We will collect News, Info and so forth concerning 'Burmese Govt.Railroad Project' that will be through the historical inportant town of mrauk-U in Arakan Kingdom.

Burmese Govt. Destroying Our Arakanese Historical Heritage of Mrauk-U in Arakan Kingdom

Scrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image Generator

Saturday, November 20, 2010

မြောက်ဦးယဉ်ကျေးမှုဇုန်တွက် ရထားလမ်းဖေါက်လုပ်မှု ရွှေ့ဆိုင်းပေးရန် ပညာရှင်များနှင့် နိုင်ငံရေးခေါင်းဆောင်းများ တောင်းဆို

၁၇ နိုဝင်ဘာ၂၀၁၀-ရခိုင်ပြည်အနယ်အတွင်း အထင်ကရ ရှေးဟောင်းယဉ်းကျေးမှု အမွေအနှစ်ဇုန်တစ်ခုဖြစ်တဲ့ မြောက်ဦးမြို့ဟောင်းရှိ စေတီပုထိုးတွေနဲ့ သာသနိကအဆောက်အအုံတွေကို ဖြတ်ကျော်ပြီး မြန်မာ့မီရထားနဲ့ ဆောက်လုပ်ရေးဝန်ကြီးဌါနတို့က ရထားလမ်းဖေါက်လုပ်နေမှုအပေါ် ရွှေ့ပြောင်းဖောက်လုပ်ဖို့ ရွေးကောက်ပွဲအနိုင်ရ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီရဲ့ လွတ်တော်ကိုယ်စားလှယ်တွေနဲ့ ရှေးဟောင်းသုတေသန ပညာရှင်တဦးဖြစ်တဲ့ တမ္ပဝတီ ဦးဝင်းမောင်တို့က တောင်းဆိုလိုက်ပါတယ်။
ဒီမီ်းရထားလမ်းဖောက်လုပ်မှုနဲ့ ပတ်သတ်ပြီး ရှေးဟောင်းသုတေသန ဦးစီးဌာန (မြောက်ဦးဌာနခွဲ)ညွန်ကြားရေးမှု ဦးကျော်ထွန်းအောင်ဆီကိုလည်း ပြောင်းရွှေ့ဖောက်လုပ်ဖို့ မြောက်ဦးမြို့မိမြို့ဖတွေနဲ့ လွတ်တော်ကိုယ်စားလှယ်တွေက တင်ပြတောင်းဆိုထားပေမယ့်လည်း ဆက်လုပ်ဖောက်လုပ်မှုတွေ ပြုလုပ်နေတာကြောင်း အချိန်မီပြောင်းရွှေ့နိုင်အောင် ထပ်မံတောင်းဆိုရတာဖြစ်တယ်လို့ ဒေါက်တာအေးမောင်က အခုလို ပြောပြပါတယ်။

ရထားလမ်းဆိုတာလည်း ဒေသအကျိုးပြုပဲ။ ဒေသအကျိုးပြုတဲ့ ရထားလမ်းကို ဆက်ပြီးတော ဖောက်တယ်ဆိုတာဟာ ဒေသခံတွေကို အကျိုးပြုတာမှန်ပေမယ့် ရှေးဟောင်းသမိုင်းဝင်နယ်မြေတွေမှာရှိတဲ့ သာသနိက အဆောက်အဦးတွေကို အထိခိုက်အောင်ဆောက်ဖို့လိုတယ်။ ငွေကြေးကုန်ကျမှုများရင်များပါစေ။ ဒီဥစ္စာနဲ့ ယှဉ်ပြီးကာမှ ပြည်သူလူထုဟာ ပြည်မကလူတွေလာရင်လာမယ်၊ နိုင်ငံခြားသား လာရင်လာမယ်လေ။ ရှေးဟောင်းအမွေအနှစ်ကို လေ့လာချင့်တယ့်ဆိုတဲ့ သူတွေပါရင်ပါမယ်။ အကျိုးပြုတဲ့ လုပ်ငန်းပဲဖြစ်ရမယ်။ အဲတော ရထားလမ်းဖြစ်ဖြစ် ကားလမ်းဖြစ်ဖြစ် ဖောက်တဲ့အခါမှာ ရှေးဟောင်းအမွေအနှစ်တွေ သာသနိကအဆောက်အဦးကို အဖျက်ဆီးဘဲနဲ့ ပြည်သူတွေလေ့လာနိုင်အောင် သမိုင်းအထောက်အထားအနေနဲ့ ကျန်ခဲ့နိုင်အောင် လမ်းဖောက်တာဟာ အကောင်းဆုံးပါပဲ။ ရှဉ်လဲလျှောက်သာ ပြားလဲစွဲသာပါပဲ။

ဒီရထားလမ်းဟာ စစ်တွေ-အမ်း-မင်းဘူးမီးရထားလမ်းရဲ့ လမ်းပိုင်းတွေဖြစ်တဲ့ ကျောက်တော်- မြောက်ဦးလမ်းပိုင်၊ မြောက်ဦး-မင်းပြားလမ်းပိုင်းတို့ဖြစ်ပြီး ရှေးဟောင်းဘုရား၊စေတီပုထိုးတွေ အများအပြားပျက်စီးဖို့ရှိတယ်လို့လည်း မြောက်ဦးမြို့ခံတွေက ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သတ်ပြီး ဒေသခံပြည်သူတွေကလည်း ကန့်ကွက်နေကြသလို၊ ရဟန်းသံဃာတွေကလည်း အစည်းအဝေးပြုလုပ်ပြီး ထပ်မံကန့်ကွက်ဖို့ ပြင်ဆင်နေကြတယ်လို့လည်း သိရပါတယ်။

အစိုးရအနေနဲ့ ဒီလိုဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်တွေ လုပ်ဆောင်တဲ့အခါမှာ ရှေးဟောင်းယဉ်အကျေးမှုအမွေအနှစ်တွေကို ထိမ်းသိန်းဖို့ သက်ဆိုင်ရာ ဝန်းကြီးဌါနတွေမှာ တာဝန်ရှိတယ်လို့ ရှေးဟောင်းသုတေသနပညာရှင်တသီးဖြစ်တဲ့ တမ္ပဝတီဦးဝင်းမောင်က ပြောပါတယ်။
လမ်းဖောက်တဲ့ပုဂ္ဂိုလ်တွေကလည်း ရှေးဟောင်းသုတေသနရဲ့ တန်းဖိုးကို သိမ်ပြီးတော မသိကြဘူး။ မသိတော တိုးတိုးနဲ့ မြန်မြန်ရောက်အောင်ဆိုပြီးတော လုပ်လိုတဲ့အခါမှာ တချို့နေရာတွေမှာ ရှေးဟောင်းရဲ့ အရေးကြီးတဲ့ဒေသတွေပါလာတာတွေရတယ်။
အဲဒါကို ရှေးဟောင်းသုတေသနက ညိုနိုင်းမယ် မေတ္တရပ်ခံမယ်ဆိုရင် ဒါဟာရှဥ့်လည်းလျှောက်သာ ပျားလည်းစွဲသလို့ဖြစ်တဲ့ ထုံးစံတခုပါပဲ။ မြောက်ဦးကိစ္စဆို ကျနော်ကမကြားသေးတော့ ပြောလို့မရပါဘူး။ အရင်တုန်းကလည်း အဲလိုမျိုးတစ်ခါဖြစ်ခဲ့ဖူးပြီးပါပြီး။ ညိုနိုင်းလိုက်တဲ့အခါအှာ ရှေးဟောင်းနေရာတွေ မပျက်စီးခဲ့တဲ့ သာဓကတွေ ရှိခဲ့ဖူးပါတယ်။

အရင်ကလည်း မကွေးတိုင်း ဒေသကြီး၊ နတ်မောက်မြို့နယ်အတွင်းင ပင်းမြို့ဟောင်း၊ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်အတွက်းက သရေခေတ္တရာမြို့ဟောင်းတွေမှာလည်း အခုလိုမျိုးကြုံဖူးပြီး ညိုနို်င်းကာ အောင်ပြင်မှုရရှိခဲ့တယ်လို့လည်း ဦးဝင်းမောင်က ပြောပြပါတယ်။

ဒါကြောင်း မြောက်ဦးယဉ်ကျေးမှုဇုန်အတွင်း မီးရထားလမ်းဖောက်လုပ်မှုနဲ့ ပတ်သတ်ပြီးတော သက်ဆိုင်ရာဝန်ကြီးဌာနတွေအချင်းချင်း ညိုနိုင်းဆောင်းရွက်ပြီး မြန်မာ့ရှေးဟောင်းယဉ်းကျေးမှုအမွေအနှစ်တွေကို ထိန်းသိမ်းကြဖို့ကိုလည်း တမ္ပဝတီဦးမောင်းက တိုက်တွန်းပြောကြားပါတယ်။

http://burmese.dvb.no/news.php?id=12872

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More