We will collect News, Info and so forth concerning 'Burmese Govt.Railroad Project' that will be through the historical inportant town of mrauk-U in Arakan Kingdom.

Burmese Govt. Destroying Our Arakanese Historical Heritage of Mrauk-U in Arakan Kingdom

Scrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image Generator

Monday, November 22, 2010

ရခိုင်ပြည်က မရဏ ရထားလမ်း


လွန်ခရေ ဇူလိုင်လလောက်က စာရွီးသူရေ "Historical Places: Preservation vs Annihilation" (ရှေးဟောင်းမြေထိန်းသိမ်းခြင်းလား၊ သုတ်သင်ခြင်းလား) ဆိုရေ ပို့စ်တစ်ခုကို အင်္ဂလိပ်ဘာသာနင့် ရွီးခပါရေ။ (http://arakanscientia.blogspot.com/2010/07/historic-places-preservation-vs.html ရှု)
အဓိကဆိုလိုရင်းက ဗမာစစ်အစိုးရရေ ဓည၀တီမြို့ဟောင်းနယ်မြေတိကို ဖြတ်ပြီးကေ မြေဖို့ရထားလမ်းဖောက်နိန်ရေ အကြောင်းပါ။ အဂုတခါ ထပ်လာပါသိရေ။ ယင်းမရဏ ရထားလမ်းက မြောက်ဦးမြို့က ဘုရားပုထိုးတိ၊ ခံတပ်တိ၊ ကျုံးတိကို ဖျက်စီးပါဖို့ပျာယ်လတ်။

ဝေသာလီမြို့ရိုးကတော့ကေ အဂုလက်ဟိ ကားလမ်းထက်မှာ ပါလခပါပျာယ်။ ယင်းမြို့ရိုးကို မဖြတ်အောင် ဂုံးကျော်တန်းထားချေ တစ်ခု ဆောက်လို့ရကေလေ့ မဆောက်ခဘဲနာင့် ရှေ့ဟောင်းမြီကို ကတ္တရာနာင့် အပြီးသတ်လောင်းပြီးကေ ပျက်စီးခပါရေ။ နောက်တစ်ခါ ရထားလမ်းကလည်း ဝေသာလီမြို့ရိုးကို ဖြတ်ပါဖို့သိ။

ဗမာစစ်အစိုးရနာင့် တချို့သောဗမာတိရေ ရခိုင်မာ ဓည၀တီမြို့ဟိခရေဆိုစွာကို အဂုထက်သိ တရားဝင်အသိအမှတ်မပြုသိပါ။ ဓည၀တီမြို့ဟောင်းကို သက်သီပြနိုင်ဖို့ ၂၀၀၃ခုနှစ် အောက်တိုဘာလကနိန်စလို့ ဓည၀တီမြို့ဟောင်းကို တူးဖော်ခကတ်ပါရေ။ ၂၀၀၄ ခုနှစ်စာရင်းတိအရ ဆိုကေ နန်းတော်နံရံ၊ မြို့နံရံနာင့်နန်းတော်ဝင်ပေါက်တိကို တွိခရေလို့ ဆိုပါရေ။ (နောက်ဆုံးစာရင်းကို ရနိုင်ကေ အေချင့်ထက် ပိုများစွာကို သိနိုင်ပါဖို့သိ။) နန်းတော်နံရံအထူက ၁၅ ပေနာင့် အမြင့်က ၁၂ ပေလို့ ခန့်မှန်းသိဟိရပါရေ။ နန်းတော်ဝင်ပေါက်ဆိုကေ ၁၄ပေတောင်ကျယ်ရေလို့ သိရပါရေ။ တူးဖော်လီ တွိဟိလီဖြစ်ပါဖို့။ ယေကေလေ့ ရခိုင်သားတိမှာ နိုင်ငံရေအာဏာမဟိသည်က တစ်ကြောင်း၊ ဘဏ္ဍာရေး အင်အားမဟိသည်က တစ်ကြောင်း ရို့ကြောင့် ဓည၀တီမြို့ဟောင်းကို ဆက်ပြီးကေတူးချင်ကေလေ့ ဗမာစစ်အစိုးရ၏ အနှောင့်အယှက်ပီးမှုကြောင့် အကောင်အထည်မဖော်နိုင်ဖြစ်နိန်ပါရေ။ ယင်းကြားထဲက ရခိုင်တိ၏ အစောပိုင်းသမိုင်းတိကို ဆက်လက်ဖျက်ဆီးဖို့အတွက် ဓည၀တီမြို့ဟောင်းကို ပြန်မြေဖို့ပြီးကေ ရထားလမ်းခင်းဖို့ လုပ်နိန်ကတ်စွာကို တွိရပါရေ။

နောက်ဆုံးသတင်းတိအရတော့ မြောက်ဦးမြို့ထဲက ကိစ္စ္ပပါ။ မြောက်ဦးအကြောင်းကို မပြောခင် လမ်းတိ၊ ရထားလမ်းတိ ဒီဇိုင်းဆွဲပုံ၊ ဖောက်ပုံနာင့် ပတ်သက်ပြီးကေ ပြောစရာက ဟိနိန်ပါရေ။ လမ်းအူကြောင်းဆွဲရေ ဒီဇိုင်းအင်ဂျီနီယာတစ်ယောက်၏ အဓိက တာဝန်ရေ ပြည်သူတိအတွက် အန္တရာယ်မဖြစ်နိုင်စီရေ လမ်းကို ဖန်တီးဖို့ဖြစ်ပါရေ။ ဒီဇိုင်းရှုထောင့်က ပြောရကေ အေလမ်းမှာ ယာဉ်မောင်းနှုန်းက တစ်နာရီ မိုင်၅၀နှုန်းပီးထားကေ ယင်းအရှိန်နာင့် အဆင်ပြေအန္တရာယ်ကင်းအောင် လမ်းကွေ့တိကို ပြေပြေချေ ဆွဲရပါရေ။ ယင်းပိုင်ပျာယ် တခြားတာဝန်တိကလည်း ဟိပါရေ။ အမေရိကန်စံနှုန်းအရပြောရဖို့ဆိုကေ လမ်းအူကြောင်းမဆွဲခင် ကိုယ်လျာထားချင်ရေ လမ်းကြောင်းထက်မှာ ရိဟောင်းအမွီအနှစ်တိ ဟိလာ၊ အကျိုးမြေ (wetland)တိဟိလာ၊ flood plain ရီတက်နိုင်ရေ နေရာနာင့် လွတ်လာ၊ သဘာဝပတ်ဝန်းကျင်(သားငါး၊ တိရိစ္ဆာန် အပါအ၀င်)ကို ထိခိုက်မှုဟိလာ စရေ တခြားအချက်အလက်တိကို လေ့လာရပါရေ။

အမေရိကန်ဥပဒေတိအရ သက်တမ်းနှစ် ၅၀ ကျော်ရေ သမိုင်းဝင် အဆောက်အဦးတိဆိုကေ အစိုးရပါးမှာ သမိုင်းဝင်နိန်ရာအဖြစ် လျှောက်ထားပိုင်ခွင့်ဟိပါရေ။ တချို့ ကျော်ကြားရေ ပညာရှင်တိဆိုကေ နှစ်ပေါင်း ၅၀ မကျော်ကေလေ့ သတ်မှတ်ထားစွာနာင့် ကိုက်ညီကေ အစိုးရက သမိုင်းဝင်နိန်ရာအဖြစ် သတ်မှတ်ပီးပါရေ။ အစိုးရက သမိုင်းဝင်နိန်ရာအဖြစ် သတ်မှတ်ပီးထားစွာတိကို Federal Registerလို့ခေါ်ရေ ဗဟိုအစိုးရဂျာနယ်မှာ ထည့်ပြီးကေ လူသိရှင်ကြား ကြေညာပီးပါရေ။ သက်ဆိုင်ရာဌာနတိမှာ စာရင်းတိ(database)အနိန်နာင့် ပြုစုထားပီးပါရေ။ အစိုးရက တချို့ကို ဖဲ့ချာတိ ထုတ်ပီးပြီးကေ ပြုပြင်မွမ်းမံခြင်းတိကိုလည်း လုပ်ပီးတတ်ပါရေ။ တဘက်မှာ သမိုင်းဝင်နိန်ရာတိကို စနစ်တကျ ပြုစုပီးထားလို့လည်း အင်ဂျင်နီယာတိအတွက် အချက်အလက်ယှာရစွာ လွယ်ပိုင်ပျာယ် သမိုင်းဝင်နိန်ရာတိကိုလည်း ကာကွယ်ပြီးသား ဖြစ်လားပါရေ။

ဆိုကေ အကျွန်ရို့နိုင်ငံနာင့် စိကေချေနှိုင်းယှဉ်ကတ်ပါမေ။ ပြောဖို့တောင်မလို ဆီနာင့်ရီပါရာ။
အကျွန်ရို့နိုင်ငံမှာ ဟိရေ ယိုင်ကျေးမှုဝန်ကြီးဌာနက ယိုင်ကျေးမှုကို ကာကွယ်ရဖို့အစား ဖျက်ရာစီးနိန်ပါရေဂါ။ အေပိုင်နှစ်ပေါင်း ရာချီ၊ ထောင်ချီကျော်ရေ သမိုင်းဝင်ပစ္စည်းတိကို မကာကွယ်၊ မထိန်းသိမ်းဆိုကေ ဇာချင့်ကို ထိန်းသိမ်းခီပါဖို့လဲ။ တခြားနိုင်ငံမှာ နှစ်ပေါင်း ၅၀ကျော်ကို ပပိုက်နနှိက်ထိန်းသိမ်းနိန်ကတ်နိန်တေ အချိန်မှာ လက်ဟိအာဏာရှဗမာစစ်အစိုးရက ရခိုင်ပြည်က အဖိုးတန်ပစ္စည်းတိကို ဆယ်ပြားစိလောက်တောင် တန်ဖိုးမဟိပိုင် လုပ်နိန်ပါဂါ။ အထဲက ရခိုင်လူကြီးတစ်ယောက် သက်ဆိုင်ရာနာင့် ပြောလို့သိရစွာက အထက်က လူကြီးတိကလည်း သိပါရေလတ်။ ယိုင်ကျေးမှုဝန်ကြီး၊ ဆောက်လုပ်ရေးဝန်ကြီး သိကတ်ပါရေ။ ယေကေလေ့ ဆက်ဆောက်ပါရေမနားယေ။ ရခိုင်သားမှာ Bargaining Power(ညှိနှိုင်းနိုင်ရေ၊ တန်းတူပြောနိုင်ရေ အာဏာ)က မဟိပါ။ ရထားလမ်းနာင့် ပတ်သက်ပြီးကေ ရခိုင်ပါတီက ဥက္ကဌ ဒေါက်တာအေးမောင်က ဦးကျော်ထွန်းအောင် (ရှေးဟောင်းသုတေသန ညွှန်ကြားရေးမှူး၊ မြောက်ဦးဌာနခွဲ)ကိုရာ လားတိုင်ပါရေလတ်။ ဦးကျော်ထွန်းအောင်မှာ အာဏာမဟိပါ။ ကိုယ့်ရခိုင်သားအချင်းချင်းပဲ မျက်နှာပျက်ကတ်ပါမေချ လူရို့။ ပြောချင်ကေ၊ တိုင်ချင်ကေ နအဖ ထိပ်တန်းအရာရှိတိနာင့် လားပြောပါ။

နောက်တခါ သတင်းတစ်ပုဒ်မှာ ဖတ်လိုက်ပါရေ။ ယင်းမှာ တာဝန်ကျနိန်ရေ အင်ဂျီနီယာတိကလည်း သူရို့ဆောက်နိန်ရေ ရထားလမ်းကြောင့် သမိုင်းအမွီဇာလောက် ဆုံးရှုံးနိန်လဲ ဆိုစွာကို မသိပါလတ်။ ဇာသိပါဖို့လဲ။ ပညာရေးအတွက် အစိုးရဘားဂျတ် ၁ ရာခိုင်နှုန်းလောက်ရာ သုံးရေ နိုင်ငံမှာ ပညာရေး အဆင့်အတန်း ဇာကိုရောက်နိန်လဲဆိုစွာကို အားလုံးအသိပါ။ အဓိက တရားခံက ဗမာစစ်အစိုးရပါ။ သမိုင်းဝင်နိန်ရာတိကို ကာကွယ်ရေ ဥပဒေ ပြဌာန်းမှု၊ ပြဌာန်းဥပဒေကို စည်းကြပ်မှု၊ အင်ဂျီနီယာ ကျောင်းတိမှာ သမိုင်းဝင်အဆောက်အဦးတိကို ကာကွယ်အောင် သင်ပီးမှု၊ ဒီဇိုင်းဆွဲနိန်ရေ အင်ဂျီနီယာတိ အလွယ်တကူ သုံးနိုင်အောင် သမိုင်းဝင်မြေတိကို စနစ်တကျ စုဆောင်းမှတ်တမ်းတင်မှု။ အေပိုင် နိုင်ငံတစ်နိုင်ငံ စနစ်တကျ တိုးတက်မှုအတွက် လိုအပ်စွာတိကိုကျ မလုပ်ပါဂါ။

နောက်တစ်ခု ပြောချင်စွာက ပြည်သူလူထု၏ ပါဝင်မှုပါ။ အမေရိကန်ပြည်ထောင်စုမှာဆိုကေ လမ်းသစ်တစ်ခု ဖောက်ဖို့အတွက် လျာထားရေ စီမံကိန်းကို ပြည်သူလူထုတိကို ခေါ်ပြီးကေ တင်ပြရပါရေ။ ယင်းပြည်သူတိပါးက public comments (ပြည်သူ့ ပြောဆိုချက်)တိကို ယူရပါရေ။ အထူးသဖြင့် လျာထားရေ စီမံကိန်း၏ ဆိုကျိုးဖြစ်ဖြစ်၊ ကောင်းကျိုးဖြစ်ဖြစ် ခံစားလာနိုင်ရေ ရပ်မိရပ်ဖတိကို မြို့တော်ခန်းမမှာသော်လည်းကောင်း၊ ကျောင်းခန်းမတိမှာသော်လည်းကောင်း စုစီပြီးကေ သူရို့၏ ပူးပေါင်းမှုကို ယူရပါရေ။ အများစုက ကန့်ကွက်ကေ စီမံကိန်းနာင့် ပတ်သက်တေ ပြင်ဆင်ချက်တိကို လုပ်ရပါရေ။ ထပ်ပြီးကေ နောက်တစ်ခေါက်ထပ်တွိ။ ထပ်ဆွေးနွေး။ ယင်းပိုင်လားရပါရေ။ အေဂုက ပြည်သူလူထုတိ ဘုရားစေတီကို ရှိခိုးဖို့လားလို့ တစ်ခြမ်းပြိုပြီးခါမှ သိကတ်ရပါရေ။

အေနိန်ရာမှာ စကားမစပ် ပြောစရာ တစ်ခုက ဟိလာပါရေ။ ဗမာစစ်အစိုးရကိုပဲ ဝေဖန်လို့မပြီး ကိုယ့်လူတိကိုလည်း ပြောစရာဟိပါရေ။ အားလုံးဝိုင်းကူညီပြီးကေ ဖြစ်သင့်စွာတိ အယင်ဖြစ်လာအောင်လို့ပါရာ။ စာရွီးသူရေ အေအကြောင်းနာင့် ပတ်သက်ပြီးကေ ရွီးဖို့ဆိုပြီးကေ အချက်အလက် ယှာစွာ၊ ယှာစွာ သုံးလေးရက် ကုန်လားပါရေ။ တင်ထားရေ သတင်းဌာနတိကလည်း သတင်းကျင့်ဝတ်ကို မလိုက်နာပဲ လူတစ်ယောက် အမိန်းအဖြေကို လုပ်ပြီးကေ ဘလိုင်းအယင် တင်ကတ်ပါရေ။ ဘုရားနာမေတိကလည်း အမှားပါ။ မင်းဖောင်စေတီဆိုလို့ လိုက်ယှာရေ ယှာရေ။ ကိုယ်ကလည်း နိုင်ငံရပ်ခြားမှာ။ ပြည်က စာအုပ်တိက ယှားရေ။ ကိုယ့်မှာ ထိုပြောင်းအေပြောင်းရေကြားက သိမ်းထားစွာ မြောက်ဦးနာင့် ပတ်သက်စွာတိမှာ ယှာရေ။ မင်းဖောင်စေတီက မတွိပါ။ မြောက်ဦးကို ဖုန်းဆက်ကေလေ့ ဖုန်းလိုင်းတိက မကောင်း။ အဆင်ကမပြေ။ ကောင်းဂွကျပါရေ။ ကိုယ်ရွီးလိုက်တေ စာတစ်ပိုဒ် အမှားမပါဖို့ ကောင်းအရေးကြီးပါရေ။ စာရွီးသူကိုယ်တိုင်ကလည်း ရခိုင်သမိုင်းပညာရှင်မဟုတ်။ ကိုယ်စိတ်ဝင်စားသလောက် ဖတ်ဖူးမှတ်ဖူးရာ ဟိပါရေ။ နောက်ခါမှ ဘုရားအုပ်စေတီနာင့် တွဲပြီးခါမှ မင်းခေါင်ကို ပြောစွာဟိဖို့၊ မင်းခေါင်ရွှေတူစေတီကို ပြောစွာဟိဖို့လို့ မိတ်ဆွေတစ်ယောက်က ပြောမှ ဟုတ်လီဖို့လို့ ကောက်ချက်ချရပါရေ။

ယင်းပိုင်ပျာယ် မီးသမ ကျုံးလို့ ဆိုထားပြန်ပါရေ။ လိုက်ယှာရေ မတွိပါ။ မင်းသမီးကျုံးကိုပဲ ပြောစွာဟိပါဖို့။ အေချင့်ရေ သင်္ခန်းစာပါပျာယ်။ ဗမာစစ်အစိုးရအတွက်တည်းရာ မဟုတ်။ ရခိုင်သားတိအတွက်ပါ သင်္ခန်းစာပါ။ ရခိုင်အကြောင်းကို တတ်နိုင်သလောက် စနစ်တကျမှန်မှန်ကန်ကန် ဖြစ်အောင် လုပ်ဖို့ လိုပါဖို့။ electronically ယှာလို့ရအောင်၊ လွယ်အောင် လုပ်ကတ်ရပါဖို့။ အဂုဆိုကေ မြောက်ဦးနာင့် ပတ်သက်လို့ မြေပုံချေ ကောင်းကောင်းတစ်ပုံတောင် ယှာလို့မရပါ။ ခရီးသွားလာရေးကုမ္ပဏီတိက တင်ထားစွာကလည်း မပြည့်စုံပါ။ စာအုပ်ဟောင်းထဲကစွာတိကလည်း အရည်အသွေးမကောင်း။ မြောက်ဦးမြို့ထဲက လားဖို့ ရထားလမ်းမြေပုံဆိုကေ ပြည်ထဲမှာကိုက ယှာလို့ကိုမရသိ။ တိန်ညို ဝေသာလီ အပိုင်းကတော့ ပြည်ထဲက တစ်ယောက်ပို့ပီးလို့ အယင်ဆောင်းပါးမှာ တင်ထားပါယင့်။ ဆိုလိုစွာက ရခိုင်အကြောင်းကို ရွီးချင်ရေ လူတိ ယှာရလွယ်အောင် အားလုံး လုပ်ပီးကတ်ရပါဖို့။ အထူးသဖြင့် အိန်တာနတ်ထက်မှာ လွယ်အောင်ပါ။

ထိုတစ်ရက်နိန့်က သတင်းမှာ အိန်တာဗျူးတစ်ခုကို ကြည့်လိုက်ရပါရေ။ စီးပွားရေး ပညာရှင်တစ်ယောက်နာင့် အိန်တာဗျူးစွာပါ။ စီးပွားရေး နလံပြန်ထူနိုင်ရေးကို ဆွေးနွေးယင်း တရုတ်နာင့် စီးပွားရေးပြိုင်စွာကို ရောက်လခပြီးကေ ယင်းသူက အမေရိကန်ရေ ကမ္ဘာ့ရှေ့တန်းနိုင်ငံတစ်နိုင်ငံအဖြစ် ဆက်လက်ရပ်တည်ဖို့အတွက် သူ့အကြံတိကို ပြောလားခပါရေ။ ယင်းအထဲမှာ စိတ်ဝင်စားစရာတစ်ခုက အမေရိကန်ပြည်ထောင်စု၏ အိမ်တိမှာ သုံးနိန်ရေ အိန်တာနတ်လိုင်းတိထဲမှာ ပိုမြန်ဆန်ရေ Broadbandလိုင်းကို ပိုသုံးကတ်ရဖို့လို့ဆိုပါရေ။ အဂုလက်ဟိအရ broadbandလိုင်းအမျိုးအစားကို စီးပွားရေးကုမ္ပဏီတိ၊ ကျောင်းတိမှာရာ သုံးစွာများနိန်ရေလို့ ဆိုပါရေ။ အိမ်အများစုမှာ သုံးခြင်းအားဖြင့် အိမ်ကနိန်တဆင့် ၀န်ဆောင်မှုတိ၊ စီးပွားရေးလုပ်ငန်းတိကို ပိုမို လုပ်နိုင်ပြီးကေ နိုင်ငံ၏ ကုန်ထုတ်လုပ်မှု အေထက်မက တိုးတက်ပြီးကေ ကမ္ဘာ့ထပ်သီးအင်အားကြီးနိုင်ငံအဖြစ် ဆက်လက် ရပ်တည်နိုင်ဖို့လို့ ဆိုပါရေ။

နိုင်ငံတစ်နိုင်ငံကုန်ထုတ်လုပ်မှု တိုးတက်ဖို့ဆိုစွာက တစ်ဦးချင်းတိုးတက်မှုဟိမှ ဖြစ်ပါရေ။ ယင်းပိုင်ပျာယ် ရခိုင်ပြည်တိုးတက်ဖို့ ဆိုစွာကလည်း ရခိုင်သားတစ်ဦးချင်းစီတိုးတက်မှဖြစ်ပါဖို့။ ယင်းပိုင်တိုးတက်လာကေ၊ ဥပမာ အေကိစ္စပိုင်ပျာယ် တစ်ဦးချင်းစီက ရခိုင်စာများများကို တင်ပီးနိုင်၊ မျှဝေပီးနိုင်ကေ ရခိုင်ပြည်အတွက် တန်ဖိုးပိုမိုဟိရေ ဆောင်းပါးကောင်းတိ သုတေသနစာတမ်းကောင်းတိ ထွက်လာပြီးကေ ရခိုင်သမိုင်းကို ကမ္ဘာ့မှာလည်း တင်ပြနိုင်ပါဖို့။ ယင်းပိုင်တစ်ဦးချင်းမတိုးတက်နိုင်ပဲ တစ်ခါလာလေ့ အေဓာတ်ပြားဟောင်းကို ဖွင့်ပြီးကေ ငြင်းခုံကတ်၊ ကဗျာရွီးနိန်စွာကနိန် သုတေသနစာတမ်းကောင်းတိ ဆောင်းပါးကောင်းတိကို ရွီးဖို့မစိုင်းစားပဲ တသက်လုံး ကဗျာချေတိပဲ ရွီးနိန်ကတ် တေဆိုကေတော့ခါ ရခိုင်ပြည်လည်း တိုးတက်လာဖို့ မဟုတ်ပါ။ (တိုက်ဆိုင်မှုဟိခကေလေ့ ခွင့်လွှတ်ကတ်ပါဖိ။)

ယေကေ မြောက်ဦးဘက်ကို ပြန်လှည့်ကတ်ပါမေ။ အထက်မှာ ပြောခရေပိုင် မြောက်ဦးမြို့ကို ဖြတ်လားရေ ရထားလမ်းမြေပုံအတိအကျကို မရသိခါ ဆုံးရှုံးမှုတိကို ပြောရခက်နိန်ပါရေ။ သေချာစွာကတော့ မြို့ရိုးတိကတော့ လွတ်ဖို့မဟုတ်။ ပါလီပါဖို့။ ရထားလမ်းက ကျောက်တော်ဘက်ကနိန် ကားလမ်းနာင့် အပြိုင်ဆင်းလာပါဖို့။ သတင်းတိမှာပါရေ ပြောဆိုချက်တိကို ကြည့်ပြီးကေ ခန့်မှန်းပြောရဖို့ဆိုကေ ရထားလမ်းရေ မြောက်ဦးမြို့ကို အနောက်မြောက်ဘက်က ၀င်လာပြီးကေ မြောက်ဦးမြို့ မြောက်ဘက်မှာ ပြည်စိုးကြီးဘုရားကနိန်လာဖို့။ မြောက်ဦးမြို့ ပထ၀ီအနေအထားအရ ပြည်စိုးကြီးဘုရားအရိဘက်ကို ရထားဆက်လားလို့ ရဖို့မဟုတ်။ တောင်ကုန်းက ဟိနိန်ဖို့။ ယင်းကြောင့် တောင်ဘက်ကို ပြန်ဆင်းပြီးကေ အရိဘက်ကို ရတနာပုံစေတီနားဖြစ်ဖြစ် တနေရာက ဖြတ်ပြီးကေ အရိမြောက်ဘက် မင်းသမီးကျုံးရို့၊ ရတနာ့မာန်အောင်ဘုရားနားဘက်က လားဖို့။ ပြီးကေ အရိတောင်ဘက်ကို ဆက်လားပြီးကေ ဘုရားအုပ်၊ မင်းခေါင်ရွှေတူစေတီနားမှာ မင်းပြားဘက်ကို လားရေ လမ်းမကြီးနာင့် ပြန်ဆုံဖို့။ ကိုးသောင်းဘုရားကိုတော့ မထိခိုက်နိုင်ပါ။ ဇာဖြစ်လို့လဲဆိုကေ ကိုးသောင်းနားမှာ မြေလွတ်လွင်ပြင်တိ ဟိနိန်လို့ပါ။ အေလောက် ဟိရေကြားက ကိုးသောင်းကိုပါ ဖျက်တေဆိုကေတော့ ရခိုင်သားတိ ဇာလုပ်ကတ်ရဖို့လဲ ဆုံးဖြတ်လီကတ်ပါဖိ။

အေချင့်ရေ အကြမ်းခန့်မှန်းကြည့်စွာရာ ဖြစ်ပါရေ။ နောက်အချက်အလက်တိ ပိုသိရကေတော့ ကောင်းပါဖို့။
အောက်မှာ ဖော်ပြထားစွာတိကတော့ စာရွီးဆရာ များအောင်၏ "သမိုင်းထဲက မြောက်ဦးဘုရားစေတီပုထိုးများနှင့် ဧည့်လမ်းညွှန်"စာအုပ်ထဲက ဘုရားပုထိုးကောက်နှတ်ချက်တိပါ။ ယင်းအထဲက တချို့ရေ မရဏ ရထားလမ်းကြောင်းမှာ ကျကောင်းကျလာနိုင်ရေအတွက် မျှဝီလိုက်စွာပါ။ ရခိုင့်အမွီ အနှစ်တိကို အားလုံးဝိုင်းဝန်း ကာကွယ်ထိန်းသိမ်းနိုင်ကတ်ပါစီ။

ရဲလှကျုံး၊ ရဲလှခံတပ်၊ ကျွဲတင်းတိမ်ကျုံး
မင်းသားကြီးကုန်း၏ တောင်ဘက်တွင် တည်ရှိသည်။ တောင်ဘက်မှ မြောက်ဘက်သို့ သွယ်တန်းနိန်သည့် သဘ၀တောင်များဖြင့် ပြုလုပ်ထားသည်။
ဤကျုံး၏ အရှေ့ဘက်တွင် ကျွဲတင်းတိမ်ကျုံးတည်ရှိသည်။

မင်းသားကြီးကုန်း
ပြည်စိုးကြီးဘုရားကနိန် ပန်းဈီးမြောင်းဘောင်အတိုင်းအရှေ့ဘက်ကိုလားပြီးကေ နတ်ဒုံတံတိုင်း အလွန်နိန်ရာမှာ တည်ရှိသည်။ ကုန်းအမြင့်မှာ ပေ ၇၀ ခန့်ရှိသည်။ ၀င်းတော်သည် အရှေ့မှ အနောက်သို့ ပေ၂၀၀၊ တောင်မှမြောက်သို့ ပေ ၁၇၀ ကျယ်သည်။
ဤဒေသသည် မြောက်ဦးခေတ် ကြီးကျယ်ထွန်းကားခစိုင်က အိမ်ရှေ့မင်းသားများ စံမြန်းခရေနိန်ရာတစ်ခုဖြစ်ပြီးကေ ခရစ်နှစ် ၁၇၈၅ခုနှစ် ဇန်န၀ါရီလ ၁ ရက်နိန့်တွင် အမရပူရတပ်များက မြို့တော်ကို ၀ိုင်းဝန်းတိုက်ခိုက်မှု စတင်ခရေ နိန်ရာတစ်ခုလည်း ဖြစ်သည်။

လောင်းပွန်းပြောက်စေတီ
မင်းစလတ္တာစောမွန် (မင်းစောအို)သည် သက္ကရာဇ် ၈၈၇၊ ခရစ်နှစ် ၁၅၂၅တွင် လေးမျက်နှာပုထိုးတော်၏ အရှေ့မြောက်ဘက်(သာရပဗ္ဖတစေတီ၏ အရှေ့ဘက်)၊ မြောက်ဦးမြို့နန်းရာကုန်း၏ မြောက်ဘက် တစ်မိုင်ခန့် အကွာအ၀ီးတစ်နိန်ရာတွင် တည်ထားခသည်။ ရှစ်မြောင့် ထုချွန်ပုံဖြစ်သည်။

"ခရမ်းသီးလက်ကောက်ပြောင်ပြောင်တောက်၊ ဈီးမှာဝယ်ကေ လောင်ပွန်းပြောက်"ဆိုသည့် အတိတ်တဘောင်အတိုင်း တည်ခခြင်းဖြစ်သည်။ စေတီတော်ကို ကျောက်တံတိုင်းနှစ်ထပ်နာင့် ကာရံထားပြီးကေ အမြင့်မှာ ၇၅ ပေခန့်ဟိသည်။ အရှေ့ဘက်နှင့်အနောက်ဘက်ရို့မှာ စေတီသို့ဝင်လမ်းနာင့် လှေကားများဟိသည်။ မုခ်တံကဲ လက်ရာတိနာင့် ထုဆစ်ထားဟိပြီး စေတီတော်ကြီးတစ်ခုလုံးကို ကျောက်နာင့် တည်ထားပေသည်။

ပန်းကြွ၊ ပန်းဆွဲတိနာင့် မွမ်းမံထားပြီးကေ ​အာရုံခံ ရင်ပြင်ပတ်လည်တွင် ကြွေရည်သုတ် အုတ်ချပ်တိနာင့် ခင်းကျင်းထားသည်။ အတွင်းဘက်တံတိုင်း၏ အပြင်ဘက်နံရံတွင် ကြွေရည်သုတ်ရောင်စုံ အုတ်ချပ်တိနာင့် ပန်းပွင့်ပုံ လောင်ပွန်းများဖြင့် ထူးထူးခြားခြား ပုံဖော်ထားလေသည်။

ပန်းပွင့်ကြီးတစ်ပွင့်တွင် ၀တ်ဆံပိုင်တစ်ခုနာင့် ပွင့်ဖတ်လေးခု ဖန်တီးထားသည်။ ပစ္စယံတစ်ဆင့်စီတွင် ဂူသွင်းဘုရားတစ်ဆူ ဟိသည်။ အရှေ့ဘက်မုခ်တွင် အနုစိပ်ကျောက်ဆစ်လက်ရာတိကို တွိမြင်နိုင်သည်။

ထူပါရုံစေတီ
မြောက်ဦးခေတ် မင်းဆက်များတွင် အသက်အငယ်ဆုံးဖြစ်သည့် ဘုရင်မင်းရန်အောင်သည် သက္ကရာဇ် ၈၅၆၊ ခရစ်နှစ် ၁၄၉၄တွင် လောင်ပွန်းပြောက်စေတီ၏ မြောက်ဘက် ၀င်းတံတိုင်းနှစ်ထပ်အတွင်းတွင် တည်ထားခသည်။ ဘုရင်မင်းခမောင်းနာင့် မိဖုရားသျှင်ထွီးရို့က ခရစ်နှစ် ၁၆၁၃ခုနှစ်တွင် စေတီတော်တစ်ခုလုံး ရွှေအပြည့်ချပြီးကေ ထပ်မံပြုပြင်မှုများ ပြုလုပ်ခသည်။

မြောက်ဦးခေတ်တွင် ဘုရင်များသည် ဘိသိက်မင်္ဂလာခံယူပြီးကေ အေဘုရားကို ဖူးမျှော်ကတ်သည်။ အောင်မြေနင်းခြင်းတိ ပြုလုပ်ကတ်ရသည်။ စေတီတော်၏ ရှစ်မြှောင့် ပုံပစ္စယံအဆင့်များတွင် ကြာဖူး၊ ကြာလက်တိ ပေါ်လွင်လာအောင်ထိ လက်ရာမြောက်ထုဆစ်မှုများ ပြုလုပ်ထားသည်။

ပစ္စယံတွင် ဂူကျောင်း လေးကျောင်းပါဟိပြီး မုခ်ထွက်တံကဲတိကို အနုစိပ်ထုဆစ်ထားသည်။ စေတီ၏ ရင်ပြင်ထောင့် လေးထောင့်မှာ ပွင့်တော်မူခကတ်တေ ဘုရားတစ်ဆူစီကို ရည်စူးပြီးကေ တည်ထားခသည်။ အေဂုအခါမှာ အနောက်ထောင့်ဘက်မှာဟိရေ ဂူကျောင်းအပျက်ကိုရာ တွိမြင်ရတော့သည်။

စေတီတော်၏ အနောက်ဘက်နိန်ရာတွင် မင်းခမောင်းလှူဒါန်းခရေ ကျောင်းတော်နာင့်ပြည်သူတိအား အခမဲ့ဆေးကုသမှု ပြုလုပ်ခရေ ဆေးရုံတော်တိ ဟိခသည်။ ထိန်းသိမ်းစောင့်ယှောက်မှုမဟိလို့ ပျက်စီးလားပျာယ်ဖြစ်သည်။

ရတနာပုံစေတီ
ခရစ်နှစ် ၁၆၁၂ခုနှစ်တွင် မင်းခမောင်းသည် အံတော်သိမ်၏ မြောက်ဘက်တွင် တည်ထားခသည်။ အ၀န်းပုံစံဖြစ်ပြီးကေ သပိတ်မှောက်ပုံကို ပစ္စာယာသုံးဆင့်တွင် တင်ထားသည်။ အထွတ်မှာ မဟိလိုက်ပျာယ်။ အာရုံခံရင်ပြင်ကျယ်ပါဟိရေ အဠဂံပုံဖြစ်ပြီးကေ ရင်ပြင်ထောင့်တိမှာ ကျောက်တုံးလေးတုံးနာင့် ထုလုပ်ထားရေ ခြင်္သေ့ရုပ်တိ ဟိသည်။ ပိုလျှံလာရေ ရီတိကို အလွယ်တကူ ထုတ်ပစ်နိုင်ဖို့အတွက် ဆင်ရုပ်ရီပြွန်တိကို ရင်ပြင်တော်မှာ တပ်ဆင်ထားသည်။ အရှေ့ဘက်သိမ်တော်တွင် ကြွေရည်သုတ် ကျောက်ချပ်များ ခင်းထားသည်။

ခြင်ကိုက်ပိဋကတ်တိုက်
ထူပါရုံစေတီတော်၏ မြောက်ဘက်တွင် ကျောက်ဆစ်လက်ရာတိနာင့် တည်ဟိသည်။ ခြင်ကိုက်တံတိုင်းအနီးမှာ တည်ဟိရေအတွက်ကြောင့် ခြင်ကိုက်ပိဋကတ်တိုက်လို့ ခေါ်ဆိုသည်။ မြောက်ဦးတွင် ပိဋကတ်တိုက်ပေါင်း ၄၈ခုဟိခရေထဲက အေနိန့်တိုင် အထင်အယှားကျန်နိန်သိရေ ပိဋကတ်တိုက်ဖြစ်သည်။

ဘုရင်မင်းဖလောင်းသည် သက္ကရာဇ် ၉၃၅၊ ခရစ်နှစ် ၁၅၉၁ခုနှစ်တွင် ပိဋကတ်တိုက်နာင့်အတူ ပိဋကတ်တော်များ လှူဒါန်းခသည်။ ဂူကျောင်း၏ ထောင့်တစ်ခုစီမှာ ခိုနန်း တစ်ဆစ်ချိုးထားသည်။ နံရံမှာ အထဲကို ချိုင့်ဝင်နိန်ပြီးကေ ကြာပွင့်ပုံဖြစ်နိန်သည်။ ဂူကျောင်းထက်က ပြာဿဒ်မှာ ဘုံငါးဆင့်အထိ ၁၅ ပေ အမြင့်ဟိသည်။ အပြင်ဘက်မှာ ပန်းပွင့်၊ ပန်းနွယ်တိနာင့် ထုဆစ်ထားသည်။ ပိဋကတ်တိုက်၏ မြောက်ဘက်မှာ အရှေ့အနောက်တန်းနိန်ရေ ခြင်ကိုက်တံတိုင်း တည်ဟိသည်။

အနော်မာဘုရား
ခြင်ကိုက်တံခါးက ထွက်လာပြီးကေ နတ်ဒုံတံတိုင်းနာင့် မင်းသားကြီးကုန်းဘက်ကို မလားဘဲ ထူပါရုံစေတီ၏ အရှေ့ဘက်ကို လားကေ အနော်မာဘုရားကို ဖူးတွိရမည်ဖြစ်သည်။ ခရစ်နှစ် ၁၅၀၁ခုနှစ် စလင်္ကာသူမင်းသမီးတော် အနော်မာက လှူဒါန်းခသည်။ ဘုရားမှာ ညဏ်တော် ၁၀ ပေဟိရေ ကျောက်ဆင်းတုတော်ဖြစ်သည်။

ကျောက်ဆင်းတုတော် ကိန်းဝပ်ရေ ကျောက်ပလ္လင်သည် ၅ ပေအမြင့်ဟိပြီးကေ ဆယ်မြှောင့်ပုံသဏ္ဍာန် ဟိသည်။ ပန်းနွယ်၊ ပန်းခက်၊ ကျေးငှက်တိရစ္ဆာန်ပုံတိနာင့် ပလ္လင်ကို သရုပ်ဖော်ထားသည်။ ပလ္လင်ရုပ်ကြွတစ်ခု ဖြစ်သည်။ ၀သုန်ဓရီနတ်ရုပ်မှာ တံကဲပုံပါဟိပြီးကေ ထိုတံကဲတစ်ခုလုံးကို ကျားက ကိုက်ချီဟန်နာင့် သရုပ်ဖော်ထားသည်ကို တွိမြင်ရသည်။

ရတနာမာရ်အောင်စေတီ
ရတနာပုံစေတီ၏ အရှေ့ဘက်တောင်ကြားနာင့် နန်းတော်ကုန်းမှ အရှေ့မြောက်ဘက် မိုင်ဝက်ခန့် အကွာတွင် တည်ဟိသည်။ ရတနာသုံးပါးကို ယုံကြည်ကိုးကွယ်ဆည်းကပ်မှုဟိစီဖို့ ရည်မှန်းပြီးကေ ရတနာမာရ်အောင်လို့ ခေါ်တွင်ခြင်းဖြစ်သည်။

စေတီတော်မှာ ရှစ်မြှောင့်ပုံသဏ္ဍာန်ထုချွန်ပုံဖြစ်သည်။ ညဏ်တော်ပေ ၁၈၀မြင့်သည်။ ပန်းပြောက်လက်ရာတိနာင့် တန်ဆာဆင်ထားသည်။ စေတီရင်ပြင်၏ အနောက်မြောက်ထောင့်တွင် အလျား ၅၄ ပေ၊ အနံ ၁၃ ပေ၊ အမြင့် ၁၀ ပေ ဟိသည့် ဂူဖြူ(ခေါ်) ကျောက်ဂူတစ်ဂူဟိသည်။

ရတနာမာရ်အောင်စေတီ၏ အရှေ့ဘက်ကွင်းပြင်သည် မြောက်ဦးခေတ်၊ ပြာသိုလမှာ လေးခင်းတသဘင်၊ ဆင်ခင်းသဘင်၊ မြင်းခင်းသဘင်ပွဲတိ ကျင်းပရေနိန်ရာဖြစ်ပြီးကေ မြောက်ဦးခေတ်မှာ အားထားရရေ သက်လုံစွမ်းရည်ပြည့်စုံရေ သူရဲကောင်းတိ ရွီးချယ်မွီးထုတ်ရာ နိန်ရာလည်းဖြစ်သည်။

တောင်ဘက်ဟိ အိုင်ဝန်းကန်ကျုံးက ရီကို မြောက်ဦးခေတ် နန်းစံရခိုင်ဘုရင်များ ဘိသိက်မင်္ဂလာ အခမ်းအနားတွင် ရီကြည်တော်အဖြစ် အသုံးပြုခသည်။ စေတီတော်၏ မြောက်ဘက်တွင် ရတနာစံဦး ကျောင်းတော်ရာ ဟိခသည်။ အဂုခါ ကျောင်းဝင်း၏ အကြွင်းအကျန်တိကိုရာ တွိရသည်။ တောင်ဘက်မှ ဇုန္ဒတ်တောင်သည် အရှေ့ဘက်မှ အိုင်ဝန်းကျုံးကို မျက်နှာမူထားပြီး သူရဲပြေးသုံးဆင့်နာင့်ပြုလုပ်ထားရေ ခံတပ်တစ်ခု ဖြစ်သည်။ ဤခံတပ်တော်မှာ စစ်မက်ရေးရာ ကာကွယ်မှုတိအတွက် မြို့တော်၏ လုံခြုံရေးကို အဓိကအားထားရရေ နိန်ရာတစ်ခုဖြစ်ပြီးကေ စစ်သူကြီး ဇုန္ဒတ်ကို နန်းတော်နာင့် အနီးကပ်ဆုံးနိန်ရာတွင် ထားခခြင်း ဖြစ်သည်။

ရည်ညွှန်း

၁။ ဦးရွှေဇံ၊ "The Golden Mrauk-U: An Ancient Capital of Rakhine"၊ ချိုတေးသံသာစာပီ၊ ၂၀၀၄ ခုနှစ်၊ ရန်ကုန်။
၂။ များအောင်၊ သမိုင်းထဲက မြောက်ဦးဘုရားစေတီပုထိုးများနှင့် ဧည့်လမ်းညွှန်၊ ဦးကျော်ဟင်း၊ ယုံကြည်ချက်စာပေ၊ ၂၀၀၄ ခုနှစ်၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်။

------------------

Original

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More