We will collect News, Info and so forth concerning 'Burmese Govt.Railroad Project' that will be through the historical inportant town of mrauk-U in Arakan Kingdom.

Burmese Govt. Destroying Our Arakanese Historical Heritage of Mrauk-U in Arakan Kingdom

Scrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image Generator

Tuesday, November 23, 2010

မြောက်ဦးရထားလမ်း ရှေးဟောင်းနှင့် ကုမ္ပဏီ သဘောတူညီမှုမရနိုင်

နယူးဒေလီ ( မဇ္ဈိမ) ။ ။ မြောက်ဦးမြို့ဟောင်း မပျက်စီးအောင် ရှောင်တိမ်းနိုင်မည့် ရထားလမ်းကြောင်းသစ် ရှာရေး ရှေးဟောင်းသုတေသနနှင့် ရထားလမ်းဖောက် ကုမ္ပဏီတို့ သဘောတူညီမှု မရသေးဟု သုတေသနဌာနနှင့် ဒေသခံ သုတေသီများက ပြောသည်။

ရှေးဟောင်းသုတေသန ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးလွင် မနေ့က ကွင်းဆင်းစစ်ဆေးပြီး ရထားလမ်း အူကြောင်းသစ်ရှာရန် တင်ပြခဲ့ရာ မြန်မာ့မီးရထားမှ ကန်ထရိုက်ယူ ဖောက်လုပ်နေသော Steel Stone ကုမ္ပဏီက သဘောမတူဘဲ ပယ်ချခဲ့သည်ဟု အမည်မဖော်လိုသူ ရှေးဟောင်းသုတေသန အရာရှိတဦးက ပြောသည်။

Htoke_Kan_Thaim_Pahtoetaw
ရခိုင် ရှေးဟောင်းအမွေအနှစ် ထုက္ကန်သိမ် ပုထိုးတော်ကြီးပုံ။ စစ်တွေ- အမ်း- မင်းဘူး ရထားလမ်းသစ် ဖောက်လုပ်မှုကြောင့် ရခိုင်ပြည်နယ် ရှေးဟောင်းအမွေအနှစ် စေတီပုထိုးများ ပျက်စီးဖွယ်ရှိနေသည်။

“ တင်ပြတဲ့ လမ်းဟာ ငွေကြေးအကုန်ကျများမယ့်လမ်းလို့ ရထားလမ်း ဖောက်လုပ်ရေးအရာရှိတွေက ချေပတယ်” ဟု သူက ဆိုသည်။

ကုမ္ပဏီဘက်က ရထားလမ်းဆက်ဖောက်ရန် ဆုံးဖြတ်ထားပြီး ရှေးဟောင်းအမွေအနှစ်များ အထိအခိုက်နည်းအောင် လုပ်မည် ပြောသွားသည် ဆိုသည်။

မင်းဘူး-အမ်း-စစ်တွေ ရထားလမ်း မြောက်ဦးမြို့ဟောင်းကို ဖြတ်၍ ဖောက်လုပ်ခဲ့ရာ မြို့ဟောင်း အစိတ်အပိုင်းများနှင့် ဘုရားပုထိုးအချို့ ပျက်စီးသဖြင့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ အပါအဝင် ဒေသခံများက ကန့်ကွက်၍ နိုဝင်ဘာ ၁၈ ရက်က စီမံကိန်း ခေတ္တရပ်နားခဲ့သည်။

Koe_Thoung_Pahtoetaw
ရခိုင်ပြည်နယ် မြောက်ဦးမြို့အနီးရှိ သမိုင်းဝင် ကိုးသောင်းပုထိုးတော်ကြီး။ ရထားလမ်းသစ်ဖောက်လုပ်မှုတွင် လမ်းကြောင်းဦးတည်နေမှုကြောင့် ပျက်စီးဖွယ်ရှိနေသည်ဟု ဒေသခံများက ဆိုသည်
ကျောက်တော်-မြောက်ဦး လမ်းပိုင်းကို ယခုလ ၇ရက် က စဖောက်ခဲ့ရာ သဇင်တံတံတိုင်း၊ မင်္ဂလာမာန်အောင် တံတိုင်း၊ ခြင်ကိုက်တံတိုင်း၊ ကသဲအိုင်ကျုံး၊ စသည့် တံတိုင်း ၁ဝ ခုနှင့် ဘုရားသုံးဆူ ပျက်စီးသွားနိုင်သည်ဟု ဒေသခံ သုတေသီတဦးက ပြောသည်။

ရခိုင်ပြည်နယ်တွင် ၂ဝဝ၉ မေလ မှစ၍ ရထားလမ်း စဖောက်ရာ စစ်တွေ-ရေချမ်းပြင် လမ်းပိုင်းနှင့် ကွမ်းတောင် -ယိုးတရုတ်လမ်းပိုင်းတို့ ပြီးစီးခဲ့ပြီဖြစ်သည်။ မြေသားလမ်းတွင် ကျောက်တော်-မြောက်ဦး လမ်းပိုင်း ပြီးစီးမှု ၇၅ ရာခိုင်နှုန်းရှိသည်ဟု မြန်မာ့မီးရထား တာဝန်ခံတဦးကပြောသည်။

ဒေသခံ သုတေသီများတင်ပြသော မြောက်ဦးရထားလမ်းဖောက်လုပ်ရေးတွင် ပျက်စီးနိုင်သည့် ရှေးဟောင်းအမွေနှစ်များ

သဇင်တံ တံတိုင်း(မြေသား)( ပျက်စီး)
ခြင်ကိုက်တံတိုင်း(မြေသား)(ပျက်စီး)
မင်္ဂလာမာန်အောင်တံတိုင်း(ကျောက်တံတိုင်း) (ပျက်စီး)
ကသဲအိုင်ကျုံး(ပျက်စီး)
ရွှေဇင်းခင် လမ်းမကြီး( ပျက်စီး)
နတ်တုံတံတိုင်း (ကျောက်တံတိုင်း)
(လမ်းအူကြောင်း တွင်ပါဝင်)
ရွာဟောင်း တောတံတိုင်းနှစ်ထပ်
(လမ်းအူကြောင်းတွင်ပါဝင်)
မင်းတရားပြင်တံတိုင်း(၃) ခ
ု( လမ်းအူကြောင်း တွင်ပါဝင်)
မင်းသမီးရေတံခါး
(လမ်းအူကြောင်းတွင်ပါဝင်)
၁၀ ကိုးသောင်းပုထိုးတော်ကြီး
(လမ်းအူကြောင်းတွင်ပါဝင်)




















ပျက်စီးသွားသည့် ဘုရားပုထိုးများ


ပြည်စိုးကြီးဘုရား
သဇင်တံ မှဘုရားနှစ်ဆူ

.


...................
Mizzima News

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More