We will collect News, Info and so forth concerning 'Burmese Govt.Railroad Project' that will be through the historical inportant town of mrauk-U in Arakan Kingdom.

Burmese Govt. Destroying Our Arakanese Historical Heritage of Mrauk-U in Arakan Kingdom

Scrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image Generator

Saturday, November 20, 2010

ရခိုင်ကို ဗမာက စစ်ကြေညာလိုက်ပျာ

ခိုင်ဘခင်

စစ်တွေ - အမ်း ရထားလမ်းကို အကြောင်းပြုပနာ ရှေးဟောင်း မြောက်ဦးမြို့ရှိ ရခိုင်ရှေ့ဟောင်း စေတီ၊ ပုထိုးများ၊ ကျုံးများကို ဖြိုဖျက်နီကတ်ဗျာ။ အဂုဆိုကေ ပြည်စိုးကြီးဘုရားကိုတောင် ရောက်နီ ယာဖြစ်တေ။ ယင်းဘုရားလည်း တခြမ်းပျက်လားခပါဗျယ်။ မင်းသမီး တံတိုင်း၊ ရဲလှတံတိုင်း၊ နောက် ရဲလှကုန်း၊ နောက်ပြီး ရဲလှခံတပ်၊ အခု ရဲလှခံတပ်ကိုလည်း ဖြိုဖျက်နီယာဖြစ်ပါရေ။ အခု ရေးဆွဲ ထားရေ လမ်းအတိုင်း ဖောက်ဖို့ ဆိုကေ မြောက်ဦးမြို့မှာ နာမည်ကြီး ကိုးသောင်းဘုရားအထိ ရထား ဖြတ်လားဖို့ဖြစ်ပနာ ကိုးသောင်း ဘုရား လည်း ပျက်စီးလားနိုင်ရေလို့ သိရပါရေ။

လူမျိုးတမျိုး၏ အသက်သွီးကြောရေ ယင်းလူမျိုး၏ သမိုင်းအမွီအနှစ်တိဖြစ်တေ။ ယင်းသမိုင်း အမွီအနှစ်ကို ဖျက်ဆီးပစ်စွာရေ ရခိုင်လူမျိုးကို ကမ္ဘာ့မြေပုံထဲက ဖယ်ရှားပစ်ဖို့ စီမံကိန်းတရပ်ဖြစ်တေ။ ဒေပိုင်သမိုင်း အမွီအနှစ်တိကို ဖျက်ဆီးနီစွာရေ ရခိုင်ကို ဗမာက စစ်ကြေညာနီစွာဖြစ်တေ။ ယေနန့် ရခိုင်သားတိ ဇာလုပ် ကတ်ဖို့လေး။ ရခိုင်ပြည်မှာ လီဘေးဒဏ်ကြောင့် ရခိုင်ပြည်သူတိ သိန်းနန့်ချီပနာ ဒုက္ခရောက်နီကတ်တေ။ ဇာဗမာတယောက်ကလည်း အရေးတယူ ပြောဖို့လူမဟိ။ ”ကျွန်မကလည်း ပြည်သူတွေကို ချစ်ပါတယ်“ ဆိုရေ ဗမာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုတိုင် တောင်တဂုံရှိ HIV ရောဂါသည် ၁၀၀-၉၀ ကိုလားပနာ သတင်းမီးခီရေ။ သိန်းနဲ့ချီပနာ အိုးမဲ့ အိမ်မဲ့ ဘ၀နန့် ဒုက္ခရောက်နီကတ်တေ ရခိုင်ပြည်သူတိကို စိတ်မကောင်း ဖြစ်မိကြောင်း စကားချေတခွန်း တောင် အေဂုထိ စကားချေတခွန်း မပြောဖူးသိမ့် ရခိုင်ဆိုရေ လူမျိုးကို သိပင်သိယင့်လားမသိ။

မျက်မှောက်ကာလမာ ဗမာ ဖက်ဆစ်နေချေ့ရို့ကို အမျိုးသားတော်လှန်ရီးနန့် ရခိုင်မြီကနှင်ထုတ် ပိုက်ရဖို့ ပင်ဖြိုက်တေ။ ဒေစင်ကြယ်မွန်မြတ်တေအလုပ်ကို ငါရို့လုပ်ရဖို့ဖြိုက်တေ။ ငါရို့တာ ၀န်ဖြိုက်တေ။ ကိုလိုနီနိုင်ငံ တခုမာ အမျိုးသားလွတ်လပ်ရီးမဟိဘေး၊ လူတန်းစားလွတ်မြောက်မှု မဟိနိုင်။ ပြည်တွင်းပြည်ပ ရခိုင်သူ ရခိုင်သားတိ စစ်တပ်အတွင်းက ရခိုင်သူ ရခိုင်သားတိ အဖရခိုင်ပြည်လွတ်လပ်ရီးအတွက် အားလုံး ပူးပေါင်းပါဝင်ကတ်ပါ။ ရခိုင်ပြည်မှာ အရှိတရန် အနောက်တရန် ရခိုင်သားရို့ တကြွနိုးကြားအချိန်တန်ဗျာယ်။ လွတ်လပ်ရီးမဟိဘဲ ဇာလူမှုတိုက်တက်ရီးကိုမှ မလုပ်ဆောင်နိုင်။ ယေနန့်ရာ ကိုလိုနီရခိုင်မြီမာ ငါရို့အမျိုးသား တရပ်လုံးအနီနန့် ပထမဆုံး အမျိုးသားလွတ်လပ်ရေးကို ဆင်နွေးလားရဖို့။ တချိန်တေးမှာ ကိုယ့်ရခိုင် လူမှုအဖွေ့အစေးတွင်းပတိပက်ခ၊ လူတန်းစားချင်း ပတိပက်ခ၊ မျိုးနွယ်စုချင်းပတိပက်ခ၊ ဒေသန္တရပတိပက်ခ၊ နိုင်ငံရီး အုပ်စုချင်းပတိပက်ခ အားလုံးရေ လက်အောက်ခံ ပတိပက်ခဖြိုက်နီသိလို့ ယင်းပတိပက်ခကို အမျိုးသားရီးကိုဦးတည်လို့ မိတ်ဖက်အသွင်ဖြေရှင်းလားရဖို့။

2 comments:

Unknown said...

ဗမာစစ်အုပ်စု မျက်ကန်းတိကို အဖရခိုင်ပြည်က ရခိုင်ပြည်သူ/သားတိ အင်အားနန်. တစ်မျိုးသားလုးံ စည်းလုးံညီညွတ်မှုဖြင်. မောင်းထုတ်ကတ်ပါဖို. ဒေခွီးတိ ဟိနိန်သမျှကာလပတ်လုးံ ရခိုင်နိုင်ငံတော် ဇာခါမှ အီးချမ်းသာယာလီဖို.မဟုတ်။ထိုင်နိန်လို.မရ ကျောင်ဆောင်ကို ဂေါင်းနန်. ထုလို.မရကေလေ. ယင်းကျောက်ဆောင်ကို ဖြိုဖျက်ဖို. အင်အားတစ်ခု ဖန်တီးပနာ စုပေါင်းအင်အားနန်. တိုက်ထုတ်ကတ်ပါဖို.။

Unknown said...

ပြောတိုင်းလုပ်ဖို့လိုရေ ဆရာသမား

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More