We will collect News, Info and so forth concerning 'Burmese Govt.Railroad Project' that will be through the historical inportant town of mrauk-U in Arakan Kingdom.

Burmese Govt. Destroying Our Arakanese Historical Heritage of Mrauk-U in Arakan Kingdom

Scrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image Generator

Friday, November 26, 2010

မြောက်ဦး သို့မဟုတ် ရခိုင်ရို့ ၏ နှလုံးသား ချေမှုန်းခံနေရခြင်း

မြောက်ဦး သို့မဟုတ် ရခိုင်ရို့ ၏ နှလုံးသား ချေမှုန်းခံနေရခြင်း

အရှင်အရိယ၀ံသ။ နယူးဒေလီ


နှစ်ပေါင်း ရာစုများစွာကြာအောင် ဖွံ့ဖြိုးစည်ပင်တိုးတက်လျှက်၊ ရခိုင်ဘုရင်တို့၏ နောက်ဆုံး ထီးနန်းစိုက်ခဲ့ရာ ဖြစ်၍ မြောက်ဦးသည် ရှေးဟောင်း ရခိုင်ယဉ်ကျေးမှူ အနုလက်ရာတို့ စုဝေးရာ၊ ရခိုင်တို့၏ အမျိုးသားရေး အားမာန်များကို ဖြစ်ပေါ်စေသော အရင်းအမြစ်ဖြစ်သည်။ ရှေးပဝေသဏီကစ၍ ဗမာအုပ်ချုပ်သူ အဆက်ဆက်တို့၏ အကျင့်ဆိုးကြီးများအနက် အဆိုးဆုံးတစ်ခုမှာ လူမျိုးတမျိုးကို မျိုးဖြုတ် သုတ်သင်လိုလျှင် ထိုလူမျိုးတို့ အမြတ်တနိုး တန်ဖိုးအထားဆုံးအရာကို ရိုက်ချိုးဖျက်ဆီးတတ်ခြင်းဖြစ်သည်။ ပုဂံခေတ်ကစ၍ မွန်နိုင်ငံတော်အား အနိုင်အထက်ပြုလျှက် မင်းကိုလက်ရဖမ်း၍ ပိဋကတ်တော်ကို သိမ်းယူခဲ့သည်။ ပုဂံခေတ်ကတည်းက ရခိုင်မဟာမြတ်မုနိအား ရယူနိုင်ရေးအတွက် နည်းမျိုးစုံဖြင့် ကြိုးပမ်းလာခဲ့ရာ ကုန်းဘောင်ခေတ်အရောက်တွင်မှ အောင်မြင်စွာ သိမ်းယူနိုင်ခဲ့သည်။

အင်းဝခေတ်တွင် ထိုင်းယိုးဒယားသို့ စစ်ချီခဲ့ပြီး အယုဒ္ဓယမြို့ဟောင်းတွင် ကမ္ဘာမကြေနိုင်သော အဖျက်လုပ်ငန်းများကို လွန်ကျူးထားရစ်ခဲ့သည်မှာ ထိုင်းမြန်မာ ဆက်ဆံရေးအတွက် ယနေ့တိုင်အဖုထစ်ကြီး ဖြစ်ရဆဲဖြစ်သည်။ အဖျက်လုပ်ငန်းနှင့် ကောက်ကျစ်စဉ်းလဲသော အရာတွင် ဗမာအုပ်ချုပ်သူများမှာ ကမ္ဘာတွင် ပြိုင်လျှင်ရှူံးလောက်အောင် လက်သံပြောင်လှသူများဖြစ်သည်။ မိမိတို့ကိုယ်တိုင် သဘောတူဖိတ်ခေါ်၍ လာရောက်သော မွန်သူရဲကောင်း လဂွန်အိမ်တို့ သံအဖွဲ့ကို ချောင်းဖြတ်အကူး၌ ငုတ်စိုက်ထားပြီး ဓားဖြင့် ဆင်း၍ခုတ်သည်ကို ရာဇာဓိရာဇ် အရေးတော်ပုံတွင် မှတ်တမ်းတင်ထားသည်။ မိမိတို့အား အားကိုးတကြီး အကူညီလာတောင်းလှာသော ဒေသများတွင် အကူညီအစား ရက်စက်စွာဖိနှိပ်၍ ကြမ်းပြခဲ့သည်။ အထူးတိုက်စရာမလိုပဲ အလိုလျောက် လက်အောက်ခံဖြစ်ပြီးသား အာသံ။ မဏိပူဒေသများတွင်ပင် သွေးသံရဲရဲဖြင့် ဘုန်းလက်ရုံးစွမ်းပြခဲ့သည်။

ဘိုးတော်မောင်ဝိုင်း၏ တပ်များပြည်ဦးစွန်းကို ချိုး။ ပြည်မျက်လုံးကိုဖောက်။ ပြည်မကိုဋ်ကို သိမ်းပိုက်ခဲ့ပုံ ဖြစ်ရပ်စုံကို ရခိုင်တို့ မေ့၍ရကြသေးသည်မဟုတ်။ သွေးချောင်းစီးအောင်သတ်၍ အရပ်ရပ်ယဉ်ကျေးမှု အမွေနှစ်များ ဘုရားဆင်းတု။ ရုပ်တု ခေါင်းလောင်း ကျမ်းဟောင်းပေစာ ဖွယ်ဖွယ်ရာရာမှန်သမျှတို့ကို သက်ရှိရဟန်း ။ လူပညာသည်။ ပညာရှိများနှင့်အတူ တလုံးတ၀တည်း သိမ်းယူခဲ့သည်။ မိမိတို့ နန်းတွင်းရေးများကို ပြန်ကြည့်လျှင်ပင် တိုင်းပြည်အနာဂါတ်ဖြစ်သော မြင်းကွန်းမင်းသားကြီးနှင့် ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရမှုများကို တွေ့မြင်နိုင်သည်။ ဤရွေ့ဤမျှအထိ အာဏာရူး၍ မီးကုန်အောင် ရမ်းကားတတ်သော်လည်း ခေတ်မီတိုးတက်ဖွံ့ဖြိုးခြင်းဖက်တွင် အထူးချူချာနိမ့်ကျလွန်းလှသော ကုန်းဘောင်ရာဇာ တို့၏ ပထမဆုံးသော ဒေါင်းဒင်္ဂါးကို ထိုခေတ် (၁၈ ရာစုအစောပိုင်း) ရောက်တော့မှ ရခိုင်မှ သိမ်းယူလာခဲ့ သောစက်ဖြင့် ရခိုင်ပညာရှင်များကို လုပ်အားပြန်ပေးဆွဲ၍ လုပ်စေခဲ့ခြင်း ဖြစ်ကြောင်း ဗမာသုတေသီတစ်ဦးက ဖော်ပြဖူးသည်။

မြန်မာအုပ်ချုပ်သူအဆက်ဆက်တို့ကို ဆက်ခံသော ယနေ့ခေတ် နအဖစစ်ဘီလူးကြီးများမှာ ယင်းတို့အနက် အယုတ်မာဆုံး၊ အရက်စက် အကြမ်းကြုတ်ဆုံးဖြစ်သည်။ ကောက်ကျစ်မှုအရာတွင်လည်း အပါးဆုံး အလည်ဆုံး ပညာသားအပါဆုံးဖြစ်သည်ကို ပြီးခဲ့သည့် ရွေးကောက်ပွဲ ၂ ကြိမ်အတွေ့အကြုံများအရပင် လယ်ပြင်တွင် ဆင်သွားသလို သိကြပြီးဖြစ်သည်။ ပထမတကြိမ်တွင် အပြတ်သတ်နိုင်သူကို မည်သည့်ခိုင်လုံသော အကြောင်းပြချက်မျှမရှိဘဲ အသိမှတ်မပြု၊ ဒုတိယတကြိမ်တွင် စံနစ်တကျ၊ အားသုံး၍ သူ့လူဒလံပါတီကို မရမနေ နိုင်အောင်လုပ်ချလိုက်လေပြီ။ ထို့ကြောင့် ဒီအတိုင်း လက်ပစ်ထိုင်ကြည့်နေကြလျှင် ပဉ္စမဗမာနိုင်ငံတော် ထူထောင်ရေးဆိုသည့် ကမ္ဘာ့ရယ်စရာအကောင်းဆုံးမူဖြင့် သွေးနထင်ရောက်၍ အခြောက်တိုက် ဘ၀င်ရူး စစ်အုပ်စု အာဏာရှင်များသည် ရခိုင်တို့၏ ယဉ်ကျေးမှု နှလုံးသားကို မညှာမတာ၊ မဆင်မခြင် ချေမွဖျောက်ဖျက်ပစ်လိုက်မည်မှာ သေချာနေပေသည်။ တာလီဘန်များမှာ မူဆလင်ဖြစ်၍ ဘုရားကို ဒုံးဖြင့်ခွင့်ဖို့ လက်မတွန့်ခဲ့သည်မှာ မဆန်း။ ဗုဒ္ဓဘာသာဖြစ်ပါလျှက် ဘုရားကို မြေတူးစက်ဖြင့်ထိုးကော်ရဲသည်မှာ ပိုမို၍ ထူးဆန်းကြောင်း စေ့စေ့ငငသိထားကြရန် အရေးကြီးပေသည်။ သူတို့ လက်ခုပ်ထဲမှ ရေလိုဖြစ်နေ၍ မှောက်လိုမှောက် သွန်လိုသွန် လုပ်သမျှ ငုံ့ခံနေရသော ယခုအခြေနေတွင်ပင်လျှင် မိမိတို့အနေဖြင့် ဤကိစ္စအပေါ် မည်သို့တုံ့ပြန်ကြရမည်။

တုန့်ပြန်နိုင်သေးသည်ဆိုသည်ကို ရခိုင်အမျိုးသားများနှင့်အတူ ယဉ်ကျေးမှုမြတ်နိုးသော တိုင်းရင်းသား ညီအစ်ကို မောင်နှမများအားလုံး သတိ၊ အသိရှိသင့်ကြပေသည်။ အကြောင်းမှာ ဤကိစ္စမျိုးသည် သက်ဆိုင်ရာ လူမျိုး တခုတည်း ဘာသာတခုတည်းနှင့်သာ ဆိုင်သည်မဟုတ်ပဲ ယဉ်ကျေးသော လူ့အသိုင်းဝိုင်းတခုလုံးနှင့် သက်ဆိုင်သော ကိစ္စဖြစ်နေခြင်းကြောင့်ဖြစ်သည်။ စစ်ကာလက ဗမာပြည်အထက်ပိုင်းအား အင်္ဂလိပ်စစ်တပ်မှ ဗုံးကြဲစဉ် အင်္ဂလိပ်သမိုင်းပညာရှင် မစ္စတာ လုစ်က ပုဂံကို ဗုံများ မကြဲချမိစေရန် စာပေး၍ အင်္ဂလိပ်စစ်တပ်မှ စဉ်းစား နားလည်ပေးခဲ့ခြင်းကြောင့် ယနေ့ ပုဂံတွင် ဘုရားပုထိုးများ ရှေးမူမပျက် တင်ကျန်ခဲ့ခြင်းဖြစ်သည်။ နောက်ဆုံးဖြစ်ပေါ်နေသော မီဒီယာ သတင်းများအရ ဒေသခံပြည်သူများ။ ဒေသခံ သမိုင်းသုတေသီ ပညာရှင်များမှနေ၍ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ သက်ဆိုင်ရာ ရှေးဟောင်းဌာနှင့် ရထားလမ်းဖောက်လုပ်နေသည့် မီးရထားဌာနများသို့  တိုက်ရိုက်ပေးစာများ ပေးပြီး ကန့်ကွက်နေကြသော်လည်း ယနေ့အထိ မည်သည့်တုန့်ပြန်ချက်မှ မရရှိသေးကြောင်း သိရပေသည်။

ရွေးကောက်ပွဲတွင် အမတ် နေရာ (၃၅) နေရာအထိ အနိုင်ရထားသည့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီအနေဖြင့်လည်း အချက်လက်များကို လေ့လာနေပြီး လွှတ်တော် အပြင်ဖက်မှာရော လွှတ်တော်အထဲမှာပါ ဤကိစ္စကို ကန့်ကွက်သွားမည်ဟုသိရသည်။ (ယနေ့ နောက်ဆုံးသတင်းတခုအရ အမတ်နေရာအများဆုံးအနိုင်ရထားသည့် ပြည်ထောင်စု တိုင်းရင်းသားဖွံ့တိုးတက်ရေး ပါတီမှ လာရောက်ပြီး၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီနှင့် ညှိနှိုင်းဆွေးနွေကြသည်။ ပြောဆိုဖြစ်ကြသည့် စကားများအရ ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွင် တိုးတက်ရေးပါတီနှစ်ခု တိုးတက်ရေး စကားများကို ဆွေးနွေးကြသည်ကို ကြားရသည့်ရခိုင်သားများအဖို့ အားတက်စရာကောင်းဘိသည်။ ရွေးကောက်ပွဲအပြီး ရက်ကိုးဆယ်အတွင်း ခေါ်ယူမည့် လွှတ်တော်ထဲတွင်ကား ဘောင်းဘီဝတ်ဥပဒေကို အရပ်သားအစိုးရက တပ်မတော်အလိုကျ ကျင့်သုံးရမည်သာဖြစ်သဖြင့် ဗမာတိုးတက်ရေးအမတ်မင်းများက ရခိုင်တိုးတက်ရေးအမတ်မင်းများကို ကြိုပေးထားခဲ့သည့်ကတိများ ကာကီ(စစ်စိမ်း)ရောင် လေထုထဲတွင် ပျောက်ကွယ်သွားဖို့သာ ရာနှုန်းများဆဲဖြစ်သည်။

လွှတ်တော်အားကိုဖြင့် ဖြေရှင်းမည့်ကိစ္စတိုင်းသည် စစ်ယူနီဖောင်ဝတ်။ ယူနီဖောင်းချွတ်အမတ်မင်းအများစု ကြီးစိုးသည့် လွှတ်တော်သည် ယခုစစ်အစိုးရ၀န်ကြီးများရုံးနှင့် ဘာမှထူးမခြားနာသာရှိမည်)။ စစ်အုပ်စု၏ သွေးခွဲအုပ်ချုပ်ရေး၊ အားနည်းသော လူမျိုးစုများကို ၀ါးမျို၊ သို့မဟုတ် ဖိနင်းဖျောက်ဖျက်ရေး နည်းဗျူဟာများကို ဗမာအုပ်ချုပ်သူ အဆက်ဆက်မှသည် ယနေ့ နအဖအထိ အကြိမ်ပေါင်း မရေမတွက်နိုင်သုံးခဲ့၊ သုံးဆဲဖြစ်သည့်သာဓကများစွာကို တိုင်းရင်းသားနယ်မြေများတွင် အမှတ်ထင်ထင်ရှိနေပေသည်။ ပြီးခဲ့သည့် မိုးရာသီထဲကပင် ရခိုင်သမိုင်းသုတေသီ ဆရာတော် ဦးပညာစာရအား လံကြုတ်စွဲချက်များဖြင့် ဖမ်းဆီးခဲ့ပြီး၊ ဒေသခံ ပြည်သူတရပ်လုံးမှ ဆန့်ကျင်ကန့်ကွက်နေကြသည့်ကြားမှပင် တရားမဲ့ တဖက်သတ်စီရင်ပြီး နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခဲ့ပေသည်။ ယခုလည်း နအဖ၏ခြေလှမ်းမှာ သမိုင်းကိုလက်စဖျောက်ခြင်းဖြင့် လူမျိုးတခုကို ကွယ်ပျောက်စေသည့်နည်းလမ်း (Cultural genoside) ပင်ဖြစ်ကြောင်းကို ပြည်သူများ၏ အကြံပြု၊ တောင်းပန်၊ ကန့်ကွက်လွှာများကို မသိကျိုးကျွန်ပြုပြီး ဆက်လက်လုပ်ဆောင်စေရန် နအဖ အာဏာရှင်ကြီးများက အမိန့်ပေးလိုက်ခြင်းဖြင့် ထင်ရှားစေပါသည်။

ယင်းကို သက်ဆိုင်ရာ ဒေသတိုးတက်ဖွံ့ဖြိုးရေးအတွက် မရှိမဖြစ်လိုအပ်ချက်များအနက်မှ ခြေတလှမ်း (Essential step) အဖြစ်မည်သည့်နည်းနှင့်မျှ ရှုမြင်လက်ခံနိုင်ဖွယ်မရှိပေ။ ဘုရားနီးနားမှ ကပ်ဖောက်လျှင်လည်း ဖြစ်နိုင်ဖွယ်ရှိပါလျှက် ဘုရားပေါ်မှပင် ရထားလမ်းကို တင်၍ဖောက်စေခြင်းမှာ လူမျိုး၊ ဘာသာတခုကို စော်ကားခြင်းသာမက လူမဆန်သော အရိုင်းအစိုင်းတို့၏ လုပ်နည်းလုပ်ဟန် စင်စစ်ဖြစ်သည်။ ဤရထားလမ်းအကြောင်းပြချက်ဖြင့် ရှေးဟောင်း ဘုရားပုထိုး များ ဖျောက်ဖျက်ခံရတော့မည်။ မည်သည့်နည်းနှင့် အစားထို ပြန်လုပ်ယူ၍ မရနိုင်သည့် ဆုံးရှုံးမှုကြီးတခုကို ရည်ရွက်ချက်ဖြင့်လုပ်ဆောင်သူ နအဖလည်း ထာဝရ ရာဇ၀င်လူဆိုးဖြစ်မည်။ အယုဒ္ဓယမြို့ဟောင်းမှ လူမျိုးရေးမုန်းတီးမှု သင်္ကေတနှင့် ထပ်တူ လူမျိုးရေး မုန်းတီးစိတ်များကို နောင်မျိုးဆက်များစွာသို့တိုင် ထပ်မံတိုးပွါးစေမည်သာသဖြင့် မည်သည့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကိုမှ ရတော့မည်မဟုတ်။ တိုင်းရင်းသားဆိုသူများ မညီညွတ်တော့မှ စစ်အုပ်စုက အာဏာတည်မြဲဖို့ ပိုသေချာမည်၊ ထို့ကြောင့်လည်း ဤအရေးသည် မြန်မာလူထုတခုလုံးအတွက်ပင် သေရေးရှင်ရေးများအနက် တခုဖြစ်နေပါသည်။ အားလုံးမှ ယခုထက်တိုး၍ စည်းလုံးညီညွတ်စွာ၊ အရှည်မြင်လျှက် ပူးပေါင်းပါဝင် ဆန့်ကျင်သွားကြရန် အပူတပြင်းလိုအပ်နေဆဲ ဖြစ်ပါသည်။
--------------

အသျှင် အရိယ၀ံသ။
နယူးဒေလီ

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More