မြောက်ဦးမြို့ ကိုးသောင်းဘုရား ကိုက်(၁၀၀) ကျော်အနီးက ရထားလမ်း ဖြတ်သန်း ဖေါက်လုပ်
(နိရဉ္စရာ- ၇ ဧပြီလ ၂၀၁၄)ရခိုင်တို့ရဲ့ ရှေးဟောင်းမြို့တော်ဖြစ်တဲ့ မြောက်ဦးမြို့ ကိုးသောင်းဘုရား ပုထိုးတော်အနီးကဖြတ်ပြီး အခုအခါ ရထားလမ်း ဖေါက်လုပ်နေတယ်လို့ ဒေသခံ မြောက်ဦးလူကြီးတွေက နိရဉ္စရာကို သတင်းပေးပို့လာပါတယ်။
ခု ဖေါက်လုပ်နေတဲ့ ရထားလမ်းဟာ ကိုးသောင်းဘုရားပုထိုးတော်ကြီး
ရှေးဟောင်းကိုးသောင်း ပုထိုးတော်နဲ့ အနီးကပ် ရထားလမ်းဖေါက်လုပ်နေတဲ့အခြေအေ
“ ကိုးသောင်းနဲ့သိပ်နီးကပ်တယ်။ ကိုးသောင်းရဲ့အစနဲ့ ပေပေါင်း ၁၈၀ဘဲကွာတယ်။ +++ ကုမ္ပဏီက ဖေါက်လုပ်နေတယ်။ စစ်တွေ-မင်းဘူး ရထားလမ်းဖြစ်တယ်။ အဆောက်ဦးက ရထားဖြတ်ရင် Vibration တုန်ခါမှုနဲ့ ပြသနာရှိနိုင်တယ်။ အဆောက်အဦးက အစကတည်းက ယိုင်နဲ့နေတာဖြစ်တယ်။ အဆောက်အဦးနဲ့ သိပ်နီးကပ်ပြီး ရထားလမ်းဖောက်တဲ့အတွက် ပုထိုးတော်ကြီးကို ထိခိုက်နိုင်ပါတယ်” လို့ ဆိုပါတယ်။
ကိုးသောင်းပုထိုးတော်ကြီး အတွင်း ဆင်းထုတော် ကိုးသောင်းကိန်းဝပ်စံပယ်တဲ့ အတွက် ကိုးသောင်းပုထိုးတော်ကြီးလို့ ခေါ်ဝေါ်တာ ဖြစ်ပြီး ရခိုင်ဘုရင် မင်းဗာကြီးရဲ့သား မင်းတိက္ခာက အေဒီ ၁၅၅၃-၁၅၅၅ ခုနှစ်တွင် တည်ထားခဲ့ပါတယ်။
အခုလို ကိုးသောင်းပုထိုးတော် အနီးမှ ဖြတ်သန်းပြီး ရထားလမ်းဖေါက်နေတာကြောင့် ဒေသခံများ အကြားစိုးရမ်မူများလည်း တိုးပွားနေပြီး အထက်ကို တိုင်ကြားဖို့ စီစဉ်နေတယ်လို့လည်း သူမက ပြောပါတယ်။
“ အခုကျမတို့မြောက်ဦး ရှေ့ဟောင်ဉ် ကျေးမှူး အမွေအနှစ် ထိမ်းသိမ်းရေးအဖွဲ့ဆိုပြီး မြောက်ဦး မြို့သူမြို့သားတွေနဲ့ ဖွဲ့ထားပါတယ်။ အဲဒီအဖွဲ့ အ စည်းအဝေးဆုံးဖြတ်ချက်နဲ့ အထက်ကို စာတင်ဖို့ လုပ်နေပါတယ်။ ဒီကနေ့ ကွန်ပျူတာ ရိုက်နေကြပါတယ်” လို့ ဆိုပါတယ်။
ရထားလမ်းကို တခြားနေရာက ဖေါက်လုပ်၍ ရပါလျှက် ကိုးသောင်းပုထိုးတော်အနီးက ဖြတ်သန်း ဖေါက်လုပ်နေတဲ့ အပေါ် သူ့အမြင် ကိုလည်း ယခုလိုပြောပါတယ်။
“ ယဉ်ကျေးမူ ဇုန်ထဲက အဝေးပြေးလမ်းဖောက်ပိုင်ခွင့်မရှ
အခုလို ကိုးသောင်းပုထိုးတော်ကြီး အနီးမှ ရထားလမ်း ဖေါက်လုပ်နေခြင်းနဲ့ ပတ်သက်ပြီး မြောက်ဦးရှေးဟောင်း ယဉ်ကျေးမူ ဦးစီးဌာနသို့ ဆက်သွယ်သော်လည်း ဖြေကြားမည့်သူ မရှိတဲ့ အတွက် အဆက်အသွယ် ရရှိခဲ့ခြင်း မရှိခဲ့ပါ။
0 comments:
Post a Comment