက်ဦး ရထားလမ်း လမ်းကြောင်းသစ် ဖောက်မည်

နယူးဒေလီ (မဇ္ဈိမ) ။       ။ ရခိုင့်ရှေးဟောင်းမြို့တော် မြောက်ဦးမြို့အတွင်း ဖောက်လုပ်ဆဲ ရထားလမ်းကို လွှဲပြောင်းကာ လမ်းကြောင်းသစ်ဖြင့် ဖောက်လုပ်သွားရန် စစ်အစိုးရ ဝန်ကြီးနှစ်ဦးက ယခုလ ၂၅ ရက်နေ့တွင် ညွှန်ကြားလိုက်ပြီ ဖြစ်သည်။

ဖောက်လက်စ ပြည်စိုးကြီးဘုရားနေရာမှ မြို့မြောက်ဘက်ရှိ ဝါးလုံးပျံ တံတိုင်းများသို့ လမ်းကြောင်း ပြောင်းရန်နှင့် တံတိုင်းများအပေါ် ဖြတ်ကျော်ရာတွင် ကျောက်တံတိုင်းများ တွေ့ရှိပါက မြေသားဖို့ပြီး ဖောက်လုပ်ရန် ယခုလ ၂၅ ရက်နေ့တွင် ရန်ကုန်ရှိ

ရှေးဟောင်းသုတေသနဌာနက ရထားဝန်ကြီးဌာနကို
Koe_Thoung_Pahtoetaw
ရခိုင်ပြည်နယ် မြောက်ဦးမြို့အနီးရှိ သမိုင်းဝင် ကိုးသောင်းပုထိုးတော်ကြီး။ ရထားလမ်းသစ်ဖောက်လုပ်မှုတွင် လမ်းကြောင်းဦးတည်နေမှုကြောင့် ပျက်စီးဖွယ်ရှိနေသည်ဟု ဒေသခံများက ဆိုသည်။
အသိပေးခဲ့သလို၊ ယခုလ ၂၅ ရက်နေ့တွင် စက်မှု (၁) ဝန်ကြီး ဦးအောင်သောင်းနှင့် ပို့ဆောင်ရေးဝန်ကြီး ဦးသိန်းဆွေတို့ မြောက်ဦးသို့ ကိုယ်တိုင်သွားရောက်ကာ လမ်းကြောင်းသစ်ကို ရွေးချယ်ပေးခဲ့ခြင်း ဖြစ်သည်။

“ အခုလမ်းက ရန်ကုန်-စစ်တွေ ကားလမ်းပေါ် ရောက်သွားတော့ ရှေးဟောင်းဘုရားတွေကို ကင်းလွတ်တဲ့ နယ်မြေ ဖြစ်သွားတာပေါ့။ အရင်ထက်စာရင် ကောင်းသွားတယ်” ဟု မြောက်ဦးမြို့မှ အမည်မဖော်လိုသည့် သမိုင်းသုတေသီ တဦးက မဇ္ဈိမကို ပြောသည်။

မင်းဘူး-အမ်း-စစ်တွေ ရထားလမ်း ဖောက်လုပ်ရာတွင် မြောက်ဦးမြို့အရောက် ရှေးဟောင်း စေတီပုထိုးများနှင့် အမွေအနှစ်များ ပျက်စီးသည်ဟုဆိုကာ ရခိုင်ပြည်သူများက ယခုလ ၁၅ ရက်နေ့တွင် အနောက်ပိုင်းတိုင်းမှူးထံ စာရေးသား တိုင်ကြားခဲ့သေးသည်။

“တိုင်စာ တင်လိုက်တဲ့အခါမှာ ယဉ်ကျေးမှု ဝန်ကြီးဌာနက ချက်ချင်း ရထားဝန်ကြီးဌာနကို အကြောင်းကြားတယ်။ အဲဒီ် ရထားဖောက်လုပ်ရေးကို ရပ်တန့်ပြီးတော့ ဘယ်လောက်ပျက်သွားပြီလဲကို စစ်ဆေးပြီး၊ ပျက်စီးသွားတဲ့ ရှေးဟောင်း အမွေအနှစ်တွေကို ပြုပြင်ပြီးတော့ လမ်းအူကြောင်းအသစ် ဖောက်လိုက်တာပါ” ဟု သမိုင်းသုတေသီက ပြောသည်။

Htoke_Kan_Thaim_Pahtoetaw
ရခိုင် ရှေးဟောင်းအမွေအနှစ် ထုက္ကန်သိမ် ပုထိုးတော်ကြီးပုံ။ စစ်တွေ- အမ်း- မင်းဘူး ရထားလမ်းသစ် ဖောက်လုပ်မှုကြောင့် ရခိုင်ပြည်နယ် ရှေးဟောင်းအမွေအနှစ် စေတီပုထိုးများ ပျက်စီးဖွယ်ရှိနေသည်။
ရှေးဟောင်းဇုန်တွင် မြေကြီးများ တူးဆွခြင်း၊ တောင်ဖြိုခြင်း၊ ခံတပ်များ ထိခိုက်ခြင်း မပြုလုပ်ရန်နှင့် ရှေးဟောင်းပစ္စည်း လက်ဝယ်တွေ့ရှိလျှင် မည်သူမဆို ဥပဒေအရ အရေးယူနိုင်ကြောင်း ရှေးဟောင်းယဉ်ကျေးမှုဌာနကလည်း ယခုလ ၂၅ ရက်နေ့တွင်ပင် အမိန့်ထုတ်ခဲ့ကြောင်း သူက ဆက်ပြောသည်။

ကျောက်တော်-မြောက်ဦး လမ်းပိုင်းကို ယခုလ ၇ ရက်နေ့တွင် စဖောက်ခဲ့ရာ သဇင်တံ၊ မင်္ဂလာမာန်အောင်နှင့် ခြင်ကိုက်၊ ကသဲအိုင်ကျုံး စသည့် တံတိုင်း ၁ဝ ခုနှင့် ဘုရားသုံးဆူ ပျက်စီးသွားနိုင်သည်ဟု ဒေသခံများက ပြောဆိုထားကြသည်။

၂ဝဝ၉ ခုနှစ် မေလမှစ၍ ရထားလမ်း စဖောက်ရာ စစ်တွေ-ရေချမ်းပြင် လမ်းပိုင်းနှင့် ကွမ်းတောင်-ယိုးတရုတ်လမ်းပိုင်းတို့ ပြီးစီးခဲ့ပြီဖြစ်သည်။ မြေသားလမ်းတွင် ကျောက်တော်-မြောက်ဦး လမ်းပိုင်းပြီးစီးမှု ၇၅ ရာခိုင်နှုန်းရှိသည်ဟု စစ်တွေရှိ ရထားလမ်းဖောက်လုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတဦးအဆိုအရ သိရသည်။

http://mizzimaburmese.com/news/inside-burma/6511-2010-11-30-08-47-48.html

စစ်တွေ-အမ်း ရထားလမ်း ရှေးဟောင်းအမွေအနှစ်ဒေသကို ရှောင်ကွင်း

စစ်တွေ-အမ်း ရထားလမ်း ရှေးဟောင်းအမွေအနှစ်ဒေသကို ရှောင်ကွင်း

2010-11-29
စစ်တွေ အမ်း ရထားလမ်းကို မြောက်ဦးမြို့ ကိုးသောင်းဘုရားပုထိုးနဲ့ ကိုက် ၅၀၀ အကွာက ဖောက်လုပ်မဲ့ လမ်းကြောင်းအစား တခြားလမ်းက လမ်းလွှဲဖောက်လုပ်ဖို့ ယဉ်ကျေးမှုဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်က ညွှန်ကြားချက် ထုတ်ပြန် လိုက်ကြောင်းသိရပါတယ်။
(Photo: Jmhullot/ WikiMedia)
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ရှိ နာမည်ကြီး ရှေးဟောင်း စေတီ ဖြစ်သော ကိုးသောင်းဘုရားကို အဝေးမှ မြင်ရပုံ ဖြစ်ပါသည်။ ရခိုင် မင်းနေပြည်တော်ဟောင်း မြောက်ဦးမြို့တွင် အဖိုးမဖြတ်နိုင်သော ရှေးဟောင်း ဘုရားနှင့် သမိုင်းဝင် အဆောက်အအုံ များစွာ တည်ရှိနေပါသည်။ (Photo: Jmhullot/ WikiMedia)
ရန်ကုန်-စစ်တွေ ရထားလမ်း ဖောက်လုပ်ရာမှာ မြောက်ဦးမြို့က ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်တွေ ပျက်စီးကုန်တဲ့အတွက် ဒေသခံတွေက တိုင်ကြားရာက အခုလို လမ်းလွှဲဖောက်လုပ်ဖို့ စီမံချက် ထွက်ပေါ်လာတာ ဖြစ်ကြောင်း ရခိုင် ရှေးဟောင်း အမွေအနှစ်တွေကို လေ့လာနေတဲ့ ဒေသခံတဦးက RFA ကို ပြောပါတယ်။
ယဉ်ကျေးမှုဝန်ကြီးဌာနကို မေတ္တာရပ်ခံစာ ပို့တဲ့အခါမှာ ယဉ်ကျေးမှုဝန်ကြီးက အဲဒီ မီးရထားလမ်းကို တားပေးဖို့အတွက် စာထုတ်ပြီး ရှေးဟောင်း သုတေသနဌာန ညွှန်ကြားရေးမှူးချုပ် ကိုယ်တိုင် ကွင်းဆင်းစစ်ဆေးဖို့ ခိုင်းကြောင်း ပြောပါတယ်။ အဲဒီလို ကွင်းဆင်း စစ်ဆေးပြီးနောက် ရထားလမ်းကို မြောက်ဖက်ကို ရွှေ့လိုက်ကြောင်း အဲဒီ ဒေသခံက ပြောပြပါတယ်။
ဒါ့အပြင်လည်း ပြိုပျက်နေတဲ့ သဇင်တံ ဘုရား ၂ ဆူကိုလည်း ပြန်လည် ပြုပြင်ပေးဖို့ ယဉ်ကျေးမှုဝန်ကြီးဌာနက အမိန့် ထုတ်ပြန်ထားကြောင်းလည်း ပြောပါတယ်။
ရထားလမ်း ဖြတ်သွားတဲ့ ဇုံနယ်မြေအတွင်းမှာ နောက်ထပ် တစုံတရာ မြေကြီး မတူးရ၊ တောင်မဖြိုရ၊ နောက်တခါ ရှေးဟောင်း အဆောက်အအုံ တွေ့ရှိရင် ချက်ချင်း ရပ်ရမယ်၊ ဥပဒေအရ အရေးယူမယ်ဆိုတဲ့ စာတွေကို ယဉ်ကျေးမှု ဝန်ကြီးဌာနက ရထားပို့ဆောင်ရေး ဝန်ကြီးဌာနကို ပို့ကြောင်း သူက ပြောပြပါတယ်။
အခုလို လမ်းလွှဲဖောက်လုပ်မဲ့ အစီအစဉ်ကြောင့် ရှေးဟောင်း အမွေအနှစ်တွေ ပျက်စီးဆုံးရှုံးမှု နည်းပါးသွားနိုင်တဲ့အတွက် ဒေသခံတွေအနေနဲ့ အနည်းငယ် စိတ်သက်သာရာ ရသွားကြတယ်လို့လည်း ဆိုပါတယ်။

http://www.rfa.org/burmese/news/controversial_railroad_diverted_to_new_route-11292010132333.html

မြောက်ဦး ရှေးဟောင်း သမိုင်းဝင်နေရာ ဖြတ်မယ့် ရထားလမ်းကြောင်း ပြောင်း

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့က ရှေးဟောင်း သမိုင်းဝင် နေရာတွေကို ဖြတ်သန်း ဖောက်လုပ်မယ့် ရထားလမ်းကို ရဟန်းသံဃာတွေ၊ ဒေသခံတွေဘက်က ကန့်ကွက်မှုတွေ ရှိနေတာကြောင့် အခုဆိုရင် လမ်းကြောင်းပြောင်းလဲ ဖောက်လုပ်ဖို့ အာဏာပိုင်တွေဘက်က သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်ပါတယ်။ အပြည့်အစုံကို စုံစမ်းထားတဲ့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုကျော်ထင်က တင်ပြပေးထားပါတယ်။
မြောက်ဦးကို ဖြတ်သန်းမယ့် မင်းဘူး၊ အမ်း၊ စစ်တွေ ရထားလမ်းဟာ ရှေးဟောင်း ယဉ်ကျေးမှုနယ်မြေကို ဖြတ်ပြီး ဖောက်လုပ်မှာမို့ ကန့်ကွက်ပြောဆိုမှုတွေ ရှိလာတာကြောင့် နဂိုသတ်မှတ်ထားတဲ့ လမ်းကြောင်းကို အနည်းငယ် ပြောင်းလဲလိုက်တာ ဖြစ်ပါတယ်။
တောင်းဆို တင်ပြမှုတွေကြောင့် ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၈ ရက်နေ့က ယာယီရပ်တန့်ထားတဲ့ ရထားလမ်း ဖောက်လုပ်မှုကို ရှေးဟောင်းသုတေသန ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးလွင်နဲ့ အဖွဲ့ လာရောက် ဖြေရှင်းတာကြောင့် ပြီးခဲ့တဲ့ သောကြာနေ့က သဘောတူညီမှု ရခဲ့တာ ဖြစ်ပါတယ်။
စောစောပိုင်းက ဖောက်လုပ်စဉ် ပျက်စီးခဲ့တဲ့ ပြည်စိုးကြီးဘုရား၊ သဇင်တံ တံတိုင်းနဲ့ စင်္ကြန်ဟောင်းတွေကိုပါ ပြန်လည်ပြုပြင်ပေးဖို့နဲ့ ရှေးဟောင်းဝတ္ထုပစ္စည်း ဥပဒေအရ ကင်းလွတ်အောင်လုပ်ဖို့ ယဉ်ကျေးမှု ၀န်ကြီးဌာနက မီးရထား ၀န်ကြီးဌာနကို အကြောင်းကြားထားတယ်လို့လည်း အမည်မဖော်လိုတဲ့ ရှေးဟောင်း သုတေသန အရာရှိဟောင်း တဦးက ဗွီအိုအေကို ပြောပါတယ်။
အခုပြောင်းလဲလိုက်တဲ့ လမ်းကြောင်းဟာ ဒေသခံတွေ တင်ပြတဲ့ မြောက်ဦးမြို့ တောင်ဘက်နဲ့ အနောက်ဘက် လမ်းကြောင်း မဟုတ်ပေမဲ့ အရင်သတ်မှတ်ထားတဲ့ လမ်းကြောင်းနဲ့ စာရင် ယဉ်ကျေးမှု အမွေအနှစ် ပျက်စီးမှု သက်သာမှာ ဖြစ်တယ်လို့ သိရပါတယ်။
အရင် လမ်းကြောင်းဟောင်းအတိုင်း ဆိုရင် မင်္ဂလာမန်အောင်တံတိုင်း၊ နန်းရုံတံတိုင်းတို့ကို တိုက်ရိုက် ဖြတ်သန်းသွားမှာဖြစ်ပြီး ပြောင်းလဲလိုက်တဲ့ လမ်းကြောင်းသစ်အရ ပြည်စိုးကြီး ဘုရားကနေ မြောက်ဘက်တည့်တည့် ဖောက်မှာမို့ အဲဒီတံတိုင်းတွေကို ရှောင်ကွင်းနိုင်မှာဖြစ်ပြီး နာမည်ကြီး ကိုးသောင်းဘုရားနဲ့ ပေ ၅၀၀ အကွာက ဖြတ်သန်းမှာ ဖြစ်ပါတယ်။
အခုလို လမ်းကြောင်းပြောင်းမှုအပေါ် ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က…
“ကျနော်တို့ တောင်းဆိုတဲ့ ရှောင်ကွင်းလမ်းကြောင်းကို မရပေမဲ့ သတိထားပြီးခါမှ ပျော့ပျောင်းလာတဲ့သဘော၊ ပြည်သူလူထု ဆန္ဒအပေါ် လိုက်လျောမှု ရှိတဲ့သဘော၊ သမိုင်းရဲ့ အမွေအနှစ်အပေါ် တစုံတခု အတိုင်းအတာထိ တန်ဖိုးကို ပိုပြီး အလေးအနက်ထားတဲ့ သဘောလို့ပဲ သုံးသပ်ပါတယ်။” လို့ ပြောသွားပါတယ်။
ရထားလမ်း အူကြောင်းကို မီးရထား ၀န်ကြီးဌာနက သတ်မှတ်တာဖြစ်ပြီး Steel Stone ကုမ္ပဏီက တာဝန်ယူ ဖောက်လုပ်တာ ဖြစ်ပါတယ်။
ဒေသခံတွေ တင်ပြတဲ့ လမ်းကြောင်းက ငွေကြေးကုန်ကျမှု များနိုင်လို့ အာဏာပိုင်တွေက သဘောမတူခဲ့ဘူးလို့ သိရပါတယ်။ လမ်းကြောင်းသစ် ပြောင်းတယ် ဆိုပေမဲ့ သမိုင်းယဉ်ကျေးမှု နယ်မြေကို ရှောင်ကွင်းနိုင်ရင် ပိုကောင်းတယ်လို့ ဒေါက်တာအေးမောင်က ဆက်ပြောပါတယ်။
“မူရင်းလမ်းကြောင်းနဲ့ စာရင်တော့ ပိုခံသာတဲ့သဘော ရှိပါတယ်။ ဒါပေမဲ့ ငွေကြေးကုန်မှာကို ဒီနေရာမှာ ထည့်မတွက်သင့်ပါဘူး။ နောင်နှစ်ပေါင်းများစွာ ဖြတ်သန်းမယ့် ရထားလမ်းဟာ သမိုင်းဇုန်၊ Archaeological Zone ကို ရှောင်ကွင်းသွားတာကတော့ အရေးတကြီး လိုအပ်ပါလိမ့်မယ်။ အခု ဒုတိယ ဦးစားပေး လမ်းကြောင်းကို သူတို့ တိုင်ပင်ပြီးခါမှ လမ်းကြောင်းဟာ မူလသွားမယ်ဆိုတဲ့ လမ်းကြောင်းနဲ့စာရင် ဒေသခံ သမိုင်းပညာရှင်တွေရဲ့ အမြင်အားဖြင့် တစုံတခု အတိုင်းအတာထိ ခွင့်ပြုနိုင်တဲ့ အခြေအနေမှာ ရှိပါလိမ့်မယ်လို့ ကျနော်ထင်ပါတယ်။”
မြောက်ဦးမြို့ကို အေဒီ ၁၄၃၀ မှာ မင်းစောမွန်က တည်ထောင်ခဲ့တာဖြစ်ပြီး အေဒီ ၁၇၈၄ မဟာသမ္မတ ရာဇာမင်း လက်ထက်မှာ ဘိုးတော်ဘုရား သိမ်းယူခဲ့တာကြောင့် မြောက်ဦးခေတ် အဆုံးသတ်ခဲ့ပါတယ်။
http://www.voanews.com/burmese/news/myanmar-mrauk-u-railroad-110969904.html

Monday, November 29, 2010

မြောက်ဦး စေတီများကို မထိခိုက်စေရန် ရထားလမ်း လွှဲပြောင်း ဖောက်လုပ်မည်

စစ်တွေ - အမ်း ရထားလမ်းကို မြောက်ဦး ရှေးဟောင်း အမွေအနှစ်များ ဖြစ်သည့် ကိုးသောင်း ဘုရားပုထိုးများနှင့် ကိုက် ၅၀၀ ၀န်းကျင်မှ ဖြတ်ကာ ဖောက်လုပ်မည့် လမ်းအူကြောင်း အစား တခြား လမ်းအူကြောင်းတခုမှ လွှဲပြောင်း ဖောက်လုပ်ရန် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးလွင်က ညွှန်ကြား လိုက်ကြောင်း၊ ထို့အပြင် ပြိုပျက်နေသည့် သဇင်တံ ဘုရား ၂ ဆူကိုလည်း ပြန်လည် ပြုပြင်ပေးမည်ဟု ကတိပြုထားကြောင်း မြောက်ဦး ဒေသခံတဦးက ပြောသည်။

http://irrawaddy.org/bur/index.php/news/2010-11-12-10-25-42/5081-2010-11-29-08-03-05

Thursday, November 25, 2010

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးထံသို့ ရခိုင်ပြည်သူလူထုမှ မေတ္တာရပ်ခံချက်




ရထားလမ်းကြောင့် ရခိုင်ရှေးဟောင်း အမွေအနှစ်များ ပျက်စီး ဆုံးရှုံးနေမှုနှင့် ပတ်သက်၍ ရခိုင် အဖွဲ့ အစည်းများမှ သဘောထား ထုတ်ပြန်

မောင်ရမ္မာ
------------
ရခိုင် ရှေးဟောင်းမြို့တော် မြောက်ဦးမြို့ကို ဖြတ်ပြီး ရထားလမ်း ဖေါက်လုပ်နေသဖြင့် ရှေးဟောင်း သမိုင်းဝင် အမွေအနှစ်များ အကြီးအကျယ် ပျက်စီးနေရာ ရခိုင်သံဃာ့သမဂ္ဂနှင့် ရခိုင်ပြည် အမျိုးသား ကောင်စီက နိုဝင်္ဘာလ ၂၂ ရက်နေ့က ကျေညာချက် ထုတ်ပြန်ပြီး ရထားလမ်း ဖေါက်လုပ်နေခြင်းကို ကန့်ကွက် လိုက်ကြောင်း သိရသည်။

ရခိုင်သံဃာ့သမဂ္ဂမှ ကျေညာချက် ထုတ်ပြန်ရခြင်းနှင့် ပတ်သက်ပြီး ဥက္ကဌ ဆရာတော် ဦးသီဟက ယခုကဲ့သို့ မိန့် ကြားသည်။

“ ထုတ်ပြန်ရတဲ့ ရည်ရွယ်ချက်က လူမျိုးတမျိုးမှာ အဓိက စံသတ်မှတ်ချက်ဟာ အဲဒီ လူမျိုး တမျိုးရဲ့ ရှေ့ဟောင်း ယဉ်ကျေးမှု အနုပညာ လက်ရာတွေပေါ်မှာ မူတည်လို့ ရှိပါတယ်။ အဲဒီ လူမျိုး တမျိုးရဲ့ စံချိန် စံညွန်း ဟာလည်း အဲဒီလူမျိုး တမျိုးရဲ့ သမိုင်းနောက်ခံ အပေါ်မှာ အခြေ တည်နေတဲ့ အတွက်ကြောင့် အခု နအဖ စစ်အစိုးရက ဖေါက်လုပ်နေတဲ့ ရထားလမ်းဟာ လူသားတွေအတွက် အကျိုးပြုဖို့ ဆိုတာထက် ရှေးဟောင်း အမွေ အနှစ်တွေကို ပျက်စီးနေတယ်လို့ ဦးဇင်းတို့ မြင်တယ်။ ခံစားမိတယ်။ နောက်တချက်က ဘိုးတော်မောင်ဝိုင်း သိမ်းပြီးတဲ့ နောက်ပိုင်းက ပြောင်းလို့ ရတာတွေ ကို ပြောင်း၊ ယူလို့ရတာတွေကိုယူ၊ ယူလို့မရတာတွေကို မီးတိုက်ဖျက်ဆီးခဲ့တယ်။ အဲဒါတွေကို မကျေနပ်တဲ့ တိုင်အောင် ယနေ့ထိ ရခိုင်ယဉ်ကျေးမှုတွေကို ဖျက်ဆီးလာ တယ်။ ရခိုင် ယဉ်ကျေးမှု တွေကို ဗမာ ယဉ်ကျေးမှုပြုလာတယ်။ ဒီလိုဖျက်ဆီးလာတာတွေကို လက်ပိုက်ကြည့်မ နေနိုင်၊ ဒါကြောင့် ကန့်ကွက် ရတာဖြစ်ပါတယ်။”

ရခိုင်သံဃာ့သမဂ္ဂအနေဖြင့် အဆိုပါရှေ့ဟောင်းအမွေအနှစ်တွေဖျက်ဆီးနေမှုကို ရပ်တန့်စေရန် အတွက် ကမ္ဘာ့ ကုလသမဂ္ဂ အပါအ၀င် ရှေးဟောင်း သုတေသနအဖွဲ့များနှင့် နိုင်ငံတကာ အဖွဲ့ အစည်းများကို တိုင်ကြားရန် အစီ အစဉ်ကို မကြာခင် အကောင်အထည်ဖေါ် လုပ်ဆောင်မည်ဟု ဆရာတော်က ပြောသည်။

ယခုကဲ့သို့ နအဖ စစ်အစိုးရ၏ စစ်တွေ-အမ်း ရထားလမ်းပိုင်း ဖေါက်လုပ်နေရာတွင် ရှေးအဟောင်း အဆောက်အဦးများ ဖျက်ဆီးခံနေရခြင်းမှာ ရည်ရွယ်ချက် ရှိရှိ ပြုလုပ်နေခြင်းဖြစ်သည်ဟု ရခိုင်ပြည် အမျိုးသား ကောင်စီ အထွေထွေအတွင်းရေးမှူး ကိုထွန်းဇော်က ယခုကဲ့သို့ ပြောသည်။

“ရထားလမ်းဖေါက်လုပ်မှုဟာ ရခိုင်ပြည်ရဲ့ လမ်းပန်းဆက်သွယ်ရေးခက်ခဲတွေကို ကျော်လွှားဖို့ အတွက် စစ်အုပ်စုက ရည်ရွယ်ချက်ရှိရှိနဲ့ ဖွံဖြိုးတိုးတက်ရေးအစီအစဉ်အရ လုပ်တယ်ဆိုလို့ရှိရင် ကျွန်တော်တို့က ကန့်ကွက်စရာ တခုလည်း မရှိပါ။ အခုလက်ရှိမြင်နေရတာက ရခိုင် အမျိုးသားတွေ အပေါ်မှာ သွယ်ဝိုက်တဲ့နည်းနဲ့ ဖိနှိပ်မှုတွေကို ပိုပြီးလုပ်နေတယ်လို့ ယူဆတယ်။ ဒုတိယတချက်က ရန်ကုန် စစ်တွေကားလမ်းဖေါက်တဲ့အခါ တခါအတွေ့အကြုံရခဲ့ပြီ။ ရှေးဟောင်းသမိုင်း အမွေအနှစ် တွေကို ဖျက်ဆီးရုံသာမက ဒေသခံတွေ အတင်းအဓမ္မ လုပ်အားပေးစေခိုင်းခဲ့တယ်။ အဲဒါဟာ ကားလမ်း ဖေါက်တဲ့အခါ ရလိုက်တဲ့အတွေ့အကြုံပါ။ အခု အလားတူဘဲ မီးရထား လမ်းဖေါက်လုပ်တဲ့ အခါမှာလည်း မြောက်ဦးမြို့မှာဆိုရင် အားလုံးမြင်ကြတဲအတိုင်းဘဲ။ ဆုံးရှုံးပျက်စီးမှုတွေဟာ သိသိ သာသာ ဖြစ်နေပါတယ်။ ANC အနေနဲ့ သဘောထားရှိတာက အဲဒါတွေဟာ ရည်ရွယ်ချက်ရှိရှိနဲ့ ဖျက်ဆီး နေတယ်လို့ ကျွန်တော်တို့ သုံးသပ်မိပါတယ်”ဟု ပြောသည်။

ယခုဖေါက်လုပ်နေသော ရထားလမ်းနှင့် ယခင် ရန်ကုန်-စစ်တွေ ကားလမ်း ဖေါက်လုပ်စဉ်ကလည်း ဓည၀တီ မြို့တော်ဟောင်းနှင့် ဝေသာလီ မြို့တော်ဟောင်းများကို ဖြတ်ပြီး ဖေါက်လုပ်ခဲ့သဖြင့် သမိုင်းဝင် အဆောက်အဦးများစွာ ပျက်စီးသွားခဲ့ရသည်ဟု သိရသည်။

ယခု ဖေါက်လုပ်နေသော စစ်တွေ-အမ်း- မင်းဘူးရထားလမ်းမှာ ၁၅၇ မိုင်ရှည်လျားပြီး နအဖ စစ်အစိုးရမှ ၁၀ နှစ်စီမံကိန်းဖြင့် ဖောက်လုပ်နေသော ရထားလမ်းဖြစ်သည်။
----
http://www.narinjara.com/detailsbur.asp?id=2881

Tuesday, November 23, 2010

စစ်တွေ-မင်းဘူး ရထားလမ်းစီမံကိန်း RNDP ကန့်ကွက်

သိန်းဇော် | ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာလ ၁၇ ရက် ၂၀၁၀ ခုနှစ် ၂၂ နာရီ ၂၅ မိနစ်

နယူးဒေလီ (မဇ္ဈိမ) ။      ။ ရခိုင်ပြည်နယ် မြောက်ဦးမြို့ရှိ ယဉ်ကျေးမှု အမွေအနှစ်များ ပျက်စီးစေသည့် ရထားလမ်း ဖောက်လုပ်မှုကို လက်မခံဟု မြောက်ဦးမြို့ ရှေးဟောင်းပညာရှင်နှင့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP က ပြောဆိုသည်။

၁ဝ နှစ်ကျော်ကြာ ဖောက်လုပ်နေဆဲဖြစ်သော ၁၅၇ မိုင်ရှည် စစ်တွေ-အမ်း-မင်းဘူး ရထားလမ်း စီမံကိန်းတွင် အစိတ်အပိုင်းတခုဖြစ်သည့် ရှေးဟောင်းမြို့တော် မြောက်ဦးမြို့တွင်းပိုင်းကို ယခုလ ၇ ရက်နေ့တွင် စတင်ဖောက်လုပ်ရာ လမ်းတလျှောက် ရှေးဟောင်းစေတီပုထိုး ရုပ်လုံးရုပ်ကြွများ ပျက်စီးလိမ့်မည်ဟု ဆိုသည်။

ရန်ကုန်တိုင်းမ်ဂျာနယ်အဆိုအရ ရထားလမ်းစီမံကိန်းမှာ ၉ဝ ရာခိုင်နှုန်းခန့် ပြီးစီးပြီဟု သိရသည်။ မြောက်ဦးမှသည် အမ်းဘက်ကို ဖောက်လုပ်ရန် ကျန်ရှိနေသည်။

”ဘုရားပုထိုး ကျုံးမြို့ရိုးတံတိုင်း စတာတွေ အများကြီး ရှိပါတယ်။ ဒါတွေအားလုံး ပျက်စီးသွားမှာ’’ ဟု မြောက်ဦး ရှေးဟောင်းသုတေသန ဌာနခွဲတွင် နှစ်ပေါင်း ၂ဝ ကျော် လုပ်ကိုင်ခဲ့သည့် ဒုတိယ ညွှန်ကြားရေးမှူးဟောင်း ဦးကျော်ထွန်းအောင် (အငြိမ်းစား) က မဇ္ဈိမကို ပြောသည်။
လမ်းဖောက်လုပ်စ လက်ရှိအချိန်တွင် ရခိုင်သမိုင်းအတွက် တန်ဖိုးရှိသည့် မြို့ရိုးတံတိုင်း၊ ခံတပ် အပါအဝင် သမိုင်းဝင် ရှေးဟောင်းရုပ်ကြွများ စေတီပုထိုးများ ပျက်စီးကာ၊ အထွဋ်အမြတ် ကိုးသောင်း ပုထိုးတော်ကြီး ပျက်စီးနိုင်သည်ဟု သူက ဆိုသည်။

RNDP ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်ကလည်း ’’သာသနိက အဆောက်အဦးတွေကို ကွေြ့ပီး သွားရမှာ။ ဒါမှ နှစ်ဦးနှစ်ဖက် အကျိုးရှိမှာ။ ရထားလမ်း ဖောက်ခြင်းဖြင့် တဖက်က သာသနိက အဆောက်အဦးတွေ မပျက်စီးရအောင်၊ ရထားနဲ့သွားတဲ့ ခရီးသည်တွေ ဖူးမျှော်နိုင်အောင် လမ်းတွေကို ရွေးချယ်ဖို့ လိုတယ်။ အချက်အလက်တွေ စုဆောင်းပြီးတော့ ဥပဒေဘောင်အတွင်းက အများသိအောင် လုပ်မယ်’’ ဟု မဇ္ဈိမကို ပြောသည်။

ယခုလ ၁၄ ရက်နေ့တွင် မြောက်ဦးမြို့ ရှေးဟောင်းသုတေသနဌာနခွဲ တာဝန်ခံ ဗိုလ်မှူးချစ်ဦးက ရထားလမ်း ဖောက်သူများကို တားမြစ်ခဲ့သလို၊ စစ်တွေခရိုင် ရှေးဟောင်းသုတေသနဌာနသို့ပါ ရပ်တန့်ပေးရန် စာတင်သဖြင့် နောက်ရက်တွင် စစ်တွေမှ ဒုတိယညွှန်ကြားရေးမှူး ဦးစောလွင် လာရောက်ဆွေးနွေးခဲ့သည်။ သို့သော် ယမန်နေ့တွင်မူ ဆက်လက်၍ ဖောက်လုပ်လာပြန်သည်။

ရခိုင်ပြည်နယ် နေရာအနှံ့ ရှေးဟောင်းအမွေအနှစ်များ ရှိသော်လည်း မြောက်ဦးမြို့တော်သည် ရခိုင်ဘုရင် အဆက်ဆက် နန်းစိုက်ခဲ့ရာ မြို့ဖြစ်ပြီး၊ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ မပျောက်ပျက်အောင် ထိန်းသိမ်းရာ မြို့လည်း ဖြစ်သည်။  အေဒီ ၁၇၈၅ ခုနှစ်တွင် ရခိုင့်နောက်ဆုံးဘုရင် မဟာသမ္မတ မင်းနန်းစိုက်ခဲ့ပြီး၊ ရခိုင်တို့၏ နောက်ဆုံး ယဉ်ကျေးမှု အမွေအနှစ်များ တည်ရှိရာ ဒေသဖြစ်ကြောင်း ရမ်းဗြဲ တောင်ကျောင်းဆရာတော် ပြုစုရေးသားခဲ့သည့် ရခိုင်ရာဇဝင် သိုက်ကျမ်းများတွင် ဆိုထားသည်။ မြို့တော်ဟောင်းနေရာ အကျယ်အဝန်းမှာ ၁ဝ မိုင်ဝန်းကျင် ရှိသည်။

ရခိုင်ပြည်နယ်ရှိ ပြတိုက်များတွင် ရှေးဟောင်း အမွေအနှစ်များ တစထက်တစ နည်းပါးလာသလို၊ လက်ရှိ ရှေးဟောင်း သုတေသန ဌာနကလည်း စနစ်တကျ မပြုပြင်သဖြင့် ယိုယွင်းပျက်စီးမှုနှင့် ပျောက်ရှမှုများ ရှိနေသည်ဟု ကန့်ကွက်သူများက ဆိုကြသည်။

ဦးကျော်ထွန်းအောင်က ’’အရင်ကဆိုရင် လမ်းတွေဘာတွေ ဖောက်လုပ်တဲ့အခါမှာ ရှေးဟောင်း အဆောက်အဦးတွေ တွေ့ခဲ့ရင် ချက်ချင်းရပ်ပြီး၊ အဲဒီရှေးဟောင်းပစ္စည်းတွေကို အရင်မူလအတိုင်း ပြုပြင်ခဲ့တာတွေ ရှိတယ်။ အဲဒီနေရာမှာလည်း လမ်းဆက်မဖောက်တော့ဘူး။ အခု လမ်းဖောက်တဲ့အခါ ရှေးဟောင်း အမွေအနှစ်တွေ တွေ့ရင်လည်း မရပ်မနားဘဲ ဆက်ဖောက်ဆိုတဲ့ဟာက တော်တော့ကို အရုပ်ဆိုးပါတယ်’’ ဟု ပြောသည်။

၁၉၅ဝ ခုနှစ်တွင် နိုင်ငံတော်က မြောက်ဦးမြို့၌ ရှေးဟောင်းသုတေသန ဌာနခွဲကို စတင်ထားရှိခဲ့ခြင်း ဖြစ်သည်။
(မဇ္ဈိမသတင်းဌာနမှ ကူးယူဖော်ပြပါသည်။)

http://arakanreview.net/?p=2452

မြောက်ဦးရထားလမ်း ရှေးဟောင်းနှင့် ကုမ္ပဏီ သဘောတူညီမှုမရနိုင်

နယူးဒေလီ ( မဇ္ဈိမ) ။ ။ မြောက်ဦးမြို့ဟောင်း မပျက်စီးအောင် ရှောင်တိမ်းနိုင်မည့် ရထားလမ်းကြောင်းသစ် ရှာရေး ရှေးဟောင်းသုတေသနနှင့် ရထားလမ်းဖောက် ကုမ္ပဏီတို့ သဘောတူညီမှု မရသေးဟု သုတေသနဌာနနှင့် ဒေသခံ သုတေသီများက ပြောသည်။

ရှေးဟောင်းသုတေသန ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးလွင် မနေ့က ကွင်းဆင်းစစ်ဆေးပြီး ရထားလမ်း အူကြောင်းသစ်ရှာရန် တင်ပြခဲ့ရာ မြန်မာ့မီးရထားမှ ကန်ထရိုက်ယူ ဖောက်လုပ်နေသော Steel Stone ကုမ္ပဏီက သဘောမတူဘဲ ပယ်ချခဲ့သည်ဟု အမည်မဖော်လိုသူ ရှေးဟောင်းသုတေသန အရာရှိတဦးက ပြောသည်။

Htoke_Kan_Thaim_Pahtoetaw
ရခိုင် ရှေးဟောင်းအမွေအနှစ် ထုက္ကန်သိမ် ပုထိုးတော်ကြီးပုံ။ စစ်တွေ- အမ်း- မင်းဘူး ရထားလမ်းသစ် ဖောက်လုပ်မှုကြောင့် ရခိုင်ပြည်နယ် ရှေးဟောင်းအမွေအနှစ် စေတီပုထိုးများ ပျက်စီးဖွယ်ရှိနေသည်။

“ တင်ပြတဲ့ လမ်းဟာ ငွေကြေးအကုန်ကျများမယ့်လမ်းလို့ ရထားလမ်း ဖောက်လုပ်ရေးအရာရှိတွေက ချေပတယ်” ဟု သူက ဆိုသည်။

ကုမ္ပဏီဘက်က ရထားလမ်းဆက်ဖောက်ရန် ဆုံးဖြတ်ထားပြီး ရှေးဟောင်းအမွေအနှစ်များ အထိအခိုက်နည်းအောင် လုပ်မည် ပြောသွားသည် ဆိုသည်။

မင်းဘူး-အမ်း-စစ်တွေ ရထားလမ်း မြောက်ဦးမြို့ဟောင်းကို ဖြတ်၍ ဖောက်လုပ်ခဲ့ရာ မြို့ဟောင်း အစိတ်အပိုင်းများနှင့် ဘုရားပုထိုးအချို့ ပျက်စီးသဖြင့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ အပါအဝင် ဒေသခံများက ကန့်ကွက်၍ နိုဝင်ဘာ ၁၈ ရက်က စီမံကိန်း ခေတ္တရပ်နားခဲ့သည်။

Koe_Thoung_Pahtoetaw
ရခိုင်ပြည်နယ် မြောက်ဦးမြို့အနီးရှိ သမိုင်းဝင် ကိုးသောင်းပုထိုးတော်ကြီး။ ရထားလမ်းသစ်ဖောက်လုပ်မှုတွင် လမ်းကြောင်းဦးတည်နေမှုကြောင့် ပျက်စီးဖွယ်ရှိနေသည်ဟု ဒေသခံများက ဆိုသည်
ကျောက်တော်-မြောက်ဦး လမ်းပိုင်းကို ယခုလ ၇ရက် က စဖောက်ခဲ့ရာ သဇင်တံတံတိုင်း၊ မင်္ဂလာမာန်အောင် တံတိုင်း၊ ခြင်ကိုက်တံတိုင်း၊ ကသဲအိုင်ကျုံး၊ စသည့် တံတိုင်း ၁ဝ ခုနှင့် ဘုရားသုံးဆူ ပျက်စီးသွားနိုင်သည်ဟု ဒေသခံ သုတေသီတဦးက ပြောသည်။

ရခိုင်ပြည်နယ်တွင် ၂ဝဝ၉ မေလ မှစ၍ ရထားလမ်း စဖောက်ရာ စစ်တွေ-ရေချမ်းပြင် လမ်းပိုင်းနှင့် ကွမ်းတောင် -ယိုးတရုတ်လမ်းပိုင်းတို့ ပြီးစီးခဲ့ပြီဖြစ်သည်။ မြေသားလမ်းတွင် ကျောက်တော်-မြောက်ဦး လမ်းပိုင်း ပြီးစီးမှု ၇၅ ရာခိုင်နှုန်းရှိသည်ဟု မြန်မာ့မီးရထား တာဝန်ခံတဦးကပြောသည်။

ဒေသခံ သုတေသီများတင်ပြသော မြောက်ဦးရထားလမ်းဖောက်လုပ်ရေးတွင် ပျက်စီးနိုင်သည့် ရှေးဟောင်းအမွေနှစ်များ

သဇင်တံ တံတိုင်း(မြေသား)( ပျက်စီး)
ခြင်ကိုက်တံတိုင်း(မြေသား)(ပျက်စီး)
မင်္ဂလာမာန်အောင်တံတိုင်း(ကျောက်တံတိုင်း) (ပျက်စီး)
ကသဲအိုင်ကျုံး(ပျက်စီး)
ရွှေဇင်းခင် လမ်းမကြီး( ပျက်စီး)
နတ်တုံတံတိုင်း (ကျောက်တံတိုင်း)
(လမ်းအူကြောင်း တွင်ပါဝင်)
ရွာဟောင်း တောတံတိုင်းနှစ်ထပ်
(လမ်းအူကြောင်းတွင်ပါဝင်)
မင်းတရားပြင်တံတိုင်း(၃) ခ
ု( လမ်းအူကြောင်း တွင်ပါဝင်)
မင်းသမီးရေတံခါး
(လမ်းအူကြောင်းတွင်ပါဝင်)
၁၀ ကိုးသောင်းပုထိုးတော်ကြီး
(လမ်းအူကြောင်းတွင်ပါဝင်)




















ပျက်စီးသွားသည့် ဘုရားပုထိုးများ


ပြည်စိုးကြီးဘုရား
သဇင်တံ မှဘုရားနှစ်ဆူ

.


...................
Mizzima News

Twitter Delicious Facebook Digg Stumbleupon Favorites More