ပွင့်သစ် (တမန်းသား) - ဆောင်းပါး
နှစ်အတော်ကြာကွဲကွာနေခဲ့သော မြောက်ဦးနယ်မြေကို အဝေးမှလှမ်းမြင်ရသည်နှင့်ရင်ထဲတွင် ကြည်နူးစိတ်တို့ဖြစ်တည် ခံစားမိသည်။ အော် - ရခိုင်တို့၏ ရှေးဘုရင်မင်းများစိုးစံအုပ်ချုပ် မင်းပြုလုပ်နေထိုင်ခဲ့သော နယ်မြေပါတကားဟု စိတ်ထဲကတွေးရင်း တောင်စဉ်တောင်တန်းများပေါ်တွ င် ထိုးထွက်နေသော စေတီပုထိုးတော်များကို ငေးမောတွေးတောရင်း အမြန်မရေယာဉ်မှာ မြောက်ဦးမြို့ဖောင်တော်သို့  ဆိပ်ကပ်လာသည်ကိုပင် ခရီးသည်များထိုင်ရာကနေ ထရပ်ကြမှ သတိဝင်လာပြီး အတွေးတို့ပြတ်တောက်ခဲ့ရသည်။
မြောက်ဦးနယ်မြေမှာ ခြေချလိုက်သည်နှင့် စိတ်က အလိုလိုလန်းဆန်းတက်ကြွလာမိသ ည်။
သို့သော်လည်း မြို့တွင်းသို့ ၀င်ရောက်လာသည်နှင့် ယခင်ကလာရောက်
လည်ပတ်ဖူးသော်လည်းယနေ့ မြင်ကွင်းများမှာ ယခင်နှင့်မတူသယောင်
ခံစားမိပြန်သည်။ မရောက်ဖြစ်သည်မှာ ကြာပြီဖြစ်သဖြင့်
ရောက်လိုစိတ်ပြင်းပြနေခဲ့သော မြောက်ဦးနယ်မြေသည် မိမိအတွက် သူစိမ်းဆန်သောအကြည့်များဖြင့်ပင် ကြည့်နေသလားဟု အတွေးတို့ဖြစ်ပေါ်ရပြန်သည်။
မိတ်ဆွေ အပေါင်းအသင်းများစွာရှိသဖြင့်
မြောက်ဦးသို့ ရောက်သည်နှင့် တွေ့ကြဆုံကြ၊ ပြောဆိုကြဖြင့် နွေးထွေးသော
စေတနာတို့ကြောင့် ပျော်ရွှင်ခဲ့ရသည်။ မြောက်ဦး၏ ရုပ်ပိုင်းဆိုင်ရာ
တိုးတက်မှု အချို့ကိုလည်း မြင်တွေ့ရသည်။ လမ်းများအယင်နှင့်မတူဘဲ
ကောင်းမွန်နေသည်။ တိုက်တာ အဆောက်အဦး များစွာကိုလည်း တွေ့ရသည်။
ဟိုတယ်များလည်းတိုးလာခဲ့သည် ။ တည်းခိုခန်းများလည်းတိုးလာသ ည်။
သို့သော်လည်း မြို့လည်မှဖြတ်၍ စီးဆင်းနေသော ချောင်းရေတို့သည်
ညစ်ညမ်းမြဲညစ်ညမ်းနေဆဲ ဖြစ်သည်ကိုမူ စိတ်မကောင်းစွာ မြင်တွေ့ရပြန်သည်။
" မရဘူးကွ၊ ဒီချောင်းက ဘယ်တော့မှ သန့်ရှင်းသွားမှာမဟုတ်ဘူး။ ချောင်းထဲကို နေအိမ်တွေက စွန့်ပစ်လို့ရတဲ့ အရာအားလုံး စွန့်ပစ်ကြတော့ ဘယ်လိုလုပ် သန့်ပါတော့မလဲကွာ။ ပြုပြင်ပြောင်းလဲမှုတွေ အများကြီးလုပ်ဖို့လိုသေးတယ် " ဟု လည်း ဒေသခံ မိတ်ဆွေစာရေးဆရာ ကိုကွမ်းယာဆရာကြီးက ပြောပြသည်။
ဒီရေအတက်အကျရှိသော ချောင်းငယ်ဖြစ်သော်လည်း ညမ်ညမ်းနေသည်မှာ မြို့သူမြို့သားများအတွက်လည်း
မကောင်းသလို လာရောက်သော ဧည့်သည်များအတွက်လည်း အားနာစရာကောင်းလှသည်။
နိုင်ငံတကာမှ လာရောက်လည်ပတ်သော မြို့ဖြစ်သဖြင့် အထူးအလေးထား ဆောင်ရွက်ရန်
လိုအပ်နေပြီဟုသုံးသပ်မိပြန် သည်။
နောက်နေ့များတွင် ရာသီဥတုသာယာလျှင်လည်း မြို့အနှံ့မှ တန်ခိုးကြီးဘုရားများကို သွားရောက်ဖူးမျှော်သည်။ သျှစ်သောင်းပုထိုးတော်၊ မာန် ငါးပါး၊ ထုက္ကန်သိမ်၊ အံတော်သိမ်၊ တို့အပြင် လက်ဆည်ကန်၊ ဦးတော်ဆေးကန်၊ အနူမာကန်၊ တို့အပြင် စေတီပုထိုးများစွာတို့ကိုလည်း ဖူးမျှော်ခဲ့ရပါသည်။
ကိုးသောင်းပုထိုးတော်မှာ မြို့နှင့်အနည်းငယ်လှမ်းသဖြ င့် သီးခြားသွားရောက်ဖူးမျှော်ခဲ့ရသည်။
နေ၀င်ချိန်ကို စောင့်ကြည့်ရင်း ဟာရီတောင် တောင်ပေါ်တွင်လည်း
အချိန်ကုန်ခဲ့ကြသည်။ တောင်ပေါ်မှာ မြောက်ဦးမြို့ကို အပေါ်စီကြည့်ရသော
အရသာမှာလည်း ဖော်မပြတတ်အောင် ပီတိဖြစ်ရသည်။ ကြည်နူးရသည်။ တော်ပေါ်မှ
နန်းတော်ရာကုန်းကိုလည်း ကောင်းစွာမြင်ရသည်။ မိုးရာသီဖြစ်သဖြင့်
မြင်ပင်ပေါင်းပင်များပင် နန်းရာရင်ပြင်ပေါ်တွင် စိမ်းစိုရှင်သန်ကြီးထွားနေ
သည်ကိုမြင်ရသည်။
" ဘားဘူဟိန့်ယင့်ဆန်ဟိန့်ယင့် ၊ ဒိုင်းကျီဟိယင့်ရီဟိန့်ယင့်
" ဟူသော စကားများသည် ယခုခါတွင် လွဲမှားနေသည်ကို မြင်ရသဖြင့်
စိတ်မကောင်းဖြစ်ရပြန်သည်။ လက်ဆည်ကန်ရေသည်မှာ ယခုအခါတွင်သန့်ရှင်း
မှုအားနည်းသွားပြီဟု လည်းဒေသခံများ ပြောစကားအရ သိရှိရသည်။
ထို့နောက် ဝေသာလီမြို့ရိုး၊ ကျူံး၊ ဓည၀တီမြို့ရိုးများ တည်ရှိရာသို့ သွားရောက်လေ့လာကြည့်ရှုခဲ့သည်။
ရှေးခေတ် လက်ရာများစွာကို မြင်တွေ့ရသော်လည်း မိမိမှာ သုတေသီမဟုတ်သဖြင့်
ကောင်းစွာမသိပေ။ အဖော်ပါလာသော မိတ်ဆွေများအား မေးမြန်းရသည်။
မိတ်ဆွေများမှလည်း မြောက်ဦးသား ပီပီလေ့လာလိုစိတ်နှင့် လေ့လာထားဟန်တူသည်။
သူတို့သိသလောက် တတ်သလောက်များကို ရှင်းပြကြသည်။
တစ်ချို့သော်လမ်းများတွင် ဗွတ်ထနေသဖြင့်ဖြစ်သလို ရှောင်ကွင်းသွားလာကြရသည်။ အဝေးပြေးကားဂိတ်ရှေ့တွင်လည်း ဗွတ်အိုင်များစွာ ဖြစ်ပေါ်နေသည်ကို သတိထားမိသည်။ ကောင်းအောင်မလုပ်သမျှ ကောင်းလာနိုင်မည်မဟုတ် သည်မှာသေချာသည်။
" မြင်တဲ့အတိုင်းပဲဗျာ ဗွတ်တွေကတော့ မိုးတွင်းဆိုဒီလိုပဲ။ နွေမှာဆိုလည်းဖုံထူတာပေါ့ဗျာ။ ဒီလမ်းတွေကို ကောင်းအောင်မှမပြင်ကြတာ။ ဘယ်လိုလုပ်ကောင်းလာနိုင်ပါ့ မလဲ။ နွေရာသီမှာတော့ မြောက်ဦးကတော့ ပူအိုက်တာကမ်း ကုန်တယ်ကိုယ့်လူ" ဟု အသံပိန်ပိန်ဖြင့်ပြောတတ်သော ကိုကျော်စိန်သန်းက စိတ်ပျက်ဟန်ဖြင့် ပြောသေးသည်။
စင်စစ်အားဖြင့် မြောက်ဦးသည် သမိုင်းအမွေအနှစ်မြို့တော် တစ်ခုဖြစ်သည့်အပြင် ယာဉ်မှုနယ်မြေတစ်ခုလည်းဖြစ် သည်ကိုသတိထားမိသည်။ ရခိုင်သမိုင်းဆိုင်ရာ အထောက်အထားတစ်ခုလည်းဖြစ်သည် ။
ရှေးက ရခိုင်ဘုရင်များ ကိုယ့်ထီးကိုယ့်နန်းဖြင့် နေထိုင်ခဲ့ကြသည်ကို
သမိုင်းက သက်သေခံနေသည်။ ယင်းအတွက်လည်း နှစ်စဉ်ကမ္ဘာလှည့်
ခရီးသွားများစွာရောက်ရှိလာတ တ်သည်။ သမိုင်းအမွေအနှစ်မရှိလျင် နိုင်ငံခြားသားလည်း လာမည်မဟုတ်၊ ပြည်တွင်း ခရီးသွားများလည်း လာမည်မဟုတ်သည်မှာ သေချာသည်။
" သမိုင်းဆိုတာ တန်ဖိုးထားမှ တန်ဖိုးရှိတာကွ။ တန်ဖိုးမထားရင် တန်ဖိုးကျဆင်းသွားမယ်။ ရခိုင်လူမျိုးတွေအတွက် မြောက်ဦးနယ်မြေဟာ အဖိုးမဖြတ်နိုင်တဲ့ ဒေသတစ်ခုပါပဲ " ဟု သမိုင်းဆိုင်ရာ လေ့လာလိုက်စားသူ အသက်အရွယ် ကြီးရင့်နေပြီဖြစ်သော အဘိုးကြီးတစ်ဦးကပြောသည်။ မှတ်သားစရာ ကောင်းလှသော စကားပင်ဖြစ်ပါသည်။လွန်စွာ မှန်ကန်သော စကားဖြစ်သည်ဟု ခံစားမိသည်။
လက်ရှိအနေအထားတွင် သမိုင်းဆိုင်ရာ အမွေအနှစ်ဒေသဖြစ်သည့်အတွက် မီးရထားလမ်းဖောက်လုပ်ခြင်းနှင့် ပတ် သက်ပြီး ဒေသခံများအကြား စကားသံများကိုကြားလာရသည်။ ရှေးဟောင်းနယ်မြေမှ ရထားလမ်းဖောက်လုပ်မှုကို ကန့်ကွက်သူများရှိလာခဲ့သည်။
လွယ်ကူစွာဆုံးဖြတ်၍ မရနိုင်သော ကိစ္စရပ်များပင်ဖြစ်သည်။ လုပ်သင့်မလုပ်သင့်
ကို ဆုံးဖြတ်ချက်ချရန်မှာ မှန်ကန်ရန်လိုအပ်သည်။ ပျက်သွားလျင် ပြန်ပြင်၍
မရနိုင်တော့သော အရများပင်ဖြစ်ပေသည်။
နှစ်ပေါင်းများစွာ ထိန်းသိမ်းစောင့်ရှောက်လာခဲ့ ပြီးမှ
အမှားတစ်ချက်ဖြင့် မဖျက်စီးသင့်ပေ။ အလားတူစွာပင် မြောက်ဦးမြို့နယ်အတွင်း၊
သမိုင်းဝင်နယ်မြေအတွင်း ပျင်စရာများ၊ မပြင်သင့်စရာများကိုလည်း တွေ့ရသည်။
ပြိုပျက်နေသောစေတီပုထိုးများ၊
ပြိုကျလုဆဲဆဲ စေတီပုထိုးများနှင့် ဆင်းတုတော်များကိုလည်း တွေ့ ရသည်။
ပြင်လိုက်ခြင်းအားဖြင့် မူလလက်ရာ ပျက်စီးသွားမည်ကိုလည်း
စိုးရိမ်ရသည်ဟုပြောဆိုကြသည် ။ မပြင်လျင် ပျက်စီးသွားကိုလည်းစိုးရိမ် သည်ဟု တစ်ချို့ကဆိုသည်။ မည်သို့ပင်ဖြစ်စေ အမှန်အမှားသည် အဖြေတစ်ခုထွက်လာ မည်မှာ သေချာသည်။
"ကိုယ့်အမြင်နဲ့ကိုယ်ပေါ့ဗျာ။
ဒါပေမယ့် တစ်ချို့က အာဏာရှိတယ်ဆိုပြီး လုပ်ချင်တာလည်း
လုပ်ခဲ့ကြတာတွေရှိခဲ့ ဖူး တယ်။ ဘာမှ မလုပ်ပဲထားရင်လည်း တစ်ချို့ဟာတွေက
တာရှည်မခံဘဲ ပျက်စီးကုန်မယ်။ တစ်ချို့ကတော့မပြင်တာ ကောင်းတယ်လို့ ဆိုကြတယ်။
ဒါကြောင့် အဖြေထုတ်ဖို့လိုအပ်နေတယ်" ဟုလည်း ဒေသခံ ခရီးသွားဧည့်လမ်းညွှန်
တစ်ဦးက သူ့အမြင်ကိုပြောပြသေးသည်။
လက်ရှိမြောက်ဦးအခြေအနေသည် ပြုပြင်ထိန်းသိမ်းမှုများစွာ ကို ပြုလုပ်ရန်လိုအပ်နေပြီဖြစ်သ ည်ကိုတွေ့ရသည်။ နန်းတော်ရာကုန်းပေါ်တွင်လည်း
ကျူးကျော်များရောက်ရှိ နေရာယူနေသည်။ ရှေးရခိုင်ဘုရင်းများ လက်ထက်ကာလက
ပြုလုပ်ထားခဲ့မှုများသည် ယခုခါတွင် မကောင်းသော ခိုးဆိုးဖျက်ဆီး
လိုသူများကြောင့်လည်းကောင်း ၊ သိမ်မွေ့စွာ ခိုးဝက်ရောင်းချလိုသူမျာြးေ ကာင့်လည်းကောင်း၊ ပြုပြင်မှုထိန်းသိမ်းမှု အားနည်းနေခြင်များကြောင့်လည်းကောင်း များစွာပျက်စီးနေခဲ့ပြီဖြစ် သည်။
တစ်ချို့သော စေတီပုထိုးများတွင် ဖောက်ထွင်းခံထားရမှုများကိုလ ည်း သိမြင်ရသည်မှာ စိတ်မချမ်းမြေ့ဖွယ်ပင်ဖြစ်သ ည်။ လောဘသားများ၏ ယုတ်ညံ့သော အကြံအစည်များကြောင့် သမိုင်းတွင်သော၊ ထင်ရှားသော ရှေးလက်ရာ များပျက်စီးဆုံးရှုံးခဲ့ရသည် ကို မြင်ရသည်မှာ စိတ်မကောင်းစရာပင်ဖြစ်သည်။
" ပုဏ္ဏားမြောင်းကျုံးနဲ့ တံတားဆိုတာရှိတယ်။ မြောက်ဦးနန်းတော်အရှေ့ခြမ်းကို
ရန်သူမလာနိုင်အောင်ကာကွယ် ခဲ့တဲ့ကျုံးဖြစ်တယ်။ အဲဒီနေရာမှာ အခုဆိုရင်
စစ်တပ်မိသားစုနေအိမ်တွေ ဆောက်နေတဲ့အတွက် အမွေအနှစ်နေရာကို
ဖျက်ဆီးသလိုဖြစ်နေတယ်။ အဲဒီမှာရှိတဲ့ လေသာတောင်ခံတပ်၊
မြတောင်ခံတပ်တွေကိုလည်း ဖျက်ဆီးနေသလိုဖြစ်နေတယ်။ ပြီးတော့
နန်းတော်ရာကုန်းပေါ်မှာလည်း ရဲတွေက တန်းလျားတိုးချဲ့ နေတာကျတော့မဖြစ်သင့်
ဘူးလို့ယူဆတယ်။ အရပ်ဘက်ကဆိုနှင်ထုတ်ခဲ့တာရှိခဲ့တယ်။ အဲဒီမှာသူတို့ဒီလိုမျိုးတိုးချဲ့လာတာကို ကန့်ကွက်သူ မရှိဖြစ်နေတယ်။အဲဒါကိုလည်း နည်းဥပဒေထွက်လာမှ အရေးယူဆောင်ရွက်ရမှာဖြစ်တယ် ။
နောက်ပြီးတော့ သျှစ်သောင်း ပုထိုးတော်အတွင်းမှာလည်း ပေါ်ပေါ်ထင်ထင်ပဲ
ရှေးဟောင်းပစ္စည်းတွေကို ရောင်းဝယ်နေကြတာကို တွေ့ရတာ
စိတ်မကောင်းဖြစ်မိပါတယ်။ အဲဒါတွေထိန်းဖို့လိုတယ်။ ဒါကတကယ်မဖြစ်သင့်တဲ့
အဖြစ်အပျက် တွေလို့ သုံးသပ်မိပါတယ်" ကွယ်လွန်သွားပြီဖြစ်သော သမိုင်းသုတေသီ
ဆရာကျော်ထွန်းအောင်၏ ဇနီးဖြစ်သူ ရှေးဟောင်းအမွေအနှစ်များ
ကာကွယ်ထိန်းသိမ်းရေးအဖွဲ့ ဥက္ကဌ ဒေါ်ခင်သန်း၏ ပြောစကားများကို
ကြားယောင်လာမိသည်။
ဖျက်ဆီးလိုသူများနှင့် ပြုပြင်ဟန်ဆောင်ကြသူများကို လည်း တွေ့ရသည်။ ထိန်းသိမ်းဟန်ဆောင်ကြသူများ ကိုလည်း တွေ့ရသည်။ ရှေးဟောင်းအမွေအနှစ်ကဲ့သို့ တန်ဖိုးကြီးမားလှသည်မှာ မရှိသတော့ဟုပင် တင်စားထိုက်သော်လည်း ယင်းတို့ကို ဖျက်ဆီးလိုသူတို့၏ နှလုံးသားသည် မွေးရာပါအကြင်အနာတရားမရှိသူ ၊ ဖျက်စီးဖို့သတ်သတ် မွေးဖွားလာသူများလားဟုပင် တွေးတောမိပါသည်။
" ဝေသာလီမှာဆိုရင် ယေဓမ္မာစာတမ်း ထွက်ကျလာတဲ့ကုန်းဟာလည်း လူနေအိမ် အောက်ကိုရောက်ရှိပြီး လုံးဝပျောက်ဆုံးသွားပြီဖြစ် တယ်။
နောက်တစ်ခုက ပြတိုက်ထဲမှာရှိတဲ့ နွားလားဥဿဖ ထွက်ရှိ၊ တွေ့ရှိခဲ့တဲ့
ကုန်းဆိုရင်လည်း အခုအချိန်မှာ အရာတောင်မရှိတော့ဘူး။ ဝေသာလီမှာ
တူဖော်ထိန်းသိမ်းမှုတွေ မရှိတဲ့နေရာတွေကိုလည်းပဲ နည်းဥပဒေထွက်လာမှ
ထိန်းသိမ်းလာမယ်လို့ ကျွန်မထင်တယ်။ နောက်ပြီး ဓည၀တီမြို့ဟောင်းပေါ်မှာ
ဖောက်ချင်တိုင်း ဖောက်နေတဲ့ ဆည်မြောင်းတာတမံတွေကိုလည်း ဥပဒေထွက်လာမှ
တားဆီးနိုင်မှာဖြစ်တယ်"
ဒေါ်ခင်သန်းပြောကြာချက်မျာြး ပန်လည်ကြားယောင်မိတိုင်း မြောက်ဦးသည် လွန်စွာကြည်ကွဲစရာ၊ ၀မ်းနည်းစရားများ နှင့်ပြည့်လျံနေသော ရှေးဟောင်းဇုန်တစ်ခုဖြစ်သည် ကို
တွေးမိကာ ဖော်မပြနိုင်သော ဝေဒနာများစွာကို ရင်မှာမျိုသိပ် ခဲ့ရပြန်သည်။
စာရေးသူ ရင်ထဲတွင် မြတ်နိုးတွယ်တာခဲ့သော မြောက်ဦးသည် ယခုအခါတွင်
မိဘမဲ့ကလေးငယ် တစ်ဦးသဖွယ် အငတ်ငတ်အပြတ်ပြတ်ဖြင့် နုံချာနေသည်ကိုတွေ့ရသည်။
ရခိုင်ကို ကမ္ဘာကသိစေနိုင်သော အချက်မှာမြောက်ဦးဖြစ်သည်။ ယင်းအတွက်မြောက်ဦးသို့ နိုင်ငံခြားဧည့်သည်များ နှစ်စဉ်လာရောက် လည်ပတ်လေ့လာခဲ့ကြသည်။ ရှေးဟောင်းအမွေအနှစ်များကို
မှတ်တမ်းတင်ကြသည်။ သို့သော် လည်း တိမ်မြုပ်ပျောက်ကွယ်နေသော
အကြောင်းအရာပေါင်း မြောက်များစွာ ထုတ်ဖော်မပြနိုင်သည်မှာ
အားနည်းချက်များစွာပင်ဖြစ်ေ ပမည်။ နိုင်ငံတကာအသိအမှတ်ပြု ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ဇုန် တစ်ခုဖြစ်လာရေးနှင့် ရှေးဟောင်းယဉ်ကျေးမှုဇုန်ဖြစ်လာရေးမှာလည်း အရေးပါလှသော ကိစ္စရပ်များပင်ဖြစ်ပေသည်။ မကြာသေးမီ ကာလအတွင်းက ရှေးဟောင်းအမွေအနှစ်ဇုန်နှင့် ပတ်သက်ပြီး ဥပဒေတစ်ရပ်ကို ရခိုင်ပြည်နယ်လွှတ် တော်သို့တင်သွင်းရန် ရေးဆွေးခဲ့ကြကြောင်းသိရသည်။ ယင်းသို့ ရေးဆွဲရာတွင်လည်း ပညာရှင်များဖြစ်သည့် သမိုင်းသုတေသီများ၊ သမိုင်းပညာရှင်များကို ဖိတ်ခေါ်ဆွေးနွေးခဲ့သည်ကိုလည်း သိရသည်။ ဥပဒေနည်းဥပဒေများပေါက် ပေါက်လာပါက မြောက်ဦးသည် တစ်နည်းတစ်ဖုံပြောင်းလဲ လာနိုင်မလားဟုပင် မချင့်မရဲတွေးမိပါသည်။
ရှေးဟောင်းနယ်မြေအတွင်း ရထားလမ်းဖောက်လုပ်သဖြင့် ဒေသခံများက ကန့်ကွက်ခဲ့သည်များကိုလည်း သိရသည်။
ယင်သို့ကတ်ကွက်လိုက်သည့်အတွ က်လည်း ရထားလမ်းဖောက်လုပ်ခြင်းကို ယာယီရပ်တန့်ထားသည်ဟုဆိုသည်။
ကောင်းအောင်လုပ်သူနှင့် အလုပ်ကောင်းသူများကိုလည်း ခွဲခြားသိနိုင်ပေသည်။
ဖြစ်ချင်သည်ဖြစ် ကိုယ့်နှင့်မဆိုင်ဟု သဘောထားကာ လုပ်ချင်သည်များကို
ယခင်ကလည်း လုပ်ခဲ့ကြပြီးဖြစ်သည်။ ယခုအခါတွင်လည်း ထပ်မံလုပ်ဆောင်
နေကြမည်ဆိုလျင် မြောက်ဦးဇုန်သည် ကွယ်ပျောက်သွားမည့်အနေအထားသို့ ရောက်သွားသည်ဖြစ်သဖြင့် ထိန်းသိမ်းလိုသူများက ကြိုးစားနေကြဆဲဖြစ်သည်ကိုလည်း ကြားသိရသဖြင့် ၀မ်းသာရပြန်သည်။
မြောက်ဦးရှိ ရှေးဟောင်းအမွေအနှစ်များစွာ ကို လေ့လာကြည့်ရှုစဉ်ကာလအတွင်း အကောင်းပြောသူနှင့်အပြော ကောင်သူများကိုလည်း တွေ့ခဲ့ရသည်။ ဘုရားထက်ကြီးသူများကိုလည်းေ တွ့ခဲ့ရသည်။ ဘုရားကို ရှေ့တန်းတင်ပြီး နောက်ကွယ်တွင် စီးပွားရှာသူများကိုလည်းတွေ့ ရသည်။
ထို့အပြင် တစ်ချို့သော စေတီဘုရားပုထိုးများ၌ ဘုရား က ပင်
အကြွေးပေးရန်ရှိသည့်အလား ဘုရားထံမှရရန်ကျန်ငွေအဖြစ် ရေးသားထားသော
ငွေစာရင်းများကိုလည်း တွေ့ ရပြန်သည်။ လုံးဝမဖြစ်သင့်သော
အကြောင်းအရာများစွာသည် ရင်နှင့်မဆန့်အောင် တနင့်တပိုးရရှိခဲ့ပါသည်။
မြောက်ဦးသည် အပြင်သဏ္ဍာန်အားဖြင့် ဖြစ်မြဲတရားဟု တွေ့မြင်နိုင်သော်လည်း မမြင်နိုင်သော ခြိမ်းခြောက်မှုများစွာတို့သ ည်
မြောက်ဦးဇုန်ကို တွန်းအားပေးနေသကဲ့သို့ ခံစားရသည်။ ချောက်နက်ကြီး
တစ်ခုထဲသို့ ကျရောက်နေခြင်း မဟုတ်သည့်တိုင် ကယ်တင်ရမည့် အနေအထားများကို
မြင်ရသည်။ မြောက်ဦး၏ လိုအပ်ချက်များကို ဖြည့်စွက်ပြီး
ကောင်းအောင်လုပ်ဆောင်ရမည်။ တစ်စုံတစ်ခုသော အကြောင်းအရာထဲသို့
နစ်မြုပ်နေခြင်းမှ ကာကွယ်ရန်လိုသည်။ ကယ်ဆယ်ရန်လိုအပ်နေသည်ကို မည်သူမျှ
ငြင်းနိုင်မည်မထင်ပေ။
လည်ပတ်ခဲ့သော ဘုရားပုထိုးများသို့ ရောက်ရှိတိုင်း ကြည်နူးခဲ့ရသော်လည်း ဘုရားမှအပြန်တွင် စိတ်မကောင်းခြင်း များစွာတို့သည် ခြေလှမ်းတိုင်း၌ပင် ကပ်ငြိပါလာခဲ့သည်ဟု ထင်မိသည်။ ထင်ရှားကျော်ကြားလှသော ရှေးဟောင်း အမွေအနှစ်နယ်မြေသို့ သုံးရက်ခန့်ရှောက်ရှိလည်ပတ် ခဲ့သော ကာလတို့သည် မမေ့နိုင်သော အချိန်ကာလများပင် ဖြစ်ချေမည်ဟုခံစားမိပါသည်။
နံနက်စောစော မြောက်ဦးမှ အမြန်ယာဉ်ထွက်ခွါသည်။ ချောင်းအကွေ့အကောက်များစွာကို
ဖြတ်သန်းမောင်းနှင်လာသော အမြန်ရေယာဉ်ပေါ်မှ မြောက်ဦးကို ပြန်ကြည့်နေမိသည်။
ကယ်တင်သူကိုမျှော်နေသော မြောက်ဦးသည် မိမိအားလက်ပြနုတ်ဆက်ခြင်းထက်
လက်ယပ် ခေါ်နေသကဲ့သို့ ခံစားမိသည်။ ဘေးရန်အပေါင်းမှ ကင်းဝေးရန်လိုအပ်နေသော
မြောက်ဦး၊ ကယ်တင်ရန်လိုအပ်နေသော မြောက်ဦးသည် မိမိနှင့် တဖြေးဖြေးဝေးကွာ
ကျန်ရစ်ခဲ့သော်လည်း မေးခွန်းပေါင်းများစွာ မေးနေသယောင်
ပင်ထင်မြင်နေမိပါတော့သည်။
http:// www.arakantimes.net/ burmese/index.php/ 2013-03-09-12-24-10/ 712-2014-09-01-09-29-49
နှစ်အတော်ကြာကွဲကွာနေခဲ့သော
မြောက်ဦးနယ်မြေမှာ ခြေချလိုက်သည်နှင့် စိတ်က အလိုလိုလန်းဆန်းတက်ကြွလာမိသ
မိတ်ဆွေ အပေါင်းအသင်းများစွာရှိသဖြင
" မရဘူးကွ၊ ဒီချောင်းက ဘယ်တော့မှ သန့်ရှင်းသွားမှာမဟုတ်ဘူး။ ချောင်းထဲကို နေအိမ်တွေက စွန့်ပစ်လို့ရတဲ့ အရာအားလုံး စွန့်ပစ်ကြတော့ ဘယ်လိုလုပ် သန့်ပါတော့မလဲကွာ။ ပြုပြင်ပြောင်းလဲမှုတွေ အများကြီးလုပ်ဖို့လိုသေးတယ်
ဒီရေအတက်အကျရှိသော ချောင်းငယ်ဖြစ်သော်လည်း ညမ်ညမ်းနေသည်မှာ မြို့သူမြို့သားများအတွက်လည
နောက်နေ့များတွင် ရာသီဥတုသာယာလျှင်လည်း မြို့အနှံ့မှ တန်ခိုးကြီးဘုရားများကို သွားရောက်ဖူးမျှော်သည်။ သျှစ်သောင်းပုထိုးတော်၊ မာန် ငါးပါး၊ ထုက္ကန်သိမ်၊ အံတော်သိမ်၊ တို့အပြင် လက်ဆည်ကန်၊ ဦးတော်ဆေးကန်၊ အနူမာကန်၊ တို့အပြင် စေတီပုထိုးများစွာတို့ကိုလည
ကိုးသောင်းပုထိုးတော်မှာ မြို့နှင့်အနည်းငယ်လှမ်းသဖြ
" ဘားဘူဟိန့်ယင့်ဆန်ဟိန့်ယင့်
ထို့နောက် ဝေသာလီမြို့ရိုး၊ ကျူံး၊ ဓည၀တီမြို့ရိုးများ တည်ရှိရာသို့ သွားရောက်လေ့လာကြည့်ရှုခဲ့သည
တစ်ချို့သော်လမ်းများတွင် ဗွတ်ထနေသဖြင့်ဖြစ်သလို ရှောင်ကွင်းသွားလာကြရသည်။ အဝေးပြေးကားဂိတ်ရှေ့တွင်လည်
" မြင်တဲ့အတိုင်းပဲဗျာ ဗွတ်တွေကတော့ မိုးတွင်းဆိုဒီလိုပဲ။ နွေမှာဆိုလည်းဖုံထူတာပေါ့ဗျ
စင်စစ်အားဖြင့် မြောက်ဦးသည် သမိုင်းအမွေအနှစ်မြို့တော် တစ်ခုဖြစ်သည့်အပြင် ယာဉ်မှုနယ်မြေတစ်ခုလည်းဖြစ် သည်ကိုသတိထားမိသည်။ ရခိုင်သမိုင်းဆိုင်ရာ အထောက်အထားတစ်ခုလည်းဖြစ်သည်
" သမိုင်းဆိုတာ တန်ဖိုးထားမှ တန်ဖိုးရှိတာကွ။ တန်ဖိုးမထားရင် တန်ဖိုးကျဆင်းသွားမယ်။ ရခိုင်လူမျိုးတွေအတွက် မြောက်ဦးနယ်မြေဟာ အဖိုးမဖြတ်နိုင်တဲ့ ဒေသတစ်ခုပါပဲ " ဟု သမိုင်းဆိုင်ရာ လေ့လာလိုက်စားသူ အသက်အရွယ် ကြီးရင့်နေပြီဖြစ်သော အဘိုးကြီးတစ်ဦးကပြောသည်။ မှတ်သားစရာ ကောင်းလှသော စကားပင်ဖြစ်ပါသည်။လွန်စွာ မှန်ကန်သော စကားဖြစ်သည်ဟု ခံစားမိသည်။
လက်ရှိအနေအထားတွင် သမိုင်းဆိုင်ရာ အမွေအနှစ်ဒေသဖြစ်သည့်အတွက် မီးရထားလမ်းဖောက်လုပ်ခြင်းန
နှစ်ပေါင်းများစွာ ထိန်းသိမ်းစောင့်ရှောက်လာခဲ
"ကိုယ့်အမြင်နဲ့ကိုယ်ပေါ့ဗျ
လက်ရှိမြောက်ဦးအခြေအနေသည် ပြုပြင်ထိန်းသိမ်းမှုများစွာ
တစ်ချို့သော စေတီပုထိုးများတွင် ဖောက်ထွင်းခံထားရမှုများကိုလ
" ပုဏ္ဏားမြောင်းကျုံးနဲ့ တံတားဆိုတာရှိတယ်။ မြောက်ဦးနန်းတော်အရှေ့ခြမ်
ဖျက်ဆီးလိုသူများနှင့် ပြုပြင်ဟန်ဆောင်ကြသူများကို
" ဝေသာလီမှာဆိုရင် ယေဓမ္မာစာတမ်း ထွက်ကျလာတဲ့ကုန်းဟာလည်း လူနေအိမ် အောက်ကိုရောက်ရှိပြီး လုံးဝပျောက်ဆုံးသွားပြီဖြစ်
ဒေါ်ခင်သန်းပြောကြာချက်မျာြး
ရခိုင်ကို ကမ္ဘာကသိစေနိုင်သော အချက်မှာမြောက်ဦးဖြစ်သည်။ ယင်းအတွက်မြောက်ဦးသို့ နိုင်ငံခြားဧည့်သည်များ နှစ်စဉ်လာရောက် လည်ပတ်လေ့လာခဲ့ကြသည်။ ရှေးဟောင်းအမွေအနှစ်များကို
ရှေးဟောင်းနယ်မြေအတွင်း ရထားလမ်းဖောက်လုပ်သဖြင့် ဒေသခံများက ကန့်ကွက်ခဲ့သည်များကိုလည်း သိရသည်။
ယင်သို့ကတ်ကွက်လိုက်သည့်အတွ
မြောက်ဦးရှိ ရှေးဟောင်းအမွေအနှစ်များစွာ
မြောက်ဦးသည် အပြင်သဏ္ဍာန်အားဖြင့် ဖြစ်မြဲတရားဟု တွေ့မြင်နိုင်သော်လည်း မမြင်နိုင်သော ခြိမ်းခြောက်မှုများစွာတို့သ
လည်ပတ်ခဲ့သော ဘုရားပုထိုးများသို့ ရောက်ရှိတိုင်း ကြည်နူးခဲ့ရသော်လည်း ဘုရားမှအပြန်တွင် စိတ်မကောင်းခြင်း များစွာတို့သည် ခြေလှမ်းတိုင်း၌ပင် ကပ်ငြိပါလာခဲ့သည်ဟု ထင်မိသည်။ ထင်ရှားကျော်ကြားလှသော ရှေးဟောင်း အမွေအနှစ်နယ်မြေသို့ သုံးရက်ခန့်ရှောက်ရှိလည်ပတ်
နံနက်စောစော မြောက်ဦးမှ အမြန်ယာဉ်ထွက်ခွါသည်။ ချောင်းအကွေ့အကောက်များစွာက
http://
0 comments:
Post a Comment