We will collect News, Info and so forth concerning 'Burmese Govt.Railroad Project' that will be through the historical inportant town of mrauk-U in Arakan Kingdom.

Burmese Govt. Destroying Our Arakanese Historical Heritage of Mrauk-U in Arakan Kingdom

Scrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image Generator

Saturday, November 20, 2010

မြောက်ဦးရထားလမ်းကိစ္စ ရခိုင်ပါတီပြောဆို

ရခိုင်ပြည်နယ်က ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်တွေ ပေါကြွယ်ဝတဲ့ မြောက်ဦးမြို့ကို ဖြတ်ပြီး ရထားလမ်းဖေါက်ဖို့ စစ်အစိုးရက တာဝန်းပေးလုပ်ဆောင်နေတာကို ဒေသခံတွေက ကန့်ကွက်နေကြလို့ ရခိုင်ပြည်နယ် ကိုယ်စားပြု ရွေးကောက်ပွဲ ဝင်ထားတဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီကလည်း ပြောဆိုလာပါတယ်။
ခေတ်စောင်း သမိုင်းဝင် နေရာဖြစ် ယူနက်ကိုကတောက် သတ်မှတ်ခဲ့တဲ့ နယ်မြေထဲကို ဖြတ်သန်းပြီး ရထားနဲ့ ကားလမ်းဖေါက်ဖို့ စီစဉ်းတဲ့အခါ ဒေသခံသမိုင်းသုတေသနဌါန သမိုင်းသုတေသီတွေ ဆရာတော်ကြီးတွေနဲ့ မြို့မိမြို့ဘတွေကို တိုင်ပင်ပြီးမှ ဖေါက်လုပ်သင့်ကြောင်းပါတီဥက္ကဌ ဒေါက်တာအေးမောင်က ဘီဘီစီကို ပြောပါတယ်။

ရထားလမ်းဖေါက်လုပ်ခြင်းအားဖြင့် သမိုင်းဝင် အဆောက်အဦတွေ ဘယ်လောက်အထိ ထိခိုက်သွားနိုင်တယ် ဆိုတာကိုလည်း ထည့်သွင်းစဉ်းစားသင့်ကြောင်း သူက ဆိုပါတယ်။
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီက ရွေးချယ်ခံ လွှတ်တော်အမတ်ကေ ဒီကိစ္စနဲ့ပတ်သတ်ပြီး အချက်အလက်တွေကို လေ့လာနေပြီး ပါလီမန်မှာပဲဖြစ်ဖြစ် ပါလီမန်ပြင်ပမှာပဲဖြစ်ဖြစ် ပြောဆိုသွားမယ်လို့ သိရပါတယ်။
ဒီရထားလမ်းကို ဒီအတိုင်းဖေါက်လုပ်ခြင်းအားဖြင့် ရှေးဟောင်းအမွေအနှစ်တွေ ပျက်စီးဖို့ရှိတဲ့အကြောင်း ဒေသခံ ရှေးဟောင်း သမိုင်းပညာရှင်တွေကလည်း ဗိုလ်ချုပ်မှူးကြီးထံနဲ့ ရှေးဟောင်းသမိုင်းသုတေသန ဦးစီးဌါန၊ မီးရထားလုပ်ငန်းလုပ်တဲ့ ပုဂ္ဂိုလ်တွေ အကုန်လုံးထံတင်ပြထားတဲ့အကြောင်း ဒေါက်တာအေးမောင်က ပြောပါတယ်။

ဒီလို တင်ပြတဲ့သဘောက အစိုးရရဲ့ ဒီလမ်းဖေါက်တဲ့ကိစ္စကို ရခိုင်တိုင်းရင်းစသားများ တိုးတက်ရေးပါတီက ကန့်ကွက်တဲ့သဘောတော့ မဟုတ်တဲ့ အကြောင်း ရထားလမ်းဖေါက်တဲ့အခါ ရှေးဟောင်း အမွေအနှစ်တွေလည်း မပျက်စီးရအောင်နဲ့ ဒေသခံပြည်သူများရဲ့ စီးပွါးရေး ဖွံ့ဖြိုးတိုးတက်မှုကိုလည်း အထောက်အကူဖြစ်စေတဲ့ ကိစ္စ ဟိုဘက်ဒီဘက်ထည့်သွင်းစဉ်းစားပြီးမှာ လုပ်သင့်တယ်ဆိုတာ တင်ပြခြင်းသာဖြစ်တဲ့အကြောင်း ဒေါက်တာအေးမောင်က ဘီဘီစီကို ပြောပြပါတယ်။
-----------

BBC သတင်းမှ

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More