We will collect News, Info and so forth concerning 'Burmese Govt.Railroad Project' that will be through the historical inportant town of mrauk-U in Arakan Kingdom.

Burmese Govt. Destroying Our Arakanese Historical Heritage of Mrauk-U in Arakan Kingdom

Scrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image GeneratorScrolling MySpace Image Generator

Friday, May 23, 2014

မြို့တော်ဟောင်းကိုဖြတ်၍ ဖောက်လုပ်သော ရထားလမ်းကိစ္စ ဝန်ကြီးအဖွဲ့ ဒေသခံများနှင့်တွေ့ဆုံ ရထားလမ်းဖောက်လုပ်ခြင်းအား မြောက်ဦးမြို့ခံများ ကန့်ကွက်

မြို့တော်ဟောင်းကိုဖြတ်၍ ဖောက်လုပ်သော ရထားလမ်းကိစ္စ ဝန်ကြီးအဖွဲ့ ဒေသခံများနှင့်တွေ့ဆုံ
ရထားလမ်းဖောက်လုပ်ခြင်းအား မြောက်ဦးမြို့ခံများ ကန့်ကွက်

ဦးတက်ခါး (ကွန်းတောင်) ( မေလ ၂၃ရက်၊ ၂၀၁၄)

ရခိုင်ပြည်ရှိ မြို့တော်ဟောင်း
များကိုဖြတ်၍ ဖောက်လုပ်လျက်ရှိ သော စစ်တွေ- မင်းဘူး ရထားလမ်း ကိစ္စနဲ့ ပတ်သက်၍ ပြန်ကြားရေးဝန် ကြီး ဦးကျော်သိန်း၊ သယ်ယူပို့ဆောင်
ရေးဝန်ကြီးဦးလှဟန်၊ ရထားလမ်းအင် ဂျင်နီယာချုပ်၊ စစ်တွေ ရှေးဟောင်း သုတေသနညွှန်ကြားရေးမှူးတို့မှ မေ လ ၁၆ ရက်နေ့က မြောက်ဦး မြို့ခံလူထု နှင့် တွေ့ဆုံကာ သဘော ထားချက်များ ကို ရယူခဲ့ကြောင်းသိရသည်။

အဆိုပါ ရထားလမ်းမှာ ဓညဝတီ၊ ဝေသာလီ၊ မြောက်ဦး မြို့တော်ဟောင်း တို့ကို ဖြတ်၍ ဖောက်လုပ်ခြင်းဖြစ်ရာ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်
များ ပျက်စီးနေသဖြင့် ယင်းသို့ဖြတ် လျက် ဖောက်လုပ်ခြင်းအား မြောက်ဦး မြို့ခံလူထုက ကန့်ကွက်ကြောင်းကို ဝန်းကြီးများနှင့် တွေ့ဆုံစဉ် ပြောကြား လိုက်ခြင်း ဖြစ်သည်။

ထိုသို့ ကန့်ကွက်ခဲ့ကြောင်းကို မြောက်ဦးမြို့ခံ ဦးမောင်ကျော်ဇောက “ရထားလမ်းဟာမြို့တော်ဟောင်းသုံး မြို့ကို မဖြတ်ဘဲ လွတ်လွတ်ကင်းကင်း ဖောက်လို့ရပါလျက်နဲ့ မြို့တော်အ လယ် ဗဟိုတည့်တည့်က ဖြတ်ပြီး ဖောက် လုပ်နေတာဟာ ရည်ရွယ်ချက် ရှိရှိနဲ့ ပျက်စီးအောင် လုပ်နေတယ်လို့ ယူဆရဖို့ ဖြစ်နေပါတယ်။ဒီ ရထားလမ်း စီမံကိန်းအားလုံးကို ကျွန်တော်တို့ဆန့် ကျင်တာမဟုတ်ပါ။

ဒီမြို့တော် ဟောင်း တွေကို မဖြတ်ဘဲနဲ့ ရထားလမ်းဘယ် လောက်ဖောက်မလဲ ဖောက်လို့ရပါ တယ်။ အခုလုပ်နေတဲ့အနေအထားက ရှေးဟောင်း အမွေအနှစ်တွေကိုတမင် တကာ ပျက်စီးအောင် လုပ်နေ တယ် ဆိုတာ ထင်ထင်ရှားရှား မြင်နေရပါ တယ်။ ဒါကြောင့် ကျနော်တို့ကန့်ကွက် နေရတာဖြစ်တယ်” ဟု ရခိုင့်အသံသို့ ပြောကြားသည်။

အဆိုပါနေ့က တွေ့ဆုံစဉ် ဝန်ကြီး ဦးကျော်သိန်းက “ပျက်စီးနေတာမှန်ပါ တယ်။ ဒါပေမယ့် ပျက်တာကပျက် သွားပါပြီ ပြန်ပြင်လို့ရတော့မှာ မဟုတ် တော့တာ၊ ပျက်သွားခဲ့တဲ့ဟာတွေကို ပြန်ပြင်ရင် ရှေးခေတ်လက်ရာ ရမှာ မဟုတ်တော့ပါဘူး။ ဒါကြောင့်ပျက်တာ တစ်ခုကို ပျက်ပါစေတော့၊ ရှေ့ဆက် ပြီးတော့သာ လုပ်ကြရအောင်၊ ရထား လမ်းဟာ ရခိုင်ပြည် အတွက်အလွန့် အလွန် အကျိုးရှိတဲ့လမ်းတစ်ခုဖြစ်နေ တယ် ။ဒါကြောင့် ရထားလမ်းကိုလို ချင်ရင်တော့ ရှေးဟောင်း အဆောက် အအုံတွေကို အနည်းနဲ့အများတော့ ထိခိုက်နစ်နာ ခံပေးကြရပါမယ်။တစ်ခု လိုချင်ရင်တော့ တစ်ခုကိုပေးဆပ်ရပါ မယ်။

ဒီဟာက နိုင်ငံတော်အစိုးရ၊ ပြည် နယ်အစိုးရက ရခိုင်ပြည်နယ်အပေါ် အလွန့်အလွန်စေတနာထားပြီးတော့ လုပ်ပေးနေတဲ့ကိစ္စ ဖြစ်တဲ့အတွက် လက်ခံဖို့သင့်ပါတယ်။” ဟု ပြောကြား ခဲ့ကြောင်း ဦးမောင်ကျော်ဇောက ဆို သည်။

“ရထားလမ်းဟာ ကျွန်တော်တို့ ရခိုင်ပြည် သူလူထုကို ထိထိရောက် ရောက် အကျိုးရှိစေဖို့ ကိစ္စတစ်ခု မဟုတ်လို့ မြင်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့မှာ ရှေးခေတ် အဆက် ဆက်ကပင် ခိုင်မြဲတည်တံ့ လာတဲ့ ရှေးဟောင်းယဉ်ကျေးမှုအ ဆောက်အအုံတွေ၊ကမ္ဘာကအသိအမှတ်ပြုထားတဲ့တန်ဖိုးမဖြတ်နိုင်တဲ့ ရှေးဟောင်း ယဉ်ကျေးမှုအဆောက်အအုံတွေနဲ့ ဘယ်လိုမှ မလဲနိုင်ပါဘူး။ရထားလမ်း ကိုလည်းမ လိုချင်ပါ။

ကျွန်တော်တို့ ရှေးဟောင်းပစ္စည်းတွေကို ထိခိုက်ရင် တော်ပါပြီ။” ဟု ဦးမောင်ကျော်ဇောက ရခိုင့်အသံသို့ ဆက်လက်ပြော ကြားခဲ့ သည်။

အဆိုပါတွေ့ဆုံပွဲ၌ မြို့ခံလူထု တစ်ယောက်မှ ရထားလမ်းကိုဆက် လက် လုပ်ဆောင်မယ့်အစီအစဉ်ရှိသ လား၊ မရှိလားဟု မေးရာတွင်ဝန်ကြီး ဦးလှဟန်မှ “အတိအကျ မပြောနိုင် သေးပါ။ ပြည်သူလူထု၏ဆန္ဒကို ကျွန် တော်တို့နား ထောင်တယ်၊ ပြီးတော့ ပြည်နယ်အစိုးရ အစည်းအဝေးလုပ် ပြီးမှ ဆုံးဖြတ်ရမယ်” ဟု ပြောကြားခဲ့ ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံပွဲအား မြို့နယ်ထွေ အုပ်ရုံးတွင် ပြုလုပ်ခဲ့ပြီး ဆွေးနွေးပွဲသို့ တက်ရောက်ရန် လူဦးရေ (၃၀)ခန့် ဖိတ်ကြားထားသော်လည်း မြို့ခံလူထု ၁၀၀ ခန့်တက်ရောက်ခဲ့ကြောင်းလည်းသိရသည်။

Credit: Mrat Noe Thar's Facebook

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More