We will collect News, Info and so forth concerning 'Burmese Govt.Railroad Project' that will be through the historical inportant town of mrauk-U in Arakan Kingdom.

Burmese Govt. Destroying Our Arakanese Historical Heritage of Mrauk-U in Arakan Kingdom

Scrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image Generator
Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Friday, November 26, 2010

ဇွဲသတ္တိနန့်ပြိုင်တူ

ထီးနန်းစဉ်လာ တည်ဟိကာဖြင့်
သမိုင်းစဉ်လာ ကြီးမားစွာနန့်
ပိုင်ဆိုင်ခရေ ငရို့ဘ၀ကို
ဖြိုလို့တစ်ဖုံ ဖျက်လို့တစ်မျိုး
ဖောက်ထွင်းလိုထွင်း တူးကာတူးလို့
ညဉ့်ပန်းနှိပ်စက် အရပ်ရပ်အား
ပြုကာလုပ်လား ထိုသူများ
မကြာပါဗျာယ် သတိထား။

အစဉ်အလာ ကြီးမာစွာဖြင့်
အကျင့်ဂုဏ်အင်္ဂါ မြင့်မြတ်စွာနန့်
သမိုင်းစဉ်လာ နှစ်ရာထောင်ပေါင်း
အစဉ်ထိန်းကာ စောင့်ရှောက်လာသော
အစဉ်ရွက်ကာ သိမ်းဆည်းလာသော
အစဉ်အလာ ခိုင်မာကြောင်းကို
ငါရို့တစ်မျိုးလုံး လူညံ့မဟုတ်ကြောင်းကို
မှန်ကန်ဖြောင့်မတ် ဇွဲသတ္တိနန့်
အပြိုင်လက်တွဲ လုပ်ပြသင့်ဗျာယ်။


ရက္ခ၀ံသ

Wednesday, November 24, 2010

အယင်ယှင်းပစ်ကတ်မေ

သမိုင်းကြောင်းကို ပယ်ဗျာယ်ဖျောက်
မှတ်တိုင်တိကို ဖြိုပနာဖျက်
အရာရာကို လက်ညွှန်မပြနိုင်အောင်
လူမျိုးကြီးဝါဒ အယူအဆနန့်လေ။
ဖုံးပိတ်ကာဆို့ လှန်မရအောင်
ဒေ၀ဒတ်ထက်ပင် မိုက်သိယင့်
သို့သော် သူဒေ၀ဒတ်မဟုတ်။
အင်္ဂုလိမာလထက်ပင် ရက်စက်သိယင့်
သို့သော် သူအင်္ဂုလိမာလမဟုတ်။
စိဉ္ဖမာနထက်ပင် ယုတ်မာသိယင့်
သို့သော် သူ စိဉ္ဇမာနမဟုတ်။
မဟုတ်မတရား လွဲမှာလွန်ကျူး
ခွီးပိုင်ကျင့် ခွီးပိုင်အယူနန့်
အကျင့်မှန်သမျှ ပေါက်ကရတိ
ကျင့်သုံးနိန်သော လူမျိုးစု၏
လက်အောက်မှာ နိန်ရသောငါရို့
ရုံးထွက်ပနာ တိုက်ခိုက်ဖို့
အချိန်ကျရောက်နိန်ပါဗျာယ်။
မှုံမှိုင်းပြာရီ ပဝေဏီမှ
ထိန်းသိမ်းခရေ အမွီအနှစ်တိကို
ပစ္စက္ခရောက် မျက်မှောက်မှာလေ
အကျင့်တိညံ့ နည်းမျိုးစုံနန့်
တလိန်းလိန်းဖြင့် ပစ်ထိုးနိန်သော
ယင်းဒေသနန့် ယင်းသတ္တ၀ါတိကို
အချိန်မှန်အတွင်း ပယ်ယှားပစ်ဖို့
တိုက်ထုတ်ပြန်ယူ အနိုင်ယူဖို့
ငါရို့မျိုးမှန် တာဝန်ပေတည်း။

ရက္ခ၀ံသ

သက်ဟိထုဆစ်လက်ရာ

ထီးနန့်းစဉ်လာ ကျုံးမြီရာနန့်
ထုဆစ်လက်ရာ ကမ္ဗည်းမှနောက်
အတ္တ၀ါဒီများ ဖိနှိုပ်မှုအောက်မှာ
အံကြိုက်ခံပနာ နိန်ထိုင်ရသော
ငါရို့တိ၏ နိန့် နန့် ည သည်
အဘာအမင် မဟိသော
မှီခိုစရာ ရှာမရသော
အားကိုးရာ ကင်းမဲ့စွာသော
မျက်မှောက်မြင်ရ ငါရို့ဘ၀သည်
ပိုင်သျှင်မဟိသော ပစ္စည်းတစ်ခုပိုင်
ဖြစ်နိန်ပါဗျာယ်။

တံတိုင်းတိကို ဖြိုပနာဖျက်
ကျုံးမြီကိုရာ တူးဖေါ်ဖောက်ထွင်း
သမိုင်းစဉ်လာ မှတ်တမ်းလွှာတိ
ပျောက်ကွယ်လုနီး ဖြစ်နိန်လီယင့်။
အော်…..
မသမာမိစ္ဆာ လူယုတ်တိအောက်
အလူးအလိမ်း ခံရခက်နိန်သော
ဘ၀မျိုးဆက် အဖူးအညွန့်ရို့သည်
အမှန်တရားကို လက်ထောက်ပြဗျာယ်
ကာကွယ်ဖို့ ကြိုးစားကေလည်း
လက်ဝါးလှန်ဖို့ မရလောက်အောင်
ဖိနှိုပ်ထားလို့ ငြိမ်ခံနိန်ရရေ။

မိတဆိုး ဖသားချောင်ပိုင်
အဘာအမင် အမှန်မှန်းကို
သိလျက်သားနန့် ခေါ်ခွင့်မရေ
ငါရို့ဘ၀. ………. ။

ခေါ်လို့ပြဖို့ အင်အားစိုက်ကေလည်း
ရင်တွင်းထဲမှာ ပိတ်ဆို့နိန်ရေ
သောကတိကြောင့် အသံမထွက်တထွက်နန့်
အံကြိုက်ခံယင်း
ထုဆစ်လက်ရာ အနုသုခုမ
ဂီတစာပီ သမိုင်းအမွီတိစွာ
သည်းမခံနိုင် ဒေါသပေါက်ကွဲမိလို့
အော်လိုက်မိစွာက ငါရို့လည်းအသက်နန့်ရာလတ်.။

ရက္ခ၀ံသ

ဗျာပါဒ

သက္ကရာဇ်တိ ပြိုကွဲ
ငိုပွဲတိ အခါခါ ဆင့်
အဆိပ်သင့်လီစော်လား
အို..အဖ..................။

မနိုးထဗျလ်လား
မနှိုးခဗျယ်လား......

ရောင်နီဦး နိန့်သစ်တခေါက်
ပြန်မရောက်ပျယ်လား

သမိုင်းအကြွီ အပိုင်းအစကို ကောက်ဖို့
အဖ သွီးတိ အလင်းမမြင်ရဗျယ်လား

အဖ ရင်
ကြမ္မာငင်လို့
တစ ပြင် ဖြစ်နီဗျယ်ဂါး
အို...............အဖ..။

နသွီး မမာ
အတောင်မပေါက်
ပျံမရောက်နိုင်ရေ
သားချေရို့ အတွက်
ရင်နာစော် ပိဖန်များလို့
ငိုဖို့ပင် အားမဟိဗျယ် အဖ........၊

ရင်ဖတ်ကို တအားဖျစ်ပနာ
အာခေါင်ခြစ်လို့ အော်ပလိုက်ချင်ရေ
မျက်ရည်လေ့ မကျလာ
ရင်နာစော်ရာ ကြီးလီယင့်.........။

အိုး...........အဖ
အဆိပ်သင့် အဖရင်ကို
သားချေရို့
မမြင်ဝံ့ဗျယ် အဘာ.............။
------------
လင်းဇံ

Twitter Delicious Facebook Digg Stumbleupon Favorites More