We will collect News, Info and so forth concerning 'Burmese Govt.Railroad Project' that will be through the historical inportant town of mrauk-U in Arakan Kingdom.

Burmese Govt. Destroying Our Arakanese Historical Heritage of Mrauk-U in Arakan Kingdom

Scrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image Generator

Sunday, November 21, 2010

နအဖ က ရခိုင်တိုင်းရင်းသားများအပေါ် (Genocide) ပြစ်မှုကျူးလွန်နေ သန်းနိုင်ဂလေး(မေဃ၀တီ)

Genocide ဆိုသည့်စကားလုံးကို “လူမျိုးတုံးသတ်ဖြတ်မှု၊ လူမျိုးတစ်မျိုးလုံးကို အစုလိုက်အပြုံလိုက်
သတ်ဖြတ်မှု” ဟု မြန်မာလို ပြန်ဆိုတတ်ကြသည်။ ခေါင်းစဉ်ကို ဖတ်ပြီး နအဖ က “ရခိုင်တိုင်းရင်းသား
တစ်မျိုးလုံးကို ကျူပင်ခုတ်ကျူငုတ်ပါမကျန်အောင် အမြစ်ဖြတ်မျိုးဖြုတ်သုတ်သင်ပစ်ရန် လူမျိုးတုံး
သတ်ဖြတ်နေပြီလား” ဟုတွေးစရာဖြစ်ကောင်းဖြစ်သွားနိုင်သည်။ လူမျိုးတစ်မျိုးလုံးကို မျိုးပြုတ်သွား
အောင် အကုန်လုံးသတ်ဖြတ်ပစ်ခြင်းမဟုတ်သော်ငြားလည်း Genocide ရာဇ၀တ်ပြစ်မှုအား ကျူးလွန်
နိုင်ကြောင်းကို အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်မှုဆိုင်ရာ တရားရုံးက ပြဌာန်းတားသည့်အတိုင်း ဥပဒေ
တွင် ခိုင်ခိုင်မာမာ တိတိကျကျဖော်ပြထားပါသည်။ နိုင်ငံတကာ ရာဇ၀တ်မှုဆိုင်ရာ တရားရုံး(၀ါ)
အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်မှုတရားရုံး (ICC=International Criminal Court) ဧ။် နိုင်ငံတကာ
တရားဥပဒေဆိုင်ရာ အသုံးအနှုန်းများ အဓိပ္ပါယ်သတ်မှတ်ချက်တွင် Genocide ဆိုသည့်ဝေါဟာရ
စကားလုံးသည် “လူမျိုးတုံးသတ်ဖြတ်မှု” ဟု မြန်မာဘာသာသို့ ဘာသာပြန်ဆိုချက် အဓိပ္ပါယ်တစ်ခု
တည်းကို ဆိုလိုခြင်းမဟုတ်။ နိုင်ငံတကာ ရာဇ၀တ်ဆိုင်ရာ တရားရုံးဧ။်အဓိပ္ပါယ် ဖွင့်ဆိုသတ်မှတ်ချက်
အရ Genocide ဆိုသည်မှာ နိုင်ငံသား၊ လူမျိုးစု၊ မျိုးနွယ်စု၊ (သို့မဟုတ်) ဘာသာရေးနှင့်ဆိုင်သော
အုပ်စုတစ်ခုခုဧ။် အားလုံးကို (သို့မဟုတ်) အစိတ်အပိုင်း တစ်ခုခုကို (အချို့ကို) ဖျက်ဆီးပစ်ရန် ရည်
ရွယ်၍ ကျူးလွန်သော အောက်ဖော်ပြပါမည်သည့် ပြစ်မှုကိုမဆို ဆိုလိုသည်---

(၁) လူအုပ်စု၏ အဖွဲ့ဝင်များကို သတ်ဖြတ်ခြင်း၊

(၂) လူအုပ်စု၏ အဖွဲ့ဝင်များကို ကိုယ်ထိလက်ရောက်သော်လည်းကောင်း၊ စိတ်ပိုင်းဆိုင်ရာအရ
သော်လည်းကောင်း ပြင်းထန်စွာအန္တရာယ်ပြုခြင်း၊

(၃) လူအုပ်စုဝင်များ၏ လူနေမှုဘ၀ အခြေအနေများကို ထိခိုက်နစ်နာအောင် တမင်တကာရည်ရွယ်၍
အုပ်စုတစ်ခုလုံးကိုဖြစ်စေ (သို့မဟုတ်) တစ်စိတ်တစ်ပိုင်းကိုဖြစ်စေ ရုပ်ပိုင်းဆိုင်ရာအားဖြင့် ထိခိုက်
ပျက်စီးစေခြင်း၊

(၄) လူအုပ်စုဝင်များအတွင်း ကလေးမွေးဖွားမှု (မျိုးပွားမှု၊ လူဦးရေတိုးပွားမှု)ကို တားဆီးရန်ရည်ရွယ်
ချက်ဖြင့် လိုက်နာချက်များ သတ်မှတ်၍ လိုက်နာစေခြင်း၊

(၅) လူအုပ်စုတစ်ခုအတွင်းမှ ကလေးများအား တခြားလူအုပ်စုအတွင်းသို့ အတင်းအဓမ္မပြောင်းရွှေ့
ခြင်းစသည့် လုပ်ရပ်များကို ပြုလုပ်ကျူးလွန်ခြင်းသည် Genocide ရာဇ၀တ်မှုကို ကျူးလွန်ခြင်းဖြစ်
သည်။

ထိုအချက်များထဲမှ တစ်ချက်ချက်ကိုကျူးလွန်လျှင် (သို့) တချို့ကိုကျူးလွန်လျှင် (သို့)အား
လုံးကိုကျူးလွန်လျှင် Genocide ဟုခေါ်သည့် ရာဇ၀တ်ပြစ်မှု ကိုကျူးလွန်ခြင်းဖြစ်သည်။
ထိုသို့ဆိုပါလျှင် နအဖသည် အဆိုပါငါးချက်ထဲမှ မည်သည့်အချက်ကို ကျူးလွန်၍ ရခိုင်တိုင်းရင်းသား
များအပေါ်တွင် Genocide ရာဇ၀တ်ပြစ်မှုကို ကျူးလွန်နေသနည်း။ တစ်ချက်(သို့) တချို့ (သို့) အား
လုံးကို ကျူးလွန်နေ၍လား၊ ယနေ့လက်ရှိ ပကတိဖြစ်ပျက်နေသော ဖြစ်ရပ်မှန် အဖြစ်သနစ် အထောက်
အထားက သက်သေခံနေပေသည်။

ထိုဖြစ်ရပ်မှန်မှာ----- ရခိုင်သမိုင်း သုတေသီ ရမ္မာဝတီအသျှင်ပညာစာရသည် ရခိုင်ပြည်နယ်၊ စစ်တွေ
မြို့၊ ကန်တော်ကြီးရပ်ကွက်၊ အာကျပ်တော်ကုန်းရှိ ၊ မဟာမုနိ ဗုဒ္ဓ၀ိဟာရကျောင်းတိုက်တွင် မိဘမဲ့
ဂေဟာဖွင့်လျှက် မိဘမဲ့ရခိုင်ကလေးငယ်များကို ကျွေးမွေးစောင့်ရှောက်ပြုစု၍ အခမဲ့ ပညာသင်ပေး
နေသည်မှာ ၁၉၉၅ ခုနှစ်မှသည် ၂၀၁၀ ခုနှစ်အထိ ဖြစ်သည်။ ၂၀၁၀ ခုနှစ် ဇူလိုင်လ ၂၇ရက် နံနက်
၁၀နာရီ ၁၅ မိနစ် အချိန်သို့အရောက်တွင် ရခိုင်ပြည်နယ်၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ဒု-တိုင်းမှုး
ကိုယ်တိုင် ဦးဆောင်သော လုံခြုံရေးတပ်ဖွဲ့ဝင်များစွာတို့ လက်နက်၊ တုတ်ဒိုင်းများ အပြည့်အစုံဖြင့်
ရန်သူစစ်စခန်းကို ၀င်စီးသည့် ပုံစံအနေအထားမျိုးဖြင့် ဆရာတော် အသျှင်ပညာစာရ၏ မဟာဗုဒ္ဓ၀ိ
ဟာရကျောင်းတိုက်ကိုဝိုင်းကာ အသျှင်ပညာစာရအား ဖမ်းဆီးခေါ်ဆောင်၍ စစ်တွေမြို့
အမှတ်(၁)ရဲစခန်းသို့ ပို့ဆောင်ချုပ်နှောင်ထားလိုက်သည်။ ထို့နောက် အသျှင်ပညာစာရအား ငွေ
ကြေးအလွဲသုံးစားမှု၊ မာတုဂါမနှင့်ဖောက်ပြားမှု၊ အလောင်းဖျောက်မှု (ရခိုင်လူမျိုးတို့၏ ရိုးရာဓလေ့
ထုံးတမ်းအစဉ်အလာအရ နို့စို့အရွယ် ကလေးငယ်များ( အများအားဖြင့် ၅ နှစ်အောက် ကလေးငယ်
များ သေဆုံးလျှင်) သေဆုံးပြီး မကြာမီ မြေမြုပ်သဂြိုဟ်ခြင်းကို အလောင်းဖျောက်မှု ဟုစွပ်စွဲ)နှင့် နိုင်ငံ
ရေးမှုဖြင့်စွပ်စွဲကာ စွဲချက်တင်တရားစွဲဆိုလိုက်သည်။

ထို့အပြင် ဆရာတော် အသျှင်ပညာစာရ၏ မဟာမုနိ ဗုဒ္ဓ၀ိဟာရကျောင်းတိုက်ကို ချိတ်ပိတ်ကာ ဆရာ
တော်ကိုယ်တိုင် အနှစ်နှစ်အလလက ဆင်းရဲပင်ပန်းကြီးစွာ ရခိုင်ပြည်အနှံ့ခြေလျှင်ခရီးဆန်၍ ရှာဖွေ
ဖော်ထုတ် စုဆောင်းထိန်းသိမ်းထားသော ရခိုင်ပြည်သုံး ရှေးဟောင်းရွှေဒဂီါးများ၊ ငွေဒဂီါးများ၊ ဓည၀တီ
ခေတ်မှ မြောက်ဦးခေတ်ထိ ရခိုင်ဗုဒ္ဓရုပ်ပွားတော်များနှင့် ပုံတော်များ၊ ခေတ်အဆက်ဆက် ရေးထိုးခဲ့
သည့် ရခိုင်ရှေးဟောင်း ကျောက်စာများ၊ ရခိုင်ရာဇ၀င်ကျမ်းများ၊ ရခိုင်ဆေးကျမ်းများ၊ ရခိုင်သမိုင်းဆိုင်
ရာပေစာများ၊ ရခိုင်ပြည် တနံနလျားမျ ရှာဖွေထားသော ငစွေခြင်း၊ ဇမ်းခြင်း၊ နတ်ခြင်း၊ သာခြင်း၊ ဧခြင်း
စသည်များအပါအ၀င် ဆရာတော်ကျောင်းတိုက်၌ ရှိရှိသမျှသော ရခိုင်ယဉ်ကျေးမှု အမွေအနှစ်များ၊
ရခိုင်အမျိုးသားဂုဏ်ဆောင်ပစ္စည်းများ၊ ရခိုင်စာပေ၊ ရခိုင်ကျေးလက်ရိုးရာ တေးကဗျာများကို တစ်ခုမှ
မကျန်အောင် သိမ်းယူသွားခဲ့သည်။ ထိုကဲ့သို့ ရခိုင်လူမျိုးတို့၏ ဘိုးဘွားပိုင် တန်ဖိုးမဖြတ်နိုင်သော
ရှေးဟောင်းအမွေအနှစ်များကို နအဖအာဏာပိုင်များက အာဏာအားကိုးဖြင့် သိမ်းယူသွားသည့်
အတွက်ကြောင့် ရခိုင်တစ်မျိုးသားလုံး ကြေကွဲမဆုံး ယူကျုံးမရ ခံစားနေကြရသည်။ နအဖ၏ ယခုလုပ်
ရပ်သည် ရခိုင်လူမျိုးတစ်မျိုးလုံးသားကို စိတ်ပိုင်းဆိုင်ရာအရ များစွာထိခိုက်နာကျင်အောင် ပြင်းထန်စွာ
အန္တရာယ်ပြုမှုဖြစ်သည်။

၎င်းအပြင် နအဖ အာဏာပိုင်များက ဆရာတော် အသျှင်စာရ ဘ၀နှင့်ရင်းပြီး ရင်အုပ်မကွာ ကျွေးမွေး
ပြုစုစောင့်ရှောက်၍ အခမဲ့ပညာသင်ကြားပေးနေသော မိဘမဲ့ ရခိုင်ကလေးငယ်(၁၂၀)ခန့်ကို ဆရာ
တော်၏ ကျောင်းတိုက်မှ ခေါ်ထုတ်ယူဆောင်ကာ ရခိုင်ပြည်နှင့်ဝေးလံသည့် ရပ်ဝေးဒေသသို့ပို့ရန်
စီစဉ်ကြသည်။ ရခိုင်ဒေသခံမြို့မိမြို့ဖများ၊ ရခိုင်လူမှုအထောက်အကူပြုအသင်းများ၊ ရပ်ကွက်အလိုက်
သာရေးနာရေးအသင်းများက မိဘမဲ့ ရခိုင်ကလေးငယ်များကို မိမိတို့ရခိုင်ဒေသ၌ပင် ကျွေးမွေးစောင့်
ရှောက်ထားနိုင်ရေးအတွက် ကော်မတီတစ်ရပ်ဖွဲ့ပြီး နအဖ အာဏာပိုင်များထံ အသနားခံ တင်ပြ
တောင်းဆိုကြသော်လည်း နအဖ အာဏာပိုင်များက လစ်လျူရှု့ခဲ့ကြသည်။ ရခိုင်ပြည်သူပြည်သားများ
အနေဖြင့် မိဘမဲ့ ရခိုင်ကလေးငယ်များကို ရပ်ဝေးဒေသသို့မပို့ရန် နည်းလမ်းအမျိုးမျိုးဖြင့် ကြိုးပမ်းခဲ့
ကြသော်လည်း နအဖ အာဏာပိုင်များသည် အာဏာစက်ဖြင့်ပယ်ချကာ ဥပေက္ခာ ပြုရက်ခဲ့သည်။
၂၀၁၀ခုနှစ် သြဂုတ်လ ၅ ရက်နေ့အရောက်မှာတော့ ဟိုက်ဝေးပြေးကားကြီးများဖြင့် ရခိုင့်ရင်သွေးများ
ဖြစ်သည့် ရခိုင်ပြည်ဖွား မိဘမဲ့ရခိုင် ကလေးငယ်များထဲက ငါးနှစ်အောက်ကလေး (၃၈) ယောက်ကို
မကွေးတိုင်း၊ မင်းဘူးသို့လည်းကောင်း၊ ငါးနှစ်အထက်ကလေး (၃၂) ယောက်ကို မန္တလေးသို့လည်း
ကောင်း အတင်းအဓမ္မပို့ဆောင်လိုက်သည်။ ရခိုင်တစ်မျိုးသားလုံးရင်ကွဲရလေပြီ၊ ရင်နာရလေပြီ၊
ရင်ကျိုးရလေပြီ။ ဘာဆိုဘာမှ မသိသေးသည့် မိမိတို့ရခိုင် ရင်သွေးငယ်များကို ရခိုင်မဟုတ်သည့်
တခြားလူမျိုးအဖြစ်သို့ နည်းဗျူဟာကျကျ အတင်းအကြပ် သွပ်သွင်းရက်လေခြင်းဟု ခံပြင်းဒေါသ
နာကျင်ရလေပြီ။ နအဖ၏ ယခုလုပ်ရပ်သည် ရခိုင်တစ်မျိုးသားလုံးကို စိတ်ပိုင်းဆိုင်ရာအရ ကြီးမားစွာ
ထိခိုက်ခံစားရအောင် ပြင်းထန်စွာ အန္တရာယ်ပြုခြင်းဖြစ်သည်။

အထက်ပါဖြစ်ရပ်သည် ရခိုင်ပြည်နယ်၌ လောလောဆယ် အမှန်တကယ်ဖြစ်နေသော ဖြစ်ရပ်မှန်ဖြစ်
သည်။ ဤဖြစ်ရပ်တွင် နအဖသည် ရခိုင်တစ်မျိုးသားလုံးကို စိတ်ပိုင်းဆိုင်ရာအရ ပြင်းထန်စွာ အန္တ၇ာယ်
ပြုသည့်အပြင် ရခိုင်ရင်သွေးကလေးငယ်များကို ရခိုင်မဟုတ်သည့် တခြားလူမျိုးအုပ်စုတစ်ခုသို့
အတင်းအကြပ် ပြောင်းရွှေ့ပစ်သည်မှာ ထင်ရှားနေသည်။နိုင်ငံတကာ ရာဇ၀တ်မှုဆိုင်ရာ တရားရုံး
(သို့) အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်တရားရုံး (ICC) က Genocide ရာဇ၀တ်မှုနှင့် ပတ်သက်၍ သတ်
မှတ်ဖော်ပြထားသော အချက်(၅)ချက်တွင် အချက်နံပါတ်(၂)ဖြစ်သည့် လူအုပ်စု၏ အဖွဲ့ဝင်များကို
ကိုယ်ထိလက်ရောက်သော်လည်းကောင်း၊ စိတ်ပိုင်းဆိုင်ရာအရသော်လည်းကောင်း ပြင်းထန်စွာ အန္တရာယ်ပြုခြင်းနှင့် အချက်နံပါတ်(၅)ဖြစ်သည့် လူအုပ်စုအတွင်းမှ ကလေးများအား တခြားလူအုပ်စု
တစ်ခုအတွင်းသို့ အတင်းအဓမ္မ ပြောင်းရွှေ့ခြင်းဆိုသည့် အချက်မျုားကို နအဖ က ထင်ထင်ရှားရှား
ကျူးလွန်သည်။ ထို့ကြောင့် နအဖ စစ်အစိုးရသည် ရခိုင်တိုင်းရင်းသားများအပေါ်တွင် Genocide
ရာဇ၀တ်မှုကို ကျူးလွန်နေသည်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More