We will collect News, Info and so forth concerning 'Burmese Govt.Railroad Project' that will be through the historical inportant town of mrauk-U in Arakan Kingdom.

Burmese Govt. Destroying Our Arakanese Historical Heritage of Mrauk-U in Arakan Kingdom

Scrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image Generator

Sunday, November 21, 2010

ကျမက ပြည်သူတွေကို ချစ်ပါတယ်

လက်ရှိ ရခိုင်ပြည်နယ်တွင် စစ်တွေ - အမ်း ရထားလမ်းကို အကြောင်းပြုပြီး ရှေးဟောင်း မြောက်ဦးမြို့ရှိ ရခိုင်ရှေ့ဟောင်း စေတီ၊ ပုထိုးများ၊ ကျုံးများကို ဖြိုဖျက်နေတယ်။ အဂုဆို ပြည်စိုးကြီးဘုရားကိုတောင် ရောက်နေပြီ။ ထိုးဘုရားမှာလည်း တခြမ်းပျက်ပြီး မင်းသမီး တံတိုင်း၊ ရဲလှတံတိုင်း၊ နောက် ရဲလှကုန်း၊ နောက်ပြီး ရဲလှခံတပ်၊ အခု ရဲလှခံတပ်ကိုလည်း ဖြိုဖျက်နေပြီ။ အခု ရေးဆွဲထားတယ့် လမ်းအတိုင်း ဖောက်လုပ်မည်ဆိုပါက မြောက်ဦးမြို့မှာ နာမည်ကြီး ကိုးသောင်းဘုရားအထိ ရထား ဖြတ်လားမည်ဖြစ်ပြီး ကိုးသောင်းဘုရားလည်း ပျက်စီးသွားနိုင်တယ်လို့ သိရပါတယ်။ လူမျိုးတမျိုး၏ အသက်သွေးကြောဟာ ထိုလူမျိုး၏ သမိုင်းအမွေအနှစ်တွေသာဖြစ်တယ်။ ယင်းသမိုင်း အမွေအနှစ်တွေကို ဖျက်ဆီးနေခြင်းဟာ ရခိုင်လူမျိုးကို ကမ္ဘာ့မြေပုံထဲက ဖယ်ရှားပစ်မယ့် စီမံကိန်းတရပ်ဖြစ်တေလို့ ယူဆနိုင်တယ်။ ဒီလို သမိုင်းအမွေအနှစ် တွေကို ဖျက်ဆီးနေတာ ရခိုင်ကို ဗမာက စစ်ကြော်ညာနေတဲ့ သဘောလည်းသက်ရောက်တယ်။ နောက်ပြီး ရခိုင်ပြည်မှာ လေဘေးဒဏ်ကြောင့် ရခိုင်ပြည်သူတွေ သိန်းနှင့်ချြီပီး ဒုက္ခရောက်နေကြတယ်။  ”ကျွှန်မက ပြည်သူတွေကို ချစ်ပါတယ်“ ဆိုတဲ့ ဗမာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တောင်တဂုံရှိ HIV ရောဂါသည် ၁၀၀-၉၀ ထံသွားပြီး သတင်းမေးခဲ့တယ်။ သိန်းနဲ့ချီပြီး အိုးမဲ့ အိမ်မဲ့ ဘ၀နှင့် ဒုက္ခရောက်နေကြတဲ့ ရခိုင်ပြည်သူတွေကို စိတ်မကောင်း ဖြစ်မိကြောင်း စကားလေးတခွန်း တောင်  မပြောသေးဘူး ရခိုင်ဆိုတဲ့လူမျိုးကို သိမှသိရဲ့လားဒေါ်စုရေ။

4 comments:

အစိမ်းရောင်မလေး said...

အခြေနေမှန်ကိုသိရတဲ့ အတွက်ကျေးဇူးတင်ပါတယ် အားလုံးကစည်းလုံးရမှာမို့ အသုံးနှုံးလေး တွေသတိထားစေချင်ပါတယ် ဒေါ်အောင်ဆန်းစုကြည်မှာ ဘာမှအာဏာ မှမရှိပါဘူး အခုမှ လွတ်မြောက်ခါစပဲရှိပါသေးတယ် သူရင်ဆိုင်ရမှာအများကြီးပါ တိုင်းရင်းသားတွေအားလုံးအတွက် သူတယောက်တည်းမစွမ်းဆောင်နိုင်ပါဘူး သူ့ကိုတက်နိုင်သမျှသတင်းတွေကိုသိစေချင်ပါတယ် ရခိုင်အဖွဲ့ရဲ့စည်းလုံးကြိုးပမ်းမူကို အားကြပါတယ် ကျမက မွန်ပြည်နယ်မှာမွေးဖွါးပေမဲ့ ရခိုင်ပြည်လေမုန်းတိုင်းသင့်တာကို လှူခဲ့ပါတယ် ကိုယ်နိုင်တဲ့ဝန်ကိုထမ်းတာပါ နားဂစ်တုံးကတော့ လှူနိုင်စွမ်းမရှိလို့ မလှူခဲ့ရဘူး အခုလောလောဆယ်တော့ သစ်ပင်စိုက်ပျိုးပြီး အသိပညာတွေတတ်နိုင်သလောက် ဖြန့် ဖြူး ပို့ ရည်ရွယ်ထားပါတယ် မွန်ပြည်နယ်အတွက်တော့ဘာမှမလုပ်ရသေး ဘူး ကျမတို့တိုင်းရင်းသားတွေအားလုံး ကို ပြောချင်ပါတယ် ဒေသစွဲလေးတွေကို လျှော့စေချင်ပါတယ် ကိုယ်နိုင်တာလေးတွေကို လုပ်စေချင်ပါတယ် ကိုယ့်ဒေသအပြင် တခြားဒေသတွေကိုပါ မျှဝေ ခံစားစေချင်ပါတယ်ဒီလိုမျိုးကျန်တဲ့တိုင်းရင်းသားတွေလဲ တင်ပြနိုင်ရင်သိပ်ကောင်းမှာပါ ရခိုင်အဖွဲ့ကိုလေးစားပါတယ် သွေးကွဲစေမည့်စကားများကိုတတ်နိုင်သလောက် ရှောင်လွှဲပေးပါလို့ အကြံပြုပါရစေ

Unknown said...

ဒါက သွေးခွဲစေတဲ.စကားမဟုတ်ပါဘူး နဂိုကတည်းက ကောင်းမှုဆိုလို. ဘာမှမလုပ်ပေးခဲ.တဲ. ဗမာစစ်အုပ်စုတွေကို ရည်ညွန်းတာပါ။ရှိသမျှ သံယံဇာတတွေကိုကျတော. ရသမျှအကုန် ကြုးံပြီးယူသွားကြတာ ယူနေကြတာကိုတောင် ဒေသစွဲ လျှော.ရအုးံမှာ ဟုတ်လား ဒုက္ခဆိုးတွေကို ဒီဒေသက လူတွေ ခါးစည်းခံပါဆိုတဲ. သဘောမျိုးပြောတာပါလား ခင်ဗျား အုပ်ချုပ်သူလူတန်းစားတွေကိုကြည်.လိုက် သန်းရွေ၊မောင်အေး၊သိန်းစိန်၊သူရရွေမန်း၊ထွေးဦး၊ခင်ရီ၊ကျော်ဆန်း နောက်ထပ်အများကြီးရှိပါသေးတယ် ဘယ်တစ်ယောက်က တိုင်းရင်းသားလူမျိုးတွေထဲက ပါသလဲ နောက်ထပ်တဖန် လူမျိုးရေးမုန်တီးစိတ်နဲ. ရခိုင်.ရှေးဟောင်းအမွေအနှစ် ဘုရား စေတီတွေကို ဖျက်နေပါပြီ ဒါတွေကို ဟန်တားဖို.တင်ပြနေတာတွေကြလည်း ဒေသစွဲတွေပဲလား ဗုဒ္ဒဘာသာကို ကိုးကွယ်တဲ. လူသားတိုင်းနဲ.ဆိုင်တဲ. ကိစ္စပါ။ခေါင်းရှောင်လို. ရကောင်းတဲ. အရာမဟုတ်ပါဘူး ဒေါ်အောင်ဆန်းစုကြည်ပါးစပ်က သတင်းမေးဖော် ယဉ်ကျေးမှုအမွေအနှစ်တွေကို ဖျက်စီးနေတာကို ဟန်းတားသင်.တယ်ဆိုတဲ. စကားတစ်ခွန်းတစ်လေမျှတောင် ထွက်သံမကြားရပါဘူး ဒေလောက်ဆိုးတဲ. အခြေအနေတွေထဲမှာ ရှိနေတာတောင် အခြေအနေတွေကို မသိသေးတာ အ.ံသြမိတာတော. အမှန်ပါ ရေဒီယိုနဲ. အဖော်လုပ်ပြီး သတင်းတွေကို မပြတ်နားထောင်နေပါတယ်ဆိုတဲ. ဒေါ်အောင်ဆန်းစုကြည်က ဒီရခိုင်ဒေသမှာရှိတဲ. ဒုက္ခဆိုးတွေကို မသိတာတော. မဟုတ်လောက်ပါဘူးနော် ရခိုင်ပြည်ကို မဲဆွယ်လာတုန်းက ရခိုင်တွေကို ချစ်မိသွားပါပြီဆို သူချစ်ပါတယ်ဆိုတဲ. ပြည်သူတွေ ဒုက္ခရောက်နေတာကိုတောင် သတင်းလေးတောင် မေးဖော်မရတာ ချစ်ပါတယ်ဆိုတဲ.စကားကို ယုံရခက်ခက်ပါပဲ။

အစိမ်းရောင်မလေး said...

ရခိုင်ပြည်နယ် ဂီရီဆိုင်ကလုန်း မုန်တိုင်းဒဏ်သင့် ဒေသများ ပြန်လည်တည်ဆောက်ရေးအတွက် “ရှင်သန်နိုးထ အာရက္ခ” အမည်ဖြင့် စင်တင်တေးဂီတဖျော်ဖြေပွဲတရပ်ကို သုဝဏ္ဏမိုးလုံလေလုံ အားကစားကွင်းတွင် ဒီဇင်ဘာ (၃၀) ရက် ညနေ ၅ နာရီမှ ၉ နာရီအထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။



အဆိုပါစင်တင်တေးဂီတပွဲတွင် ဥက္ကာဦးသာ ဦးဆောင်သော PLUS+3 တီးဝိုင်းနှင့် လေးဝတီ ရခိုင်ယဉ်ကျေးမှုတေးဂီတအဖွဲ့တို့က တီးခတ်ပေးမည်ဖြစ်ကာ ဦးအောင်လွင် ၊ ခန့်စည်သူ ၊ ဘုန်းလျှံ ၊ ရတနာမိုင် ၊ ကုသိုလ် ၊ အရိုင်း ၊ ညောင်ညောင်စသည့် ရုပ်ရှင်သရုပ်ဆောင်များအပြင် ကိုသန်းမောင် ၊ ခိုင်မြတ်မင်း ၊ စောနှင်းနွယ် ၊ ဒိုအ်ရီ ၊ Lကိုလင်း စသည့် ရခိုင်အဆိုတော်များက သီဆို ဖျော်ဖြေကြမည်ဖြစ်သည်။



“တခြားနာမည်ကြီး အဆိုတော်တွေ ၊ သရုပ်ဆောင်တွေလည်း ပါဝင်ကူညီသီဆိုပေးကြဖို့ ရှိပါတယ်။ သူတို့ အားလပ်ရက်ဖြစ်ဖို့ ညှိနှိုင်းနေကြပါတယ်။ ထပ်တိုးလာမယ့် သီဆိုသူတွေကို ထပ်ပြီး ထုတ်ပြန်ပေးပါ့မယ်။ ရခိုင် ရိုးရာအကတွေနဲ့လည်း ဖျော်ဖြေသွားမှာပါ”ဟု လေးဝတီတေးဂီတအဖွဲ့မှ တာဝန်ရှိသူတဦးက ဧရာဝတီသို့ ပြောသည်။



“ရှင်သန်နိုးထ အာရက္ခ” ဂီတဖျော်ဖြေပွဲမှ ရရှိသည့် အလှူငွေများကို အလိုတော်ပြည့်ဆရာတော်ကြီးမှ တဆင့် လေဘေးသင့်ဒေသများသို့ ပြန်လည်လှူဒါန်းသွားမည်ဟုလည်း လေးဝတီအဖွဲ့ တာဝန်ရှိသူက ဆက်လက်ပြောဆိုသည်။



ဂီရိမုန်တိုင်း ၀င်ရောက်ခဲ့ပြီးချိန်မှစ၍ အလိုတော်ပြည့်ဆရာတော်ကြီးသည် တပည့် ဒကာ ၊ ဒကာမများနှင့်အတူ လေဘေးသင့်ဒေသများသို့ သွားရောက်လှူဒါန်းနေသည်မှာ ငွေကျပ်သိန်းထောင်ချီနေပြီဖြစ်ကြောင်း သိရသည်။လှူဒါန်းမှုပုံရိပ်များကို http://alodawpyei.org/alo/ တွင် ကြည့်ရှုနိုင်ပါသည်။





လက်မှတ်တန်ဖိုး။ ။ ကျပ် ၃၀၀၀ ၊ ၅၀၀၀ ၊ ၁၀၀၀၀လက်မှတ်များကို

ရာမောင်သားထမင်းဆိုင် ကျောက်မြောင်း

မင်းလမ်းထမင်းဆိုင် ကိုထွန်းကျော်

တာမွေအ၀ိုင်းထိပ် တိတ်ခွေအေ၇ာင်းဆိုင

်လိုင်သာယာ ရွေမောင်ကိုသံဒိုင်း ကာဝပ်ရော့

ရွေရခိုင် ထမင်းဆိုင

်ကျောက်မြောင်း ရမ္မာဝတီ ထမင်းဆိုင်ရုပ်ရှင်ရုံအနီး

Airmandalay ရုံးစပါယ်မြိုင် ထမင်းဆိုင်

လှည်းတန်းပျို့လက်ရာ ထမင်းဆိုင်

၂၉လမ်း နှင့် ရွေဘုံသာလမ်းထိပ်ရိုးရာထမင်းဆိုင်

သတိပဋ္ဌာန်လမ်း ကျောက်မြောင်းအလိုတော်ပြည့်ကျောင်းတိုက်

ဂေါပကအဖွဲ့ (တာမွေလေး)ရခိုင်ဓမ္မာရုံ တို့တွင် ၀ယ်ယူရရှိနိုင်ကြောင်း သိရသည်။ 



မင်းနိုင်သူ at 1:33 PM

Sunday, November 28, 2010

http://www.irrawaddyblog.com/2010/11/blog-post_28.html

အစိမ်းရောင်မလေး said...
This comment has been removed by the author.

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More