We will collect News, Info and so forth concerning 'Burmese Govt.Railroad Project' that will be through the historical inportant town of mrauk-U in Arakan Kingdom.

Burmese Govt. Destroying Our Arakanese Historical Heritage of Mrauk-U in Arakan Kingdom

Scrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image Generator
Showing posts with label Statement. Show all posts
Showing posts with label Statement. Show all posts

Thursday, December 2, 2010

BLC Statement on the Destruction of Arakan Cultural Heritage by Spdc Construction Projects

Sunday, November 28, 2010

ရခိုင်ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များကို ဖျက်ဆီးသည့် နအဖစစ်အစိုးရအား အရေးယူသင့်ကြောင်း ဥ ပဒေရေးရာ သုံးသပ်ထုတ်ပြန်ချက်

Thursday, November 25, 2010

မီးရထားလမ်းဖောက်လုပ်ခြင်း အကြောင်းပြချက်ဖြင့် မြောက်ဦးမြို့တော်၌ ရှေးဟောင်း ယဉ်ကျေးမှုလက်ရာ ဘုရားပုထိုးများကို ဖြိုဖျက်နေခြင်းအပေါ် ရခိုင်ပြည်အမျိုးသားကောင်စီ ANC ၏ သဘောထား ထုတ်ပြန်ချက်

ရက်စွဲ - ၂၄။ ၁၁။ ၂၀၁၀
မီးရထားလမ်းဖောက်လုပ်ခြင်း အကြောင်းပြချက်ဖြင့် မြောက်ဦးမြို့တော်၌ ရှေးဟောင်း ယဉ်ကျေးမှုလက်ရာ ဘုရားပုထိုးများကို ဖြိုဖျက်နေခြင်းအပေါ် ရခိုင်ပြည်အမျိုးသားကောင်စီ ANC ၏ သဘောထား ထုတ်ပြန်ချက်
ယနေ့ကာလသည် မြန်မာပြည်သူတစ်ရပ်လုံး စစ်သံဖနောင့်အောက်၌ လုံးပါးပိပြားနေရသည့် ကာလဖြစ်သည်။ လိမ်ညာပွဲကြီးတခုအတိုင်း ဖြစ်ခဲ့သည့် အထွေထွေရွေးကောက်ပွဲကြီး ပြီးဆုံးသွားပြီးနောက် ဖြစ်ပေါ်လာမည့် အဆိုးဖက်က ပိုတိုး၍ ဆိုးသထက် ဆိုးလာဖို့ရန်သာ ပိုများသည့် အပြောင်းအလဲ တခုခုသည် နိုင်ငံနှင့်အ၀ှမ်း လူထုအပေါ် မလွဲမသွေ ရိုက်ခတ်လာမည်သာဖြစ်၍ ရင်တမမနှင့် စောင့်စားနေရသည့်ကာလလည်း ဖြစ်သည်။ ဤမျှခက်ခဲရှုပ်ထွေးသော ကာလတွင် မြောက်ဦးမြို့တော်၌ ရှေးဟောင်းဘုရားပုထိုးများအား ဖြိုဖျက်ခြင်းကို နအဖမှ အစီစဉ်တကျ ပြုလုပ်လာခဲ့ခြင်းဖြစ်သည်။ (၁၅၇) မိုင် ရှည်လျားသော စစ်တွေ - အမ်း- မင်းဘူး ရထားလမ်းကို ယခုလ (၇) ရက်က စတင်ဖောက်လုပ်လာခဲ့ရာ မြောက်ဦးကို ဖြတ်သန်းရာတွင် ယခုကဲ့သို့ ရှေးဟောင်း သမိုင်းဝင် ဘုရားပုထိုးများ၊ ယဉ်ကျေးမှု အမွီနှစ်များကို တကူတက ပစ်မှတ်ထား၍ ထိပါးလာခြင်းဖြစ်သည်။
ဤယုံကိုမြင်၍ ဤချုံကိုထွင်လေ့ရှိသော နအဖကား ကောက်ကျစ်စဉ်းလဲသော အကြံသမားဖြစ်သည်။ အပြင်ဘန်းအားဖြင့် ဒေသတိုးတက်ရေးအတွက် လုပ်ကိုလုပ်ရမည့်၊ မလုပ်မဖြစ် စီမံကိန်းတခုအသွင် ဆောင်ထားသော်လည်း စင်စစ်ယင်း၏ မဟာဗျူဟာမှာ ယဉ်ကျေးမှုအရ မျိုးဖြုတ်လုပ်ကြံရေး (Cultural genoside) သာ ဖြစ်ပေသည်။ အကယ်၍သာ နအဖခေါင်းဆောင်များအနေဖြင့် ဒေသတိုးတက်ရေး တစ်ခုတည်းအတွက် ရှေးရှုဆောင်ရွက်သည်မှန်လျှင် ဘုရားဝိုင်း၊ ကျောင်းဝိုင်းနှင့် သမိုင်းဧရိယာကို မဖြတ်ရပဲ တခြားရွေးစရာလမ်းကြောင်းများကို ရွေးနိုင်ပါသည်။ ကန်ထရိုက်ယူထားသည့် ကုမ္ပဏီနှင့် အငယ်တန်း အရာရှိများ မသိမလိမ်မာ၍ ဖြစ်ရသည်ဆိုလျှင်လည်း ဒေသခံပြည်သူများ၊ သမိုင်းပညာရှင်များမှ သက်ဆိုင်ရာများသို့ အသိပေးတိုင်ကြားလာသည့်အခါ ရပ်တန်းက ရပ်သင့်ပေသည်။ ယခုကား ထိုသို့မဟုတ်၊ တိုင်ကြားမှုများကြောင့် ယာယီရပ်ဆိုင်းထားသည်ကိုပင် အထက်အာဏာပိုင်များက ထိုအတိုင်းဆက်သွားရန် ထပ်မံ၍ အမိန့်ပေးလိုက်သည်။ ထို့ကြောင့် အချုပ်သဘောပြောရလျှင် ရခိုင်လူမျိုးတို့ ကျွန်သက်နှစ်ပေါင်း (၂၂၅)နှစ်မြောက်တွင် ဒုတိယတကြိမ် ကျွန်သက် သမိုင်းတပတ်လည်လာခဲ့ခြင်းဖြစ်သည်။ သို့သော် ထိုသို့လည်ခြင်းသည် နအဖအတွက် အသက်ငင်စေသော လက်ဝဲရစ်လည်ခြင်းဖြစ်အောင် ရခိုင်အမျိုးသားတိုင်းနှင့် ရခိုင်အကျိုးလိုလားသည့် မဟာမိတ် တိုင်းရင်းသားလူမျိုးပေါင်းစုံတို့အနေဖြင့် အာခံ တော်လှန်ကြရမည့်ကိန်း စင်စစ်ဖြစ်ပေသည်။
ရခိုင်အမျိုးသားတို့ ရင်ထဲမှ ရွှီမြောက်ဥကား နအဖဖက်ဆစ် စစ်ဘီလူးကြီး၏ အစွယ်ငွါးငွါး လှံစွပ်ဖျားတွင် အသက်ပါသွားမည့် အန္တရယ်နှင့် ရင်ဆိုင်နေရလေပြီ၊ မိမိတို့ တတ်စွမ်း လက်လှမ်းမီသလောက် နည်းလမ်းပေါင်းစုံဖြင့် နအဖ မရဏရထားလမ်းကို လမ်းကြောင်းပြောင်းသွားစေရန် အချိန်မီကြိုးစားကြရန် လိုအပ်ပါသည်။ တာဝန်သိသူတိုင်းတွင် တာဝန်ရှိပါသည်၊ အပြုသဘောဖြင့်၊ မွန်မြတ်သော၊ အရှည်မြင်တတ်သော စိတ်ထားများဖြင့် ပူးပေါင်းပါဝင်ကြလျှင် ယခုအချိန်အထိ လုပ်၍ ရနိုင်ပါသေးသည်။ ဗုံးမိုးရွာနေခဲ့သော ကမ္ဘာစစ်ကာလက ဗြိတိသျှလေယာဉ်များ ပုဂံကို ဗုံးကြဲမိမည့် ဆဲဆဲတွင် လူသားယဉ်ကျေးမှုတန်ဖိုးကို လူသားဝါဒအမြင်ဖြင့် ကြည့်တတ်သည့် ဗြိတိသျှလူမျိုးတစ်ဦးဖြစ်သည့် မစ္စတာ လုစ်က လေတပ်ကို စာပေးပြီး တားမြစ်နိုင်ခဲ့သည်။ နအဖလက်ခုပ်ထဲက ရေလိုဖြစ်နေသော ယနေ့ကာလတွင် နအဖကို တော်လှန်နိုင်ပြီးမှဆိုလျှင် ယခုကိစ္စမျိုးက လက်လွန်ခြေလွန်ဖြစ်၍သွားပေလိမ့်မည်။ ယခုဆိုလျှင်ဘုရားတချို့နှင့် တခြား သမိုင်းဝင် အဆောက်အဦးတချို့ပင် ဖြိုဖျက်ခံလိုက်ရပြီးလည်း ဖြစ်နေပေပြီ။ ထို့ကြောင့် တစ်ယောက်ချင်းစွမ်းအားဖြင့်ဖြစ်စေ၊ အများညီညွတ်စုစည်းသည့် စွမ်းအားဖြင့်ဖြစ်စေ အချိန်မီ တားမြစ်နိုင်ရေးအတွက် နည်းလမ်းရှာပြီး မဖြစ်မနေ လုပ်ဆောင်သင့်ကြပါကြောင်း အသိပေး ထုတ်ပြန်လိုက်ရပေသည်။
ပြည်သူတရပ်လုံးအနေဖြင့် လူမျိုးတခုစီတွင်းမှာရော လူမျိုးတခုနှင့် တခုစီကြားတွင်ပါ ညီညွတ်စုစည်းရေးကို တန်ဖိုးထားလုပ်ဆောင်ကြ။
ဒေါ်အောာင်ဆန်းစုကြည်နှင့် တိုင်းရင်းသားများ ပိုမိုနီးကပ်သွားမည့်အရေးကို အထူးတွေးပူပြီး လူမျိုးရေးမုန်းတီးမှုများကို တမင်ဖန်တီးနေသော နအဖခြေလှမ်းများကို သဘောပေါက်ကြ။
မြောက်ဦးယဉ်ကျေးမှု အမွေအနှစ်များသည် လူသားတရပ်လုံးနှင့် သက်ဆိုင်သည့် လူသားယဉ်ကျေးမှုအမွေဖြစ်၍ အသိရှိသူတိုင်း ပူးပေါင်းပါဝင်ကြ။

ရခိုင်ပြည်အမျိုးသားကောင်စီ ANC
ဗဟိုဌာနချုပ်၊ နယူးဒေလီ။ အန္ဒိယ
ဆက်သွယ်ရန် - ၀၀၉၁ ၉၆ ၇၈၁၄ ၅၃၁၅
၀၀၉၁ ၈၈ ၀၀၃၄ ၁၆၀၃
e.mail: awanthadhaja@gmail.com

Tuesday, November 23, 2010

ရခိုင်ပြည်တွင်း မီးရထားလမ်း ဖောက်လုပ်နေမှုကြောင့် ဖြစ်ပေါ်နေရသည့် အကျိုးဆက်အပေါ် သဘောထား ထုတ်ပြန်ခြင်း

ရခိုင်ပြည်တွင်း မီးရထားလမ်း ဖောက်လုပ်နေမှုကြောင့် ဖြစ်ပေါ်နေရသည့် အကျိုးဆက်အပေါ် ရခိုင်ပြည် အမျိုးသား ကောင်စီမှ သဘောထား ထုတ်ပြန်ခြင်း (ဖတ်ရှုရန်)

http://arakanreview.net/?p=2469

Sunday, November 21, 2010

Public Statement Monks Protest Destruction of Cultural Sites in Arakan

Twitter Delicious Facebook Digg Stumbleupon Favorites More