We will collect News, Info and so forth concerning 'Burmese Govt.Railroad Project' that will be through the historical inportant town of mrauk-U in Arakan Kingdom.

Burmese Govt. Destroying Our Arakanese Historical Heritage of Mrauk-U in Arakan Kingdom

Scrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image Generator

Saturday, November 20, 2010

စစ်တွေ-အမ်း ရထားလမ်းကို အကြောင်းပြပြီး ရခိုင်ရှေ့ဟောင်း ယဉ်ကျေးမူ အမွေအနှစ်များကို စစ်အစိုးရမှ ဖျက်ဆီးပြီ

မောင်အေး
-------------
Mruk Uစစ်တွေ - အမ်း ရထားလမ်းကို အကြောင်းပြပြီး ရှေးဟောင်း မြောက်ဦးမြို့ ရှိ ရခိုင်ရှေ့ဟောင်း စေတီ၊ ပုထိုးများ၊ ကျုံးများကို လွန်ခဲ့သည့် နှစ်ပတ်ခန့်က စတင်ပြီး မြေတူး စက်များဖြင့် ဖြိုဖျက်နေကြောင်း မြောက်ဦး မြို့ခံများက နိရဉ္စရာသို့ ပြော သည်။

ယခု ဖြိုဖျက်ခံနေရသည့် ဘုရားများနှင့် သမိုင်းဝင်နေရာ အမည်များကို မြောက်ဦးမြို့မှ သမိုင်း သုတေသီ တဦးက ယခုကဲ့သို့ပြောသည်။

“အခု ပြည်စိုးကြီးဘုရားကိုရောက်သွားပါပြီ။ အဲဒီ ဘုရားလည်း တခြမ်းပျက်သွားပါပြီ။ အဲဒီကနေ မင်းသမီး တံတိုင်း၊ ရဲလှတံတိုင်း၊ နောက် ရဲလှကုန်း၊ နောက်ပြီး ရဲလှခံတပ်၊ အခု ရဲလှ ခံတပ်ကိုလည်း ဖြိုဖျက်နေပြီ။ အဲဒီကနေ မြောက်ဦးမြို့ အရှေ့မြောက်ဘက်ကို ရထားလမ်း ဖေါက်သွားပါမယ်။ ပြီးမှ ပင့်ကူတောင်ပြင်ကို ရောက်မယ်။ အဲဒါက ဘုရင်ခေတ်က စစ်မြေပြင် လုပ်ခဲ့နေရာ ဖြစ်ပါတယ်။ အဲဒီ နေရာမှာလည်း မြေသား မြို့ရိုးတွေရှိပါတယ်။”

ယခု ရေးဆွဲထားသည့် လမ်းအတိုင်းဖောက်လုပ်လျှင် မြောက်ဦးမြို့တွင် လက်ရှိနာမည်ကြီး ကိုးသောင်းဘုရား အနီးမှ ရထား ဖြတ်သွားမည်ဖြစ်ပြီး ကိုးသောင်းဘုရားလည်း ပျက်စီးသွားနိုင်သဖြင့် မြို့ခံများက စိုးရိမ်နေကြသည်။

၎င်းမှတဆင့် မီးသမ ကျုံးကိုဖြတ်ကာ ဘုရားအုပ် ဘုရား၊ ထိုမှ တဆင့် မင်းဖောင် စေတီအနီးမှ ရထားလမ်း ပြန်ပေါ်လာမည် ဖြစ်ပြီး အရဲစီး ချောင်းကိုဖြတ်ကာ ယခုလက်ရှိဖောက် လုပ်ထားသည့် ရန်ကုန်စစ်တွေ လမ်းမကြီးနှင့် ထိတွေ့မည်ဖြစ်သည်။

ညီမတော်စေတီ၊ စောမဲကုန်း စေတီနှင့် တခြား စေတီများ အကြားတွင် မြောက်ဦး ဘူတာရုံ ဆောက်လုပ် နေသည့်အတွက် အဆိုပါ နေရာမှ မြေများကို တူးဖြိုလိုက်ပါက မင်းဒရားပြင် တံတိုင်းများ လည်း ကျိုးပျက် သွားမည်ဖြစ်သည်။

ယခုလမ်းမှာ မြောက်ဦးမြို့ မှ ထင်ရှားသော ဘုရားများကို ဖြတ်သွားမည် ဖြစ်သဖြင့် လမ်းတလျှောက်တွင် တည်ရှိနေသော ရခိုင် အမျိုးသားများ၏ အဖိုး မဖြတ်နိုင်သည့် ရှေ့ဟောင်း အမွေများ ပျက်စီးသွားမည်ဟု သူက ပြောသည်။

အခုအခါ သံဇင်တံတောင်တန်းရှိဘုရားနှစ်ဆူနှင့် ပုထိုးများ၊ သရီကုန်ပေါင်ရှိ အမွေနှစ်များနှင့် အမြင့်တောင်ခံတပ်၊ ပြည်စိုးကြီး ဘုရားများကို မြေတူးစက်နှင့် တူဖြို လိုက်ပြီးဖြစ်သည်။

ယခု ဖြိုဖျက်နေသည့် လမ်းကြောင်းအတိုင်း ဖောက်လုပ်ရန် ညွန်ကြားခဲ့သူမှာ ဒုညွန်ကြားရေးမှူး စောလွင် ဖြစ်ပြီး လက်ရှိ ဦးဆောင် ဖြိုဖျက်နေသူမှာ ပုဂံမှ ပြောင်းရွေ့လာသည့် ဗိုလ်မှူးအဆင့်ရှိသူ တဦးဖြစ်သည်။

ယခုအခါ ဒုတိယညွန်ကြားရေးမှူး စောလွင်ကို စစ်တွေမြို့ယဉ်ကျေးမှုပြတိုက်သို့ ပြောင်းရွေ့ လိုက်ကြောင်း သိရသည်။

ယခုကဲ့သို့ ရခိုင် ရှေးဟောင်း ယဉ်ကျေးမူ အမွေအနှစ်များအား ဖျက်ဆီး နေသည်ကို မြို့မိမြို့ဘများမှ သွားရောက် တားဆီးသည့် အတွက် ခရိုင်ဥက္ကဌနှင့် မယကဥက္ကတို့ အဆိုပါ ရထားလမ်း ဖေါက်လုပ် နေသည့် နေရာများကို သွားရောက်ကြည့်ရှု့ခဲ့ပြီး ပျက်စီးသွားသည့် စေတီပုထိုးများကို လက်ရှိ အနေထားတိုင်း ဆက်လက် ထားရှိရန်နှင့် ဘုရား စေတီပုထိုးတော်များ အနီး ရထားလမ်း ဖေါက်လုပ်ခြင်းကို ယာယီ ရပ်တန့်ထားရန် ညွန်ကြားထားကြောင်း သိရသည်။ သို့သော်လည်း တခြား မီးရထား လမ်းပိုင်းများကိုလည်း ဆက်လက် ဖောက်လုပ်နေကြောင်း သူကပြောသည်။

“အခု တ၀က်တပျက် ဖျက်ဆီးခံထားရတဲ့ စေတီတော်တွေ၊ ပီးတော့ တောင်တွေကို ဖြိုလိုက်လို့ တန်းလန်း တွဲလွဲကျနေတဲ့ ဘုရား တွေကို ရှေ့မူ မပျက်ပြန်လည် ပြုပြင်မယ်လို့ အာဏာပိုင်တွေက ပြောဆိုတဲ့ အပေါ် ကျွန်တော်လည်း နားမလည်ဘူး။ စေတီတွေ ဘုရားတွေ ကျူံး တွေနဲ့တခြား သမိုင်းဝင်နေရာတွေ ရထားလမ်းကို အကြောင်းပြပြီး ဆက်ပြီး ဖျက်ဆီးမှာကို လူတွေက အထူး စိုးရိမ်နေသလို စိတ်မကောင်းလည်း ဖြစ်နေကြပါတယ်”ဟု သူက ပြောသည်။

ယခုကဲ့သို့ ဖြိုဖျက်ခံနေရခြင်းကို ဟန့်တားရန် မြို့မိမြို့ဘများနှင့် သံဃာတော်များက စီစဉ်နေပြီး ယခု ဖျက်ဆီး ခံလိုက်ရသည့် နေရာများကို ဒေသခံများက ဗွီဒီယိုဖြင့် မှတ်တမ်းတင် နေကြကြောင်းလည်း သူကပြောသည်။ 


http://www.narinjara.com/detailsbur.asp?id=2872

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More