We will collect News, Info and so forth concerning 'Burmese Govt.Railroad Project' that will be through the historical inportant town of mrauk-U in Arakan Kingdom.

Burmese Govt. Destroying Our Arakanese Historical Heritage of Mrauk-U in Arakan Kingdom

Scrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image Generator

Tuesday, November 30, 2010

မြောက်ဦး ရထားလမ်း လမ်းကြောင်းသစ် ဖောက်မည်

နယူးဒေလီ (မဇ္ဈိမ) ။       ။ ရခိုင့်ရှေးဟောင်းမြို့တော် မြောက်ဦးမြို့အတွင်း ဖောက်လုပ်ဆဲ ရထားလမ်းကို လွှဲပြောင်းကာ လမ်းကြောင်းသစ်ဖြင့် ဖောက်လုပ်သွားရန် စစ်အစိုးရ ဝန်ကြီးနှစ်ဦးက ယခုလ ၂၅ ရက်နေ့တွင် ညွှန်ကြားလိုက်ပြီ ဖြစ်သည်။

ဖောက်လက်စ ပြည်စိုးကြီးဘုရားနေရာမှ မြို့မြောက်ဘက်ရှိ ဝါးလုံးပျံ တံတိုင်းများသို့ လမ်းကြောင်း ပြောင်းရန်နှင့် တံတိုင်းများအပေါ် ဖြတ်ကျော်ရာတွင် ကျောက်တံတိုင်းများ တွေ့ရှိပါက မြေသားဖို့ပြီး ဖောက်လုပ်ရန် ယခုလ ၂၅ ရက်နေ့တွင် ရန်ကုန်ရှိ

ရှေးဟောင်းသုတေသနဌာနက ရထားဝန်ကြီးဌာနကို

Koe_Thoung_Pahtoetaw
ရခိုင်ပြည်နယ် မြောက်ဦးမြို့အနီးရှိ သမိုင်းဝင် ကိုးသောင်းပုထိုးတော်ကြီး။ ရထားလမ်းသစ်ဖောက်လုပ်မှုတွင် လမ်းကြောင်းဦးတည်နေမှုကြောင့် ပျက်စီးဖွယ်ရှိနေသည်ဟု ဒေသခံများက ဆိုသည်။
အသိပေးခဲ့သလို၊ ယခုလ ၂၅ ရက်နေ့တွင် စက်မှု (၁) ဝန်ကြီး ဦးအောင်သောင်းနှင့် ပို့ဆောင်ရေးဝန်ကြီး ဦးသိန်းဆွေတို့ မြောက်ဦးသို့ ကိုယ်တိုင်သွားရောက်ကာ လမ်းကြောင်းသစ်ကို ရွေးချယ်ပေးခဲ့ခြင်း ဖြစ်သည်။

“ အခုလမ်းက ရန်ကုန်-စစ်တွေ ကားလမ်းပေါ် ရောက်သွားတော့ ရှေးဟောင်းဘုရားတွေကို ကင်းလွတ်တဲ့ နယ်မြေ ဖြစ်သွားတာပေါ့။ အရင်ထက်စာရင် ကောင်းသွားတယ်” ဟု မြောက်ဦးမြို့မှ အမည်မဖော်လိုသည့် သမိုင်းသုတေသီ တဦးက မဇ္ဈိမကို ပြောသည်။

မင်းဘူး-အမ်း-စစ်တွေ ရထားလမ်း ဖောက်လုပ်ရာတွင် မြောက်ဦးမြို့အရောက် ရှေးဟောင်း စေတီပုထိုးများနှင့် အမွေအနှစ်များ ပျက်စီးသည်ဟုဆိုကာ ရခိုင်ပြည်သူများက ယခုလ ၁၅ ရက်နေ့တွင် အနောက်ပိုင်းတိုင်းမှူးထံ စာရေးသား တိုင်ကြားခဲ့သေးသည်။

“တိုင်စာ တင်လိုက်တဲ့အခါမှာ ယဉ်ကျေးမှု ဝန်ကြီးဌာနက ချက်ချင်း ရထားဝန်ကြီးဌာနကို အကြောင်းကြားတယ်။ အဲဒီ် ရထားဖောက်လုပ်ရေးကို ရပ်တန့်ပြီးတော့ ဘယ်လောက်ပျက်သွားပြီလဲကို စစ်ဆေးပြီး၊ ပျက်စီးသွားတဲ့ ရှေးဟောင်း အမွေအနှစ်တွေကို ပြုပြင်ပြီးတော့ လမ်းအူကြောင်းအသစ် ဖောက်လိုက်တာပါ” ဟု သမိုင်းသုတေသီက ပြောသည်။

Htoke_Kan_Thaim_Pahtoetaw
ရခိုင် ရှေးဟောင်းအမွေအနှစ် ထုက္ကန်သိမ် ပုထိုးတော်ကြီးပုံ။ စစ်တွေ- အမ်း- မင်းဘူး ရထားလမ်းသစ် ဖောက်လုပ်မှုကြောင့် ရခိုင်ပြည်နယ် ရှေးဟောင်းအမွေအနှစ် စေတီပုထိုးများ ပျက်စီးဖွယ်ရှိနေသည်။
ရှေးဟောင်းဇုန်တွင် မြေကြီးများ တူးဆွခြင်း၊ တောင်ဖြိုခြင်း၊ ခံတပ်များ ထိခိုက်ခြင်း မပြုလုပ်ရန်နှင့် ရှေးဟောင်းပစ္စည်း လက်ဝယ်တွေ့ရှိလျှင် မည်သူမဆို ဥပဒေအရ အရေးယူနိုင်ကြောင်း ရှေးဟောင်းယဉ်ကျေးမှုဌာနကလည်း ယခုလ ၂၅ ရက်နေ့တွင်ပင် အမိန့်ထုတ်ခဲ့ကြောင်း သူက ဆက်ပြောသည်။

ကျောက်တော်-မြောက်ဦး လမ်းပိုင်းကို ယခုလ ၇ ရက်နေ့တွင် စဖောက်ခဲ့ရာ သဇင်တံ၊ မင်္ဂလာမာန်အောင်နှင့် ခြင်ကိုက်၊ ကသဲအိုင်ကျုံး စသည့် တံတိုင်း ၁ဝ ခုနှင့် ဘုရားသုံးဆူ ပျက်စီးသွားနိုင်သည်ဟု ဒေသခံများက ပြောဆိုထားကြသည်။

၂ဝဝ၉ ခုနှစ် မေလမှစ၍ ရထားလမ်း စဖောက်ရာ စစ်တွေ-ရေချမ်းပြင် လမ်းပိုင်းနှင့် ကွမ်းတောင်-ယိုးတရုတ်လမ်းပိုင်းတို့ ပြီးစီးခဲ့ပြီဖြစ်သည်။ မြေသားလမ်းတွင် ကျောက်တော်-မြောက်ဦး လမ်းပိုင်းပြီးစီးမှု ၇၅ ရာခိုင်နှုန်းရှိသည်ဟု စစ်တွေရှိ ရထားလမ်းဖောက်လုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတဦးအဆိုအရ သိရသည်။

http://mizzimaburmese.com/news/inside-burma/6511-2010-11-30-08-47-48.html

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More